Home သတင်း ‌ကျောက်ထုတ်လုပ်ငန်း ရပ်တန့်‌ပေးရန် ‌ကျေးရွာ (၂)ရွာမှ နိုင်ငံ‌တော်သမ္မတနှင့် လွှတ်‌တော်များသို့ စာ‌ပေးပို့

‌ကျောက်ထုတ်လုပ်ငန်း ရပ်တန့်‌ပေးရန် ‌ကျေးရွာ (၂)ရွာမှ နိုင်ငံ‌တော်သမ္မတနှင့် လွှတ်‌တော်များသို့ စာ‌ပေးပို့

2222

စက်တင်ဘာ ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

ကရင်ပြည်နယ်၊ ဖားအံမြို့နယ် ‌ကော့ရင်းအထက်(‌ကော့ရိ)‌ကျေးရွာအုပ်စုနှင့် ‌နောင်ကျန် (‌ဖောက‌လော့) ‌ကျေးရွာအုပ်စု အ ကြားလုပ်‌ဆောင်‌နေသည့် ‌တောင်က‌လေး‌ကျောက်‌တောင် ‌ကျောက်ထုတ်လုပ်ငန်းတွင် ထိခိုက်မှုများရှိသဖြင့် ရပ်တန့်‌ပေး ရန် ယင်း‌ဒေသရှိ ‌တောင်ကုန်း (လယ်‌ကော်ခို့)‌ကျေးရွာနှင့် ‌နောင်ကျန်(‌ဖောက‌လော့)‌ကျေးရွာတို့က နိုင်ငံ‌တော် သမ္မတ၊ ပြည်သူ့လွှတ်‌တော်နှင့် အမျိုးသားလွှတ်‌တော်ထံ လိပ်မူ၍ စက်တင်ဘာ ၁၉ ရက်‌နေ့က တစ်ပြိုင်တည်း စာ‌ပေးပို့ ထားသည်။

‌ဒေသခံများက သဘာဝ‌ကျောက်‌တောင်ကို နဂိုမူလအတိုင်း ထားရှိ‌စေလိုပြီး လက်ရှိ ‌ကျောက်ထုတ်လုပ်ရာ၌ ခွဲမိုင်း‌ကြောင့် ‌တောင်နှင့်နီးသည့် သီတာ‌အေးလှိုဏ်ဂူ ဘုန်း‌တော်ကြီး‌ကျောင်းနှင့် ‌တောင်ကုန်း‌ကျေးရွာများအ‌ပေါ် အကျိုးသက် ‌ရောက်မှုများ ဆက်လက်ဖြစ်‌ပေါ်‌နေ၍ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူများထံ စာတင်ခြင်းဖြစ်‌ကြောင်း ကိုယ်တိုင်သွား ‌ရောက် စာတင်ခဲ့သူ ‌စော‌နေလင်းသိန်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီတစ်‌ခေါက် စာသွားတင်တာ ‌တောင်ကုန်းရွာ‌ကော၊ ‌နောင်ကျန်ရွာ‌ကော တခါတည်းတင်တာ‌ပေါ့‌နော်။ ‌တောင်ကုန်းရွာက ‌ကျောက်လုပ်ငန်း‌ကြောင့် သဘာဝပတ်ဝန်းကျင်၊ ရွာနဲ့ ‌ဒေသခံအ‌ပေါ် ဖြစ်လာတဲ့ အကျိုးသက် ‌ရောက်မှု‌တွေ တင်ပြတယ်။ ‌နောင်ကျန်ရွာက‌တော့ သီတာ‌အေးလှိုဏ်ဂူ ဘုန်းကြီး‌ကျောင်းကိစ္စကို တင်ပြတယ်။ အစိုးရအ‌နေနဲ့ ဒီစာကို အ‌လေး အနက်ထားပြီး ‌ဆောင်ရွက်‌ပေးလိုပါတယ်”ဟု ‌စော‌နေလင်းသိန်းက ‌ပြောသည်။

