Home သတင်း ကြာအင်းဆိပ်ကြီးတွင် ယခုနှစ်အတွင်း မူးယစ်‌ဆေးပြား ၂သိန်း‌ကျော်ဖမ်းမိထား

ကြာအင်းဆိပ်ကြီးတွင် ယခုနှစ်အတွင်း မူးယစ်‌ဆေးပြား ၂သိန်း‌ကျော်ဖမ်းမိထား

3847

‌အောက်တိုဘာ ၂ဝရက်၊ ၂ဝ၁၇ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း ၂၀၁၇ခုနှစ်၊ ဇန်နဝါရီမှ ‌အောက်တိုဘာလထိ မူးယစ်‌ဆေးပြား အလုံး‌ရေ ၂သိန်း‌ကျော်နှင့် ဖမ်းဆီးတရားစွဲဆိုထားသူ ၁၇ဦးထိ ရှိသည်ဟု မြို့နယ်ရဲမှူးဝင်းနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

ကြာအင်းဆိပ်ကြီးတွင် ယခုနှစ်အတွင်း မူးယစ်‌ဆေးဝါးမှု ၁၃မှု၊ ဖမ်းဆီးတရားစွဲဆိုထားသူ ကျား ၁ဝဦး၊ မ ၇ဦး၊ ‌ဆေးပြား(စိတ် ကြွ‌ဆေး)‌ပေါင်း ၂ဝ၄,၂၂၄၊ ICE ‌ရေခဲ ၂၈ ဒသမ ၇၅ ဂရမ်၊ ဘတ်‌ငွေ ၇ဝ,၅၉ဝ၊ ကျပ်‌ငွေ ၃၉၆,၉ဝဝကျပ်၊ ‌မော်‌တော်ယာဉ်တစ်စီး၊ ဆိုင်ကယ် ၃စီးတို့ကို အမှုများနှင့် ဆက်စပ် သိမ်းဆည်း အ‌ရေးယူထားသည်ဟု ရဲမှူးဝင်းနိုင်က ‌အောက်တိုဘာ ၁၇ရက်‌နေ့တွင် ‌ပြောသည်။

၎င်းရဲမှူးက “မူးယစ်‌ဆေးဝါးအမှု ၁၃မှု အ‌ရေးယူထားတယ်။ သတင်း‌ပေးတဲ့အ‌ပေါ်မူတည်ပြီး ဖမ်းဆီးတာ‌တွေ ရှိတယ်‌ပေါ့။ တချို့ ထိန်းချုပ်နယ်‌မြေ အဖွဲ့အစည်းရှိတဲ့‌နေရာမှာ သွားဖို့လာဖို့ အခက်အခဲရှိတယ်။ ‌ကျောင်း၊ ရပ်ကွက်‌တွေမှာ မူးယစ်‌ဆေး အသိ ပညာ‌ပေး ‌ဟော‌ပြောတာရှိတယ်။ သုံးစွဲတဲ့က‌လေး‌တွေ အများပြား မရှိ‌တော့ဘူး။ ရပ်မိရပ်ဖ‌တွေနဲ့‌ပေါင်းပြီး အမြဲ‌စောင့်ကြည့်‌နေ တယ်”ဟု ‌ပြောသည်။

ထို့အပြင် မူးယစ်‌ဆေးဝါး‌စောင့်ကြည့်‌ရေးအဖွဲ့က ‌ဆေးစွဲ‌နေသူများကို ‌ဆေးဖြတ်ရန် ရန်ကုန်တိုင်း‌ဒေသကြီး၊ အင်းစိန်မြို့နယ်ရှိ သက်ဆိုင်ရာ ‌ဆေးရုံသို့ ပို့‌ဆောင်ကာ ကုသခွင့်မှတ်ပုံတင်ထားသူများကိုမှု ဖမ်းဆီးအ‌ရေးယူမှု ပြုလုပ်မည်မဟုတ်ဟု သူက ဖြည့် စွက်‌ပြောဆိုသည်။

ကြာအင်းဆိပ်ကြီး၊ ဝင်း‌ရော်‌ဒေသခံ ‌စောနိုင်နိုင်က “အလုပ်အကိုင်အခွင့်လမ်း နည်းပါးတဲ့အ‌ပေါ်မှာ တစ်ချို့ မိသားစု‌တွေက အဆင်မ‌ပြေလို့ ‌ရောင်းမယ်။ တချို့အလုပ်အကိုင်မရှိ စိတ်ညစ်ပြီး အား‌နေရင် မြင်း‌ဆေး ထိုင်ရှုမယ်ဆိုပြီး ဖြစ်လာတယ်။ မူးယစ် ‌ဆေးဝါး‌ရောင်းဝယ် သုံးစွဲမှုက အရင်တိုင်းပဲ ရှိ‌နေတယ်။ ဒီမှာက ဥပ‌ဒေ အပြည့်အဝ စိုးမိုးမှုမရှိ‌တော့ သက်ဆိုင်ရာ လက်နက်ကိုင် အားလုံး ညှိနှိုင်း‌ဖြေရှင်းမှ ပ‌ပျောက်သွားနိုင်တယ်။ လူငယ်‌တွေထဲဝင်ပြီး ပညာ‌ပေးစည်းရုံးတာ အားနည်းတယ်”ဟု ‌ကေအိုင်စီသို့ မှတ်ချက်ပြု‌ပြောသည်။

ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ၂ဝ၁၆ခုနှစ်အတွင်း မူးယစ်‌ဆေးစွဲလူငယ် ၁ဝဦး‌ကျော်ကို ‌ဆေးဖြတ်စခန်းပို့‌ဆောင်ခဲ့ရကာ ‌ဆေး သုံးစွဲမှု‌ကြောင့်လည်း ‌သေ‌ကြောင်းကြံမှု၊ လူသတ်မှု၊ ဓားခုတ်မှုများ ဖြစ်ပွားခဲ့သည့်အပြင် ထိုနှစ်တွင် မူးယစ်‌ဆေးဝါး အမှု‌ပေါင်း ၂ဝကို အ‌ရေးယူနိုင်ခဲ့သည်ဟု တာဝန်ရှိသူများက ‌ပြောဆိုထားသည်။

သို့‌သော် သက်ဆိုင်ရာအစိုးရနှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများက မူးယစ်‌ဆေးဝါးနှင့် ပတ်သက်၍ အ‌ရေးယူ ‌ဆောင်ရွက်ရာတွင် ထိ‌ရောက်မှုအပိုင်း အားနည်း‌နေ‌သေး‌ကြောင်း ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသခံများက ‌ဝေဖန်‌ပြော ဆို‌နေကြသည်။