Home သတင်း ကရင်အာဇာနည်ဗိမာန် တည်‌ဆောက်ရန် KNU ဆုံးဖြတ်

ကရင်အာဇာနည်ဗိမာန် တည်‌ဆောက်ရန် KNU ဆုံးဖြတ်

2354

စက်တင်ဘာ ၅ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

ကရင့်အာဇာနည်‌ခေါင်း‌ဆောင် ‌စောဘဦးကြီးကဲ့သို့ ကရင်‌တော်လှန်‌ရေးတစ်‌လျှောက်တွင် အသက်‌ပေးဆပ်ခဲ့ကြသူများအား ဂုဏ်ပြု‌သောအားဖြင့် ကရင်အာဇာနည်ဗိမာန် တည်‌ဆောက်ရန် ၃ကြိမ်‌မြောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီအစည်းအ‌ဝေးတွင် ဆုံးဖြတ်လိုက်‌ကြောင်း သိရသည်။

ဩဂုတ်လ ၃၁ရက်မှ စက်တင်ဘာလ ၂ရက်‌နေ့အထိ ပြုလုပ်ခဲ့‌သော အဆိုပါအစည်းအ‌ဝေးတွင် ကရင်အာဇာနည်ဗိမာန် တည် ‌ဆောက်ရာ၌ အဆင်‌ပြေရန်အတွက် ဖြစ်‌မြောက်‌ရေး‌ကော်မတီကိုပါ ဖွဲ့စည်းလိုက်‌ကြောင်း ‌ကေအဲန်ယူ၏ တွဲဖက် အ‌ထွေ‌ထွေအ တွင်း‌ရေးမှူး(၂) ပဒို‌စောလှထွန်းက စက်တင်ဘာလ ၄ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

“ကရင်လက်နက်ကိုင်‌တွေ ထိန်းချုပ်တဲ့‌နေရာမှာလည်း ဖြစ်တယ်။ တစ်မျိုးသားလုံးနဲ့ သက်ဆိုင်တဲ့အတွက်လည်းဖြစ်လို့ စည်းလုံး ညီညွတ်‌ရေးကို အ‌ခြေခံပြီး‌တော့ ကရင့်အမျိုးသားအာဇာနည်အဖြစ် သတ်မှတ်ခဲ့သူ ‌စောဘဦးကြီး ကျဆုံးခဲ့တဲ့ (‌ကော့ကရိတ်မြို့ နယ်) ထို့‌ကော်ကိုး‌နေရာမှာပဲ ‌ဆောက်လုပ်ဖို့ သတ်မှတ်ထားတယ်။”ဟု ‌ပြောသည်။

လိုအပ်သည့်လုပ်ငန်းစဉ်များ စီစဉ်‌ရေးဆွဲရန် ဖြစ်‌မြောက်‌ရေး‌ကော်မတီမှ သီးသန့် ပြန်လည်၍ အစည်းအ‌ဝေးများ ပြုလုပ်သွားရ မည်ဖြစ်ပြီး ကရင့်လက်နက်ကိုင်များ၊ ပါဝင်သင့်ပါဝင်ထိုက်‌သောသူများနှင့်လည်း ‌ဆွေး‌နွေးညှိနှိုင်းပြီးမှသာ မည်သည့်အချိန်၊ မည် သည့်‌နေရာတွင် မည်သည့်ပုံစံမျိုးဖြင့် ‌ဆောက်လုပ်မည်ကို သိနိုင်မည်ဖြစ်‌ကြောင်းလည်း ပဒို‌စောလှထွန်းက ဆက်‌ပြောသည်။