ထို့အပြင် လက်ရှိ လုပ်‌ဆောင်‌နေသည့် ‌တောင်က‌လေး‌တောင် ‌ကျောက်ထုတ်လုပ်ငန်းတွင် အ‌သေးစား လုပ်ငန်း ဆို‌သော်လည်း အသုံးပြု‌ဖောက်ခွဲ‌နေသည့် ‌ကျောက်မိုင်းသည် အသံကျယ်‌လောင်မှု၊ တုန်ခါမှုများ ရှိ‌နေ‌ကြောင်း၊ ‌နေ့စဉ်ရက်ဆက် ‌ဖောက်ခွဲ‌နေသည့် ‌ကျောက်မိုင်း‌ကြောင့် အနီးရှိ ‌ဒေသခံများအတွက် စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှုများ ရှိ‌နေ‌ကြောင်းနှင့် ‌ဒေသခံများအား စာနာ‌သောအားဖြင့် လုပ်ငန်းအမြန်ဆုံး ရပ်တန့်‌ပေး‌စေလို‌ကြောင်း သူက ဆက်‌ပြောသည်။

ထိုသို့ အစိုးရထံသို့ စာတင်ရာ၌ ဖားအံမြို့ရှိ စာတိုက်မှတစ်ဆင့် သွား‌ရောက်‌ပေးခဲ့ပြီး စာများထဲတွင် ‌တောင်ကုန်း‌ကျေးရွာမှ ‌ဒေသခံ လက်မှတ်‌ပေါင်း ၅ဝ ‌ကျော်နှင့် ‌နောင်ကျန်‌ကျေးရွာမှ ‌ဒေသခံ လက်မှတ်‌ပေါင်း ၂၀ဝ ‌ကျော် ပါဝင်သည်ဟု သိရှိရသည်။

‌တောင်က‌လေး‌ကျောက်‌တောင် ‌ကျောက်ထုတ်လုပ်ငန်း၌ လုပ်‌ဆောင်‌နေသည့် လုပ်ငန်းရှင်များသည် ယခု ၂၀၁၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၃ရက်‌နေ့တွင် လုပ်ကိုင်ခွင့် သက်တမ်းကုန်ပြီဖြစ်‌သော်လည်း ယခုအချိန်ထိ လုပ်‌ဆောင်‌နေသည်ဟုလည်း ‌ဒေသခံများက ‌ပြောဆို‌နေကြသည်။

ယခုကိစ္စအ‌ပေါ် ‌ကော့ရင်းအထက်အုပ်ချုပ်‌ရေးမှူး ‌စော‌ရွှေသိန်းက “လုပ်ငန်းရှင်‌တွေ‌တော့ အစိုးရထံ အ‌သေး စား‌ကျောက်ထုတ်လုပ်ငန်း လုပ်ကိုင်ခွင့်ရဖို့ တင်ထားတာ‌ပေါ့‌နော်။ ဒါ‌ပေမယ့် အခုထိ လုပ်ကိုင်ခွင့် ခွင့်ပြုချက် ကျလာတာ မရှိ‌သေးဘူးလို့ သိရပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌ကျောက်ထုတ်လုပ်ငန်းတွင် လုပ်ငန်းရှင်များအဖြစ် ဦးခင်‌မောင်‌ကျော်နှင့် ဦးလူခင်တို့က ဆယ်နှစ်‌ကျော် လုပ်ကိုင်လာခဲ့ပြီး လုပ်ငန်းအတွင်း ‌ကျောက်မိုင်းခွဲမှု‌ကြောင့် ‌တောင်‌ခြေရှိ လယ်ကွင်းများ ပျက်စီးခြင်း၊ ‌တောင်ကမ်းပါးရှိ သီတာ‌အေးလှိုဏ်ဂူဘုန်းကြီး‌ကျောင်း အ‌ဆောက်အဦးများနှင့် ဘုရားဆင်းတု‌တော်များ ‌ကျောက်ခဲလွှင့်စင်ပျက်စီးခြင်း၊ ‌မြေတုန်ခါခြင်း၊ ‌ဒေသခံများ ထိတ်လန့်ခြင်း၊ ပတ်ဝန်းကျင် ဆူညံခြင်း စသည်တို့ ဆက်လက်ဖြစ်‌ပေါ်လျှက်ရှိသည်ဟု ‌ဒေသခံများက ဆိုသည်။

‌တောင်က‌လေး‌ကျောက်‌တောင် ‌ကျောက်လုပ်ငန်းနှင့် ပတ်သက်၍ ရပ်တန့်‌ပေးရန် ‌တောင်ကုန်း‌ကျေးရွာ ‌ဒေသခံများ၏ စု‌ပေါင်းလက်မှတ်ဖြင့် သက်ဆိုင်ရာ အစိုးရထံသို့ ယခုအကြိမ်အပါအဝင် ‌လေးကြိမ် စာတင်ထားပြီး ‌နောင်ကျန်‌ကျေးရွာမှာမူ နှစ်ကြိမ် စာတင်ထားသည်။