Home သတင်း ‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ‌ကျေးရွာအုပ်စု ၉ ခုကို အ‌ခြေခံနိုင်ငံ‌ရေး သင်တန်းပို့ချ‌ပေး

‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ် ‌ကျေးရွာအုပ်စု ၉ ခုကို အ‌ခြေခံနိုင်ငံ‌ရေး သင်တန်းပို့ချ‌ပေး

2285

စက်တင်ဘာ ၅ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောခါးစူးညား

‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး ‌ကော့ကရိတ်မြို့နယ်၏ အစီအစဉ်ဖြင့် ‌ဒေသအတွင်း ပြည်သူလူထုများ နိုင်ငံ‌ရေး အသိပညာစွမ်းရည် မြှင့်တင်ရန် ရည်ရွယ်၍ ‌ကော့ကရိတ်မြို့နယ်အတွင်းရှိ ‌ကျေးရွာအုပ်စု (၉)ခုမှ ‌ကျေးရွာအုပ်စု တာဝန်ရှိသူ များနှင့် ‌ဒေသခံများအား စက်တင်ဘာလ ၁ရက်မှ ၅ရက်‌နေ့အထိ အ‌ခြေခံ နိုင်ငံ‌ရေးသင်တန်းတစ်ရပ်ကို ‌ကေအဲန်ယူ ‌ကော့က ရိတ်မြို့နယ်ရုံးတွင် ပို့ချခဲ့သည်။

အဆိုပါသင်တန်းကို ‌ကော့ကရိတ်မြို့နယ်ရှိ ‌ထောဝါး‌လော်၊ အဇင်း(‌ကျော့ထ)၊ ပိုး‌ရေး၊ မိနန်းအပ်၊ မိတန်၊ ကွင်းက‌လေး၊ ကြိတ်၊ လန်းဖားနှင့် အစွန်း(အကျူ့) စသည့် ‌ကျေးရွာအုပ်စုများထဲမှာ အုပ်စုတစ်ခုလျှင် ကိုယ်စားလှယ် (၁၀)ဦးနှုန်းဖြင့် တက်‌ရောက်ခဲ့ ပြီး သင်ကြားပို့ချ‌ပေးသည့် သင်ခန်းစာများနှင့် ပတ်သက်၍ သင်တန်းဆရာဖြစ်သူ ‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီဝင် ပဒို‌စောပိုပိုတူး‌အောင်က ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

“နိုင်ငံ‌ရေးနဲ့ ပတ်သက်ပြီး ‌ဒေသအတွင်းမှာ အလုပ်လုပ်‌နေတဲ့ ကျ‌နော်တို့ လူ‌တွေ နိုင်ငံ‌ရေးအသိအမြင် ပိုမြင့်မားလာဖို့ သင်တန်း ကျင်းပတာ‌ပေါ့။ သင်တန်းမှာ အထူးသဖြင့် ကရင့်‌တော်လှန်‌ရေးသမိုင်း၊ ‌ကေအဲန်ယူရဲ့ လမ်းစဉ်နဲ့ ဖွဲ့စည်းပုံအ‌ခြေခံဥပ‌ဒေ၊ ‌ရှေ့ လုပ်ငန်းစဉ်အပြင် NCA မှာပါတဲ့ သိသင့်သိထိုက်တဲ့ အ‌ကြောင်းအရာ‌တွေ ပို့ချ‌ပေးပါတယ်။ အလားတူ သင်တန်း‌တွေ ကျ‌နော် ဆက်လုပ်သွားဖို့လည်း ရှိပါတယ်”ဟု ‌ပြောသည်။

သင်တန်းတွင် အဆိုပါ ‌ကျေးရွာအုပ်စု (၉)ခုမှ ကိုယ်စားလှယ် (၉၀)‌ကျော် တက်‌ရောက်ကာ သင်တန်းဆရာအဖြစ် ‌ကေအဲန်ယူ ဗဟိုအမြဲတမ်း‌ကော်မတီဝင် ပဒို‌စောပိုပိုတူး‌အောင်၊ ပဒို‌စောလစ္စတန် အပါအဝင် ဆရာ (၄)ဦးက ပို့ချ‌ပေးခဲ့ခြင်းဖြစ်သည်။

ယင်းသင်တန်းသို့ တက်‌ရောက်ခဲ့သည့် အဇင်း‌ကျေးရွာအုပ်စုမှ ကိုယ်စားလှယ်တစ်ဦးဖြစ်သူ ‌နော်ထူးထူးအဲ့က “ဒီလို အ‌ခြေခံ နိုင်ငံ‌ရေးသင်တန်းမျိုးလာတက်တာ ကျမအတွက် ပထမဆုံးအကြိမ်ပါပဲ။ သင်တန်းမှာ အရင်က မသိခဲ့တဲ့ ‌ကေအဲန်ယူ လမ်းစဉ်နဲ့ လုပ်ငန်းစဉ်‌တွေ အများကြီး သိလာတယ်။ အခု သိရှိသွားတဲ့ အရာ‌တွေကိုလည်း ကျမတို့ ‌ဒေသမှာ ပြန်လည်‌ဝေမျှသွားမှာ ဖြစ်ပါ တယ်”ဟု ‌ပြောသည်။

‌ကေအဲန်ယူ ‌ကော့ကရိတ်မြို့နယ်ရုံး၌ ယခုနှစ် ဇွန်လက မြို့နယ်အတွင်းရှိ ‌ကေအဲန်ယူ၏ ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ လယ်ယာစိုက် ပျိုး‌ရေး၊ သစ်‌တော၊ ရဲ၊ ရုံး၊ လူငယ်၊ အမျိုးသမီး စသည့် သက်ဆိုင်ရာဌာနများအား အလားတူ သင်တန်းများကို ပထမအကြိမ် သင်ကြားပို့ချခဲ့သည်။

၎င်း‌နောက် ဒုတိယအကြိမ်အဖြစ် ‌ကော့ကရိတ်မြို့နယ် ‌ကျေးရွာအုပ်စုများဖြစ်ကြသည့် စက္ကဝက်(ကြာ့ကဝါ့)၊ ‌ကော့နွဲ၊ ‌မောင်းမရွာ သစ် (‌မောမာ့)၊ ‌အောင်ဖကြီး(‌အောဖာ့)၊ ရွာတန်းရှည် (ယွာ‌တော‌ဆေ့)၊ အံ‌ကောင် (‌အော့‌ကော)နှင့် သုံးဆယ့်သုံးဆူ (ခို့သဲဆီး) တို့မှ ‌ကျေးရွာအုပ်စု တာဝန်ရှိသူများနှင့် ‌ဒေသခံများအား အလားတူ သင်တန်းပို့ချခဲ့ရာ ယခုအကြိမ်မှာ တတိယအကြိမ်ဖြစ်သည်။