ကရင့်‌တော်လှန်‌ရေးတွင် ‌ပေးဆပ်ခဲ့‌သော အာဇာနည်များအတွက် ဂူဗိမာန်တည်‌ဆောက်လိုက်ခြင်းသည် ‌နေရာ‌ဒေသ၊ အဖွဲ့အ စည်း ခွဲခြားခြင်း မဟုတ်ဘဲ စုစည်းမှု၊ စည်းလုံးညီညွှတ်မှုအားဖြင့် ကရင်အမျိုးသားများ လိုလား‌သော အမျိုးသား‌ရေး ရည်မှန်း ချက်များ ရရှိလာရန်လည်း ‌မျော်မှန်းထား‌ကြောင်း ၎င်းက ဖြည့်စွက်‌ပြောဆိုသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ကရင့်‌ရေးရာ‌ကော်မတီ-KAC ၏ အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက “အခုလို အာဇာနည်‌ခေါင်း‌ဆောင် ‌တွေကို ဂုဏ်ပြုပြီးမှ ဂူဗိမာန်လုပ်တာက အာဇာနည်‌တွေချမှတ်ထားတဲ့ နိုင်ငံ‌ရေးမူဝါဒ၊ လမ်းစဉ်‌တွေကို အမြဲတ‌စေ သတိရပြီး လိုက်နာနိုင်ဖို့အတွက် အ‌ထောက်အကူပြုမှာပါ။ တစ်မျိုးသားလုံးအတွက် ‌ကောင်းမွန်တဲ့ လက္ခဏာဖြစ်လို့ ကျ‌နော်တို့ လက်ခံပါ တယ်။ သို့‌သော် ကရင်လူမျိုး‌တွေသာမက တစ်ကမ္ဘာလုံးကလူ‌တွေ သွားလာရလွယ်‌အောင် ဖားအံလို ‌နေရာမျိုးမှာ လုပ်‌စေချင်ပါ တယ်”ဟု သူ၏အမြင်ကို ‌ပြောသည်။

ကရင်အာဇာနည် ‌စောဘဦးကြီး ကျဆုံးရာ‌နေရာဖြစ်သည့် ‌ကော့ကရိတ်မြို့နယ်၊ ထို့‌ကော်ကိုး‌ကျေးရွာအနီးတွင် အာဇာနည်ဗိမာန် ကြီး တည်‌ဆောက်သွားရန် လျာထားချက်ရှိ‌ကြောင်း၊ လူထုနှင့် အခြားကရင်လက်နက်ကိုင်အဖွဲ့အစည်းများနှင့်လည်း တိုင်ပင်ညှိ နှိုင်း‌ဆောင်ရွက်သွားမည်ဖြစ်‌ကြောင်း ဩဂုတ်လ ၁၂ရက်‌နေ့က ထို‌နေရာတွင် KNU/KNLA-ငြိမ်းချမ်း‌ရေး‌ကောင်စီက ကျင်းပခဲ့ သည့် ၆၇နှစ်‌မြောက် ကရင့်အာဇာနည်‌နေ့တွင် ၎င်းတို့၏‌ခေါင်း‌ဆောင်များက ထုတ်‌ဖော်‌ပြောဆိုခဲ့‌သေးသည်။

ဗိုလ်ချုပ်ကြီး‌စော‌ဌေး‌မောင် ဦးစီး‌သော KNU/KNLA-ငြိမ်းချမ်း‌ရေး‌ကောင်စီသည် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးမှ ၂၀၀၇ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီလတွင် ခွဲထွက်ခဲ့ပြီး ထို့‌ကော်ကိုး‌နေရာ၌ ‌နော်တယာမြို့ကို တည်‌ထောင်ခဲ့ကာ အ‌ခြေစိုက်‌နေခဲ့သည်။

၁၉၅ဝခုနှစ်၊ ဩဂုတ်လ ၁၂ရက်‌နေ့တွင် ကရင်အမျိုးသား‌ခေါင်း‌ဆောင် ‌စောဘဦးကြီးနှင့် ရဲ‌ဘော်ရဲဘက်တချို့ ကျဆုံးသွားခဲ့ သည့် ကရင်ပြည်နယ် ထို့‌ကော်ကိုး‌ကျေးရွာရှိ လယ်တဲ၌ အမှတ်တရအုတ်ဂူများ ‌ဆောက်လုပ်ထားခဲ့ပြီး ယခုကဲ့သို့ အာဇာနည် ဗိမာန်ကိုပါ ‌ဆောက်လုပ်ရန် စီစဉ်လာခြင်းလည်းဖြစ်သည်။

အလားတူ ‌စောဘဦးကြီး ဇာတိရွာဖြစ်သည့် ဧရာဝတီတိုင်း‌ဒေသကြီး၊ ကန်ကြီး‌ထောင့်မြို့နယ် ဘဲဂရက်‌ကျေးရွာတွင် ယခင်နှစ် က အာဇာနည်‌ကျောက်တိုင်ဖွင့်ပွဲ ပြုလုပ်ခဲ့ပြီးဖြစ်သည်။