Home သတင်း ဒီမိုက‌ရေစီဆိုင်ရာ ကမ္ဘာ့လူငယ်များ‌နေ့ ပထမဦးဆုံးအကြိမ် ကျင်းပ

ဒီမိုက‌ရေစီဆိုင်ရာ ကမ္ဘာ့လူငယ်များ‌နေ့ ပထမဦးဆုံးအကြိမ် ကျင်းပ

2973

‌အောက်တိုဘာ ၂ဝရက်၊ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

မြန်မာနိုင်ငံလုံးဆိုင်ရာ ‌ကျောင်းသားလူငယ်များ ကွန်ဂရက်(SYCB) ဦးစီးမှုဖြင့် ဒီမိုက‌ရေစီအ‌ရေးတွင် ပါဝင်ပြီး ‌ဘေးဒုက္ခ ကြုံ‌တွေ့ ‌နေရသည့် တစ်ကမ္ဘာလုံးရှိ ‌ကျောင်းသားလူငယ်များအတွက် စိတ်ဓာတ်ခွန်အားရရှိ‌စေ‌ရေးနှင့် ၎င်းတို့အား ဂုဏ်ပြုသည့် အခမ်း အနားတစ်ရပ်ကို ‌အောက်တိုဘာလ ၁၈ရက်‌နေ့က ရန်ကုန်မြို့ Orchid Hotel တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားမှာ လူငယ်အဖွဲ့ ၃ဝမှ ပါဝင်တက်‌ရောက်ပြီး မြန်မာနိုင်ငံတွင် ပထမဦးဆုံးအကြိမ် စတင်ကျင်းပခြင်းဖြစ်သည့် အပြင် ‌ကျောင်းသားလူငယ်များ နိုင်ငံ‌ရေးတွင် ပိုမိုစိတ်ဝင်စားလာ‌ရေးနှင့် စုစည်းမှုပိုမိုရရှိ‌ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ် ‌ကြောင်းလည်း SYCB အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌စောဂျက်ပစီက ‌ပြောသည်။

၎င်းက “ကျ‌နော်တို့အဖွဲ့က ပြည်တွင်းမှာ ပြန်ဝင်လာပြီး လှုပ်ရှားမှု‌တွေ ပြုလုပ်လာတဲ့‌ပေါ်မှာ အင်အားနည်းရင် မရဘူး။ ဒီလိုလုပ် ခြင်းအားဖြင့် လူငယ်အဖွဲ့‌တွေနဲ့ အချိတ်အဆက်‌တွေ ရလာတယ်။ နိုင်ငံ‌တော်တည်‌ဆောက်တဲ့ အခန်းကဏ္ဍမှာ လူငယ်‌တွေရဲ့ စု‌ပေါင်းအား၊ လူငယ်‌တွေရဲ့ တူညီတဲ့ ‌ခေါင်းစဉ်တစ်ခု‌အောက်မှာ တိုင်းရင်းသားလူငယ် အားလုံး အပြည့်အဝ ပူး‌ပေါင်းပါဝင်သွား နိုင်ဖို့နဲ့ ဒီ‌နေ့မှာကျ‌ရောက်တဲ့ ဒီမိုက‌ရေစီဆိုင်ရာ ကမ္ဘာ့လူငယ်များ‌နေ့ကို ဂုဏ်ပြုခြင်းလည်း ဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ထို့အပြင် အခမ်းအနားတွင် နိုင်ငံ‌ရေး၊ ငြိမ်းချမ်း‌ရေး၊ ပညာ‌ရေးဆိုင်ရာကိစ္စရပ်များကို ‌ဆွေး‌နွေးခဲ့သည့်အပြင် ဒီမိုက‌ရေစီဆိုင်ရာ ကမ္ဘာ့လူငယ်များ‌နေ့အတွက် SYCB မှ ‘စစ်မှန်‌သော ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုများမှသည် ဒီမိုကရက်တစ် ဖက်ဒရယ်ပြည်‌ထောင် စုဆီသို့’ ‌ဆောင်ပုဒ်နှင့် ‌ကျောင်းသားလူငယ်အ‌ရေးအတွက် အချက် ၅ချက်ကို အစိုးရထံ ‌တောင်းဆိုပြီး ‌ကြေငြာချက်တစ်ခု ထုတ် ပြန်လိုက်သည်ဟုလည်း သိရသည်။

