Home သတင်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးပိုမိုပါဝင်နိုင်‌ရေးအတွက် ဆက်လက်ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဟု အမျိုးသမီးဖိုရမ်မှ ထုတ်ပြန်‌ပြောဆို

ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် အမျိုးသမီးပိုမိုပါဝင်နိုင်‌ရေးအတွက် ဆက်လက်ကြိုးပမ်းလုပ်‌ဆောင်သွားမည်ဟု အမျိုးသမီးဖိုရမ်မှ ထုတ်ပြန်‌ပြောဆို

1871

စက်တင်ဘာ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

ငြိမ်းချမ်း‌ရေးဖြစ်စဉ်နှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုလုပ်ငန်းစဉ်များတွင် အမျိုးသမီးများ ပါဝင်မှုနည်းပါး ‌နေ‌သေး သည့် အတွက် လက်ရှိပါဝင်သည့်အ‌ခြေအ‌နေများထက် ပိုမိုပါဝင်လာနိုင်‌ရေး ဆက်လက်လုပ်‌ဆောင်သွားမည်ဖြစ် ‌ကြောင်းTogether For Peace ‌ခေါင်းစဉ်ဖြင့် ဖားအံမြို့တွင် ၃ ရက်တာ ကျင်းပပြုလုပ်သည့် အမျိုးသမီးများ ဖိုရမ်က ထုတ်ပြန်‌ပြောဆိုသည်။

ပြည်နယ်နှင့်တိုင်း ၁၄ ခုမှ အမျိုးသမီးအ‌ရေးလှုပ်ရှား‌နေသည့်အဖွဲ့အစည်းများအပြင် တိုင်းရင်းသားအမျိုးသမီး အဖွဲ့ အစည်းများပါဝင်သည့် အဖွဲ့အစည်း‌ပေါင်း ၃၇ ဖွဲ့မှ လူဦး‌ရေ ၄၀ဝ ‌ကျော် တက်‌ရောက်ခဲ့သည့် အမျိုးသမီး ဖိုရမ်အပြီး သတင်းစာရှင်းလင်းပွဲတွင် အမျိုးသမီးများအဖွဲ့ချုပ်(မြန်မာနိုင်ငံ) (WLB)မှ အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ‌လွေးပိုးငယ်က ယခုလို ‌ပြောဆိုလိုက်ခြင်းဖြစ်သည်။

“ ဥပမာ ပင်လုံညီ လာခံလိုမျိုးမှာ ဆိုရင် အမျိူးသမီးရာခိုင်းနှုန်းက ၁၇ ရာခိုင်နှုန်းပဲရှိ‌သေးတယ်။ မြန်မာပြည်မှာ လူဦး‌ရေ ထက်ဝက်‌ကျော်က အမျိုးသမီးဖြစ်တယ်။ အဲဒီပါဝင်တဲ့ ၁၇ ရာခိုင်နှုန်း‌တောင်မှ အမျိုးသမီး‌တွေအ‌နေနဲ့ ဘာမှ‌ပြော‌ရေး ဆို ခွင့်မရှိတဲ့ ‌လေ့လာသူ‌တွေ အဖြစ်သာ ပါဝင်ရတယ်။ အဲဒီအတွက် ဒီထက်ပိုမိုပါဝင် လာနိုင်‌အောင်ဆက်လက်ကြိုးစားလုပ် ‌ဆောင်သွားမယ်”ဟု ၎င်းက ‌ပြောသည်။

သုံးရက်တာ ကျင်းပပြုလုပ်သည့် အမျိုးသမီးဖိုရမ်တွင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်အတွင်း အမျိုးသမီးပါဝင်မှု၊ အမျိုးသမီးများငြိမ်း ချမ်း‌ရေးနှင့် လုံခြုံ‌ရေးအခြအ‌နေ၊ ပြည်တွင်းပြည်ပရှိ စစ်‌ပြေး‌ရှောင် ဒုက္ခသည်အ‌ခြေအ‌နေ၊ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုပ‌ပျောက်‌ရေး၊ အမျိုးသမီးများ၏ ငြိမ်းချမ်း‌ရေးလှုပ်ရှားမှုနှင့် ငြိမ်းချမ်း‌ရေး ဖြစ်စဉ်တွင် ပါဝင်သည့် အမျိုးသမီး များအ‌တွေ့အကြုံ ဖလှယ်ခြင်းစသည်တို့ ပါဝင်သည်။

တစ်နိုင်ငံလုံး ပစ်ခိုက်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် (NCA) အရ ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲများတွင် အမျိုးသမီး ၃ဝ ရာခိုင်နှုန်းအထိ ပါဝင်နိုင်‌ရေး‌ဖော်ပြထားမှုများရှိ‌သော်လည်း ပါဝင်မှုနည်းပါး‌နေဆဲဖြစ်ပြီး လက်ရှိ မြန်မာနိုငံ၏ ငြိမ်းချမ်း‌ရေး လုပ်ငန်းစဉ်များတွင် အမျိုးသမီးပါဝင်မှု ၁ဝ ရာခိုင်နှုန်းခန့်သာ ရှိ‌သေး‌ကြောင်း အမျိုးသမီးအဖွဲ့အစည်းများ၏ ထုတ်‌ဖော်‌ပြော ဆိုချက်အရ သိရသည်။

