Home သတင်း အီတူးထာ့ IDPs ဒုက္ခသည်စခန်း၌ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနား လူ‌ပေါင်း ‌ထောင်ချီ တက်‌ရောက်

အီတူးထာ့ IDPs ဒုက္ခသည်စခန်း၌ အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အခမ်းအနား လူ‌ပေါင်း ‌ထောင်ချီ တက်‌ရောက်

2201

စက်တင်ဘာ ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

စက်တင်ဘာလ ၂၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ (World Peace Day) အခမ်းအနားကို ကရင်‌ကျောင်းသားများကွန်ရက်(KSNG)နှင့် ကရင်အမျိုးသမီးအစည်းအရုံး (KWO) တို့မှ ဦး‌ဆောင်ပြီး ထိုင်း-မြန်မာနယ် စပ်ရှိ အီတူးထာ့ ပြည်တွင်းစစ်‌ရှောင် IDPs ဒုက္ခသည်စခန်းတွင် ကျင်းပခဲ့ရာ လူဦး‌ရေ ‌ထောင်ချီ ပါဝင် တက်‌ရောက်ခဲ့သည်။

အခမ်းအနားဖြစ်‌မြောက်‌ရေးအတွက် ဦး‌ဆောင်စီစဉ်သူ KSNG ဥက္ကဌ ‌စောထူးထူးက “ ဒီ‌နေရာ(အီတူးထာ့)ကို ‌ရွေးလုပ်ရတဲ့ အ‌ကြောင်းက ငြိမ်းချမ်းမှုမရှိလို့ ‌နေရပ်စွန့်ခွာထွက်‌ပြေး‌နေရတဲ့ ဒုက္ခသည်‌တွေရဲ့ အခက်အခဲကို လူအများက မ‌မေ့‌အောင်၊ လက်ရှိ မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်‌တွေကို ဒီက လူ‌တွေသိရှိ‌အောင်လို့ပါ။” ဟု‌ကေအိုင်စီသို့ ‌ပြောသည်။

ထို‌နေ့ အခမ်းအနားတွင် တက်‌ရောက်လာသူများမှ ‘စစ်မှန်‌သောငြိမ်းချမ်း‌ရေး ချက်ချင်း‌ပေး၊ အတုအ‌ယောင်ငြိမ်းချမ်း‌ရေး အလိုမရှိ၊ ငြိမ်းချမ်း‌ရေးကို အတူတကွ လုပ်‌ဆောင်ကြ’စသည့် ကရင်စာတမ်းများပါ ဆိုင်းဘုတ်များကိုင်ကာ စခန်းတွင်း လှည့်လည် ဟစ်‌ကြွေးခြင်း၊ တာဝန်ရှိသူများမှ ငြိမ်းချမ်း‌ရေးနှင့်ပတ်သက်‌သော အ‌ကြောင်းအရာများအား ‌ဟော‌ပြောခြင်း၊ ဖ‌ယောင်းတိုင်များ ထွန်းညှိကာ ဆု‌တောင်းခြင်း၊ သီချင်းများသီဆိုခြင်းနှင့် ည‌နေပိုင်းတွင် ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးပွဲ ပြုလုပ် ခဲ့ကြသည်။