ထုတ်ပြန်ချက်တွင် ကဏ္ဍအသီးသီးမှ ‌တောင်းဆိုတိုက်ပွဲဝင်သည့် ‌ကျောင်းသားများကို ဖမ်းဆီးအ‌ရေးယူမှု ရပ်တန့်ရန်၊ ‌ကျောင်း သားနိုင်ငံ‌ရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်‌ပေးရန်၊ စစ်‌ဘေးဒဏ်‌ကြောင့် ဒုက္ခ‌ရောက်သည့် တိုင်းရင်းသား‌ကျောင်းသား လူငယ်များကို ကူညီ‌ဖြေရှင်း‌ပေးရန်၊ ၂၀၀၈ဖွဲ့စည်းပုံ အုပ်ချုပ်ပုံ အ‌ခြေခံဥပ‌ဒေကို ဖျက်သိမ်းပြီး ဖက်ဒရယ်ပြည်‌ထောင်စုကို ‌ဖော် ‌ဆောင်သည့် ဖွဲ့စည်းပုံဥပ‌ဒေ ‌ပေါ်ထွန်းလာ‌စေရန်နှင့် ထိုးစစ်ဆင်မှုကိုရပ်တန့်ပြီး စစ်မှန်သည့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌ပေးရန် စသည့်အချက်များကိုပါ ထည့်သွင်း ‌တောင်းဆိုထားသည်။

ဖွံ့ဖြိုး‌ရေးလူငယ်အဖွဲ့မှ ‌စောလင်းထက်က“ ဒီမိုက‌ရေစီ‌ဒေးဖြစ်တဲ့အတွက် ဒီမြန်မာနိုင်ငံမှာလည်း ကျ‌နော်တို့က တစ်ခါမှ ဒီလိုအ ‌တွေ့အကြုံ‌တွေ မရှိခဲ့ဘူးလို့ ဆိုရမယ်။ အ‌တွေ့အကြုံမရှိတဲ့အတွက် ဒီလိုမျိုးအ‌လေ့အထ‌ကောင်း‌လေး‌တွေက ဘယ်လိုမျိုးရှိလဲ။ ဒီမိုက‌ရေစီဆိုတာက‌တော့ ကျ‌နော့်အမြင်‌ပြောရမယ်ဆိုရင် မတူတဲ့ အ‌တွေးအမြင် အ‌ရောင်အ‌သွေးစုံအားလုံး နားလည်လက်ခံ တယ်ဆိုတဲ့ အသိုင်းအဝိုင်းတစ်ခုကို တည်‌ဆောက်တဲ့‌နေရာမှာ အင်မတန်အ‌ရေးကြီးတယ်”ဟု ‌ပြောသည်။

ဒီမိုက‌ရေစီဆိုင်ရာ ကမ္ဘာ့လူငယ်များ‌နေ့ကို၂၀၀၃ခုနှစ်တွင် နိုင်ငံတကာစုစည်းညီညွတ်မှုကွန်ရက်မှ နိုင်ငံတကာရှိ လူငယ်များအ တွက် ‌ကြွေး‌ကြော်သံနှင့်အတူ ‌တောင်းဆိုခဲ့ပြီး နှစ်စဉ် ‌အောက်တိုဘာလ ၁၈ရက်‌နေ့တွင် ချီတက်ပွဲများဖြင့် ၁၄ကြိမ်တိုင် ကျင်းပ ခဲ့ပြီးဖြစ်‌သော်လည်း မြန်မာနိုင်ငံတွင် ယခုနှစ်တွင်မှ ပထမဦးဆုံးအကြိမ် ဂုဏ်ပြုအခမ်းအနား ကျင်းပပြုလုပ်နိုင်ခြင်းဖြစ်သည်။