Home သတင်း ဘာသာ‌ပေါင်းစုံ ‌မေတ္တာပို့ ဆု‌တောင်းပွဲ ကြာအင်းဆိပ်ကြီးမြို့တွင် ဒုတိယကြိမ်ကျင်းပပြီးစီး

ဘာသာ‌ပေါင်းစုံ ‌မေတ္တာပို့ ဆု‌တောင်းပွဲ ကြာအင်းဆိပ်ကြီးမြို့တွင် ဒုတိယကြိမ်ကျင်းပပြီးစီး

2323

‌အောက်တိုဘာ ၁၈ ရက်၊ ၂ဝ၁၇ ခုနှစ်၊ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဒုတိယကြိမ်‌မြောက် ဘာသာ‌ပေါင်းစုံ ‌မေတ္တာပို့ ဆု‌တောင်းပွဲတစ်ခုကို ‌အောက်တိုဘာ ၁၇ ရက်‌နေ့ ည ၆ နာရီအချိန် မြို့‌ပေါ်ရှိ၊ ဇမိခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ ဆု‌တောင်းပွဲကို ကြာအင်းဆိပ်ကြီးမြို့နယ် အမျိုးသားဒီမိုက‌ရေစီအဖွဲ့ချုပ်က ဦး‌ဆောင်ကာ ဒုတိယ အကြိမ် ကျင်းပ ခြင်းဖြစ်ပြီး ဘာသာအချင်းချင်း စည်းလုံးညီညွတ်မှုနှင့် ယုံကြည်ရင်းနှီးမှုရရှိ‌စေရန် ရည်ရွယ် ပြုလုပ်ခြင်းဖြစ်သည်ဟု ဦး‌ဆောင်ကျင်းပသူ ကြာအင်းဆိပ်ကြီးမြို့နယ် ပြည်နယ်လွှတ်‌တော်ကိုယ်စားလှယ် ဦးတင်မျိုးဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “တိုင်းပြည်မှာ ဖြစ်ပျက်‌နေတဲ့ ဘာသာကြီးအသီးသီးက‌နေ ပြဿနာ‌တွေ ရှိခဲ့တယ်။ အမျိုးသားပြန်လည် သင့်မြတ်ဖို့နဲ့ ငြိမ်းချမ်းစွာ‌နေထိုင်နိုင်ဖို့ ရည်ရွယ်ပြီး ကျင်းပတာပါ။ သူ့ဘာသာ၊ ငါ့ဘာသာဆိုပြီး အသွင်မတူမှု‌တွေ က‌နေ ညီညီညွတ်ညွတ်နဲ့ ဆု‌တောင်းပွဲလုပ်ခြင်းအားဖြင့် နို်င်ငံသား‌တွေ အချင်းချင်း ယုံကြည် ရင်းနှီးမှု ရရှိ‌စေပါ တယ်” ဟု ‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဘာသာ‌ရေးပဋိပက္ခဖြစ်ပွားခဲ့ခြင်းမရှိသည့်အပြင် ယ‌နေ့ချိန်ထိ ညီရင်း‌မောင်နှမများကဲ့သို့ အတူ‌နေထိုင်သလို တတိယကြိမ်ဆု‌တောင်းပွဲကို ပြည်နယ်အ‌နေဖြင့် စု‌ပေါင်းကျင်းပသွားမည်ဟု နိုင်ငံ‌ရေး ပါတီတာဝန်ရှိသူထံမှ သိရသည်။

ပြည်‌ထောင်စုကြံ့ခိုင်‌ရေးနှင့် ဖွံ့ဖြိုး‌ရေးပါတီမှ ကြာအင်းဆိပ်ကြီးမြို့နယ် တာဝန်ခံ ဦး‌စောမြဝင်းက “ ဘာသာ တစ်ခုနဲ့တစ်ခု ညီညီညွတ်ညွတ်ရှိဖို့ အဓိကထားပြီးလုပ်တာက ‌ကောင်းတဲ့အစဉ်အလာတစ်ခုပါ။ ကျ‌နော်တို့ မှာ‌တော့ ဘာသာ‌ရေးပဋိပက္ခ မရှိခဲ့ပါဘူး။ ဘာသာ‌ရေးကို ခုတုံးလုပ်ပြီး‌တော့ နိုင်ငံ‌ရေးအမြတ်မထုတ်ဖို့‌တော့ လိုတာ‌ပေါ့‌နော်။ ငြိမ်းချမ်း‌ရေးအတွက်ဆိုရင်‌တော့ ပူး‌ပေါင်း‌ဆောင်ရွက်သွားဖို့ အသင့်ပါ” ဟု ‌ကေအိုင်စီ သို့ ‌ပြောသည်။

ဘာသာ‌ပေါင်းစုံ‌မေတ္တာပို့ ဆု‌တောင်းပွဲကို ‌အောက်တိုဘာ ၁ဝ ရက်‌နေ့ မြန်မာတစ်နိုင်ငံလုံး ကျင်းပခဲ့ရာ ကြာအင်းဆိပ်ကြီးမြို့နယ်တွင်လည်း ကျင်းပခဲ့သလို ဒုတိယအကြိမ်ဆု‌တောင်းပွဲသို့ ဘာသာကြီး ၄ ခုမှ ဘာသာ‌ရေး‌ခေါင်း‌ဆောင်များ၊ နိုင်ငံ‌ရေးပါတီများ၊ အစိုးရဌာနဆိုင်ရာဝန်ထမ်းများနှင့် ‌ဒေသခံပြည်သူ ၂ဝဝ ခန့် တက်‌ရောက်ခဲ့သည်။