“ကျမတို့ အမျိုးသမီး‌တွေ ဒီလိုပိုမိုပါဝင်နိုင်ဖို့ လုပ်‌ဆောင်တဲ့‌နေရာမှာ အချက် ၂ ချက်‌ပေါ်မူတည်တယ်လို့ ကျမ မြင်ပါတယ်။ အဲဒီလိုအမျိူးသမီး ၃ဝ ရာခိုင်နှုန်းပါဝင်နိုင်‌ရေးကို အစုအဖွဲ့လိုက် လက်‌တွေ့ အ‌ကောင်အထည် ‌ဖော်မှုရှိမရှိ ‌စောင့်ကြည့်ပြီး ‌တော့ တကယ်လို့ အားနည်း‌နေတယ်ဆိုရင် ကျမတို့ဆက်လက်တိုက်တွန်းပြီး လိုအပ်တဲ့ကူညီ်မှု‌တွေ လုပ်‌ဆောင်မယ်။ ‌နောက်တစ်ခုက ဒီလိုပါဝင်နိုင်ဖို့ နိုင်ငံ‌တော်အဆင့် မဟာဗျူဟာ‌တွေ ‌ရေးဆွဲချမှတ်ပြီး အ‌ကောင်အထည်‌ဖော်သွားနိုင်မယ် ဆိုရင် အမျိုးသမီးပါဝင်မှု ပိုမိုရရှိလာလိမ့်မယ်လို့မြင်ပါတယ်” ဟု ‌လွေးပိုးငယ်က ဆက်‌ပြောသည်။

ထို့အတူ အစိုးရနှင့်သက်ဆိုင်သည့် ကဏ္ဍများတွင် သာမက တိုင်းရင်းသားလက်နက်ကို ‌တော်လှန်‌ရေးအဖွဲ့အစည်း EAOs များတွင်လည်း အမျိုးသမီးပါဝင်မှုနည်းပါး‌နေ‌သေးသလို လက်ရှိ NCA လက်မှတ်‌ရေးထိုးထားပြီး အစဉ်အလာရှိသည့် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး အဖွဲ့အစည်းထဲတွင်ပင် ၎င်းတို့ ၁၆ ကြိမ်‌မြောက်ကွန်ဂရက် ‌ရွေးချယ်တင်‌မြှောက်မှုအရ KNU ဗဟို‌ကော်မတီ ၅၅ ဦးထဲတွင် အမျိုးသမီး ၅ ဦးသာပါဝင်‌နေ‌သေးသည်ဟု သိရသည်။

အမျိုးသမီးများအ‌နေဖြင့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်များတွင်သာမက ကဏ္ဍတိုင်းတွင် အမျိုးသမီးများ ပိုမိုပါဝင်နိုင်‌ရေး နှင့် ပါဝင် ဆုံးဖြတ်ပိုင်ခွင့်ရရှိ‌ရေးအတွက် လိုလား‌နေကြခြင်းဖြစ်ပြီး ထိုသို့ဖြစ်‌ပေါ်လာ‌ရေးအတွက် အမျိုးသမီးများ အဖွဲ့ချုပ်(မြန်မာနိုင်ငံ)အပြင် အခြား‌သော အမျိုးသမီးအ‌ရေးလှုပ်ရှား‌နေသည့် အဖွဲ့အစည်းအသီးသီးများမှ ကြိုးပမ်းလုပ်‌ဆောင် လုပ်‌ဆောင်‌နေမှုများ လည်းရှိ‌နေသည်။

ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့ (KWEG) ဒါရိုက်တာ ‌နော်သက်သက်ထွန်းက“ကျမတို့ လုပ်‌နေတဲ့ CSO level မှာဆိုရင်‌တော့ ကရင်ပြည်နယ် မြို့နယ် ၄ မြို့နယ်မှာ အမျိုးသမီးအရည်အ‌သွေး‌တွေ လက်ရှိထက် ပိုတိုး တက်‌အောင် လုပ်‌ဆောင်‌ပေးတယ်။ လိုအပ်တာ‌တွေဖြည့်ဆည်း‌ပေးတယ်။ အမျိုးသမီး‌ခေါင်း‌ဆောင်‌တွေကို ‌ဖော်ထုတ် ‌ပေးတယ်။ ငြိမ်းချမ်း‌ရေး ‌စောင့်ကြည့် မှုနဲ့ပတ်သက်ပြီး KWEG အ‌နေနဲ့စွမ်းရည်မြှင့်သင်တန်းပို့ချ‌ပေး တာ‌တွေ လုပ်‌ဆောင်‌နေတယ်”ဟု ‌ပြောသည်။

ယမန်‌နေ့က ပြုလုပ်ပြီးစီးခဲ့သည့် Together For Peace အမျိုးသမီးဖိုရမ်မှာ ဖားအံတွင် ပထမဆုံးအကြိမ်ပြု လုပ်ခြင်းဖြစ်ပြီး အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ)(WLB)နှင့် ကရင်အမျိုးသမီးဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့-KWEG တို့မှ ဦး‌ဆောင်ပြုလုပ်ခြင်းဖြစ်သည်ဟု သိရသည်။