အခမ်းအနားသို့ ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ စည်းရုံး‌ရေးနှင့် ပြန်ကြား‌ရေးဌာန အတွင်း‌ရေးမှူး ပဒို ‌စောလစ္စ တန်၊ ကရင်အမျိုးသားကာကွယ်‌ရေးတပ်ဖွဲ့ (KNDO)တပ်ရင်း (၁) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ‌စော‌ကျော်မှူးနှင့် တပ်ဖွဲ့ ဝင်များ၊ KSNG၊ KWO၊ ကရင်လူငယ်အစည်းအရုံး (KYO)မှ တာဝန်ရှိသူများ၊ ‌ကျောင်းသူ‌ကျောင်းသားများ၊ ‌ဒေသခံရွာသူ၊ ရွာသားများ၊ အီတူးထာ့စခန်းမှ ပြည်သူများ စုစု‌ပေါင်း လူဦး‌ရေ ၁ဝဝဝ(တစ်‌ထောင်)‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အီတူးထာ့ စစ်‌ပြေး‌ရှောင်စခန်းမှ ‌စော‌ပေါလယ်ကာလီလားမှူးက “ဒီစခန်းထဲက လူ‌တွေဟာ ငြိမ်းချမ်း‌ရေး လိုုလားတဲ့ သူ‌တွေချည်းပါပဲ။ ကျ‌နော်တို့ ‌ခေါင်း‌ဆောင်‌တွေက ငြိမ်းချမ်း‌ရေးကို လုပ်‌နေ‌ပေမယ့် ခုထိ အာမခံ ချက်ရှိတဲ့ ငြိမ်းချမ်း‌ရေးကို မရရှိ‌သေးပါဘူး။ ပြည်သူ‌တွေရဲ့ခံစား‌နေရတဲ့ ဒုက္ခ‌တွေကို ကြည့်ပြီး စစ်မှန်တဲ့ငြိမ်းချမ်း‌ရေးကို လုပ်‌ပေးပါလို့ ‌တောင်းဆို ပါတယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထို့အပြင် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ အထိမ်းအမှတ်အဖြစ် စက်တင်ဘာလ ၁၉ ရက်နှင့် ၂ဝ ရက်‌နေ့များတွင် ‌ဘောလုံး၊ ‌ဘော်လီ‌ဘောစသည့် အားကစားပြိုင်ပွဲများ၊ ၂ဝ ရက်‌နေ့ ညပိုင်းအချိန်တွင် ကျပန်းစကား‌ပြော၊ စကားရည်လုပွဲ၊ စကား စစ်ထိုးပွဲ-Debate စသည့် ငြိမ်းချမ်း‌ရေးနှင့်ပတ်သက်‌သော ပြိုင်ပွဲများအား ပွဲစီစဉ်သူများက ပြုလုပ်‌ပေးခဲ့‌သေးသည်။

ထိုင်း-မြန်မာနယ်စပ် သံလွင်မြစ်ကမ်းနံ‌ဘေးတစ်‌နေရာတွင်ရှိသည့် အီတူးထာ့ ပြည်တွင်းစစ်‌ရှောင် ဒုက္ခသည်စခန်းကို ၂၀၀၆ ခုနှစ်က ‌ကေအဲန်ယူ၊ တပ်မဟာ (၂)နယ်‌မြေအား နိုင်ငံ‌တော် ‌အေးချမ်းသာယာ‌ရေးနှင့် ဖွံ့ဖြိုး‌ရေး‌ကောင်စီ (နအဖ) အစိုးရ တပ်မ‌တော်မှ ထိုးစစ်ဆင်မှု‌ကြောင့် ‌နေရပ်စွန့်ကာ ထွက်‌ပြေးတိမ်း‌ရှောင်လာသည့် စစ်‌ရှောင်ဒုက္ခသည်များ ယာယီ ခိုလှုံနိုင်ရန် ဖွင့်လှစ်ထားခဲ့ခြင်းဖြစ်သည်။

အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို ၁၉၈၂ ခုနှစ်တွင် ပထမဦးဆုံးအကြိမ်အဖြစ် စတင်ကျင်းပခဲ့ပြီး ၂၀၀၁ ခုနှစ်တွင် ကမ္ဘာ့ကုလသမဂ္ဂမှ စက်တင်ဘာလ ၂၁ ရက်‌နေ့အား တရားဝင်ကျင်းပသည့်‌နေ့အဖြစ် သတ်မှတ်ခဲ့သည်။ ယခုနှစ် စက်တင်ဘာလ ၂၁ ရက်‌နေ့တွင် ကျ‌ရောက်သည့် အပြည်ပြည်ဆိုင်ရာ ငြိမ်းချမ်း‌ရေး‌နေ့ကို မြန်မာနိုင်ငံတွင်း ‌နေရာ‌တော်‌တော်များတွင် ကျင်းပခဲ့သလို ကရင်ပြည်နယ်၊ ဖားအံမြို့နှင့် ထိုင်း-မြန်မာနယ်စပ်ရှိ မြန်မာ ဒုက္ခသည်စခန်းများတွင်လည်း အခမ်းအနားဖြင့် ပြုလုပ်ကျင်းပခဲ့သည်ဟု သိရသည်။