Home သတင်း ‌ကျောက်ထုတ်လုပ်ငန်း စစ်‌ဆေးမှုအပြီး ‌နောက်ဆက်တွဲအ‌ခြေအ‌နေ ‌ကျေးရွာအချို့ ထပ်မံစာတင်

‌ကျောက်ထုတ်လုပ်ငန်း စစ်‌ဆေးမှုအပြီး ‌နောက်ဆက်တွဲအ‌ခြေအ‌နေ ‌ကျေးရွာအချို့ ထပ်မံစာတင်

1860

‌အောက်တိုဘာ ၁၉ ရက်၊ ၂၀၁၇ခုနှစ်။ ‌စောခါးစူးညား

ဖားအံမြို့နယ်၌ လုပ်‌ဆောင်‌နေသည့် ‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်းကို အစိုးရကိုယ်စားလှယ်အဖွဲ့မှ သွား‌ရောက် စစ်‌ဆေးခဲ့ပြီး ရပ်ဆိုင်းထား‌ပေးရန် သ‌ဘောထားမှတ်ချက်‌ပေးခဲ့‌သော်လည်း ယင်း‌တောင်၏ အ‌နောက်ခြမ်းတွင် ‌ကျောက်မိုင်းခွဲမှု အချို့ ဆက်လက် လုပ်‌ဆောင်မှုရှိခဲ့သည်ကို ‌နောင်ကျန်အုပ်စုရှိ ‌ကျေးရွာအချို့က ‌အောက်တိုဘာ ၁၇ရက်‌နေ့တွင် အစိုးရထံ ထပ်မံ စာတင်ခဲ့သည်။

‌နောင်ကျန်‌ကျေးရွာအုပ်စုရှိ ‌နောင်ကျန်‌အောက်(‌ဖောက‌လော့်)၊ ‌နောင်ကျန်အထက်(တ‌ဝေါဘီး)၊ ရွာသစ်(တ‌ဝေါ‌သော)နှင့် ဘင် လှိုင်‌ကျေးရွာများက စု‌ပေါင်းကာ နိုင်ငံ‌တော်အကြီးအကဲ သမ္မတ အပါအဝင် ပြည်သူ့လွှတ်‌တော် ဥက္ကဌနှင့် အမျိုးသားလွှတ်‌တော် ဥက္ကဌတို့ထံ လိပ်မူ၍ ဖားအံမြို့စာတိုက်မှတဆင့် ‌ပေးပို့စာတင်ခဲ့ကြခြင်းဖြစ်သည်။

စာတင်ရာတွင် ပါဝင်သည့် ‌နောင်ကျန်‌အောက်ရွာ ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ‌စော‌အေးသိန်း‌ဘော်က “လာစစ်တဲ့ အစိုးရအဖွဲ့က လုပ်ငန်း‌တွေ ရပ်ဆိုင်းထားဖို့ မှာထားပါတယ်။ ဒါ‌ပေမယ့် သူတို့ ပြန်သွားပြီး သုံးရက်‌လောက်မှာ ‌တောင်အ‌နောက်ဘက်ခြမ်းက ‌ကျောက်လုပ်ငန်းမှာ မိုင်း‌ဖောက်တာ ရှိခဲ့တဲ့အတွက် အခုလို စာတင်တာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်းကို စက်တင်ဘာလ ၃ဝရက်‌နေ့က သွား‌ရောက်စစ်‌ဆေးခဲ့သည့် အဆိုပါအစိုးရ ကိုယ်စားလှယ်အဖွဲ့ ပြန်သွားပြီး‌နောက် ‌တောင်အ‌ရှေ့ဘက်ခြမ်းတွင် ‌ကျောက်မိုင်းခွဲမှု ရပ်ဆိုင်းထား‌သော်လည်း ‌တောင်အ ‌နောက်ဘက်ခြမ်း၌မူ ‌အောက်တိုဘာလ (၇)ရက်၊ (၁၀)ရက်နှင့် (၁၄)ရက်‌နေ့တို့တွင် ‌ကျောက်မိုင်းခွဲခဲ့သည်ဟု အစိုးရထံ ‌ပေးပို့ ထားသည့် စာထဲတွင် ‌ဖော်ပြပါရှိသည်။

‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်း၌ လုပ်ငန်းရှင်များအဖြစ် ‌တောင်အ‌ရှေ့ဘက်ခြမ်းတွင် ဦးခင်‌မောင်‌ကျော်နှင့် ‌တောင်အ‌နောက်ဘက်ခြမ်းတွင် ဦးလူခင်တို့က ဆယ်နှစ်‌ကျော်ကြာ လုပ်ကိုင်လာခဲ့‌ကြောင်း ‌ဒေသခံများ၏ ‌ပြောဆိုချက်အရ သိရသည်။

ကရင်ပြည်နယ် ဖားအံမြို့နယ် ‌ကော့ရင်းအထက်(‌ကော့ရိ)‌ကျေးရွာအုပ်စုနှင့် ‌နောင်ကျန်(‌ဖောက‌လော့) ‌ကျေးရွာအုပ်စုအကြား လုပ်‌ဆောင်‌နေသည့် ‌တောင်က‌လေး‌ကျောက်‌တောင် ‌ကျောက်ထုတ်လုပ်ငန်းတွင် ထိခိုက်မှုများရှိသဖြင့် ရပ်တန့်‌ပေးရန် စက် တင်ဘာ ၁၉ရက်‌နေ့ကလည်း ‌နောင်ကျန်‌ကျေးရွာအုပ်စုရှိ ‌ကျေးရွာအချို့ စာတင်ခဲ့‌သေးသည်။