Home သတင်း ပထမဆုံးအကြိမ် မွန်ပြည်နယ် ကရင်လူငယ်‌တွေ့ဆုံပွဲ စတင်ကျင်းပ

ပထမဆုံးအကြိမ် မွန်ပြည်နယ် ကရင်လူငယ်‌တွေ့ဆုံပွဲ စတင်ကျင်းပ

2255

ဩဂုတ် ၁ဝ ရက်၊ ၂ဝ၁၇ခုနှစ်။ ‌ကေအိုင်စီ

မွန်ပြည်နယ်အတွင်းရှိ ကရင်လူငယ်များ ဦး‌ဆောင်ပြီး ပထမဆုံးအကြိမ်ပြုလုပ်သည့် မွန်ပြည်နယ် ကရင် လူငယ်‌တွေ့ဆုံပွဲကို ‌မော်လမြိုင်မြို့ Holy Family Church ရိုမန်ကက်သလစ်ဘုရား‌ကျောင်းဝင်းအတွင်း ယ‌နေ့ (ဩဂုတ်လ ၁ဝ ရက်‌နေ့)တွင် စတင်ကျင်းပလျှက်ရှိသည်။

၎င်း လူငယ်‌တွေ့ဆုံပွဲတွင် KNU -ကရင်အမျိုးသားအစည်းအရုံး ဗဟို‌ကော်မတီဝင် ပဒို‌စောပိုပိုတူး‌အောင်၊ စည်းရုံး‌ရေးနှင့်ပြန်ကြား‌ရေးဌာနမှ ပဒို‌စောလစ္စတန်၊ မွန်ပြည်နယ် ကရင်စာယဉ် ဒုဥက္ကဌ မန်း‌ကျော်‌ရွှေ အပါအဝင် မွန်ပြည်နယ်ရှိ မြို့နယ်အသီးသီးမှ ကရင်လူငယ်ကိုယ်စားလှယ်များ တက်‌ရောက်ကြသည်။

ဩဂုတ်လ ၁၁ ရက်‌နေ့အထိ ပြုလုပ်မည့် နှစ်ရက်တာ ယင်း‌တွေ့ဆုံ‌ဆွေး‌နွေးမှုတွင် မြို့နယ်အလိုက် ကြုံ‌တွေ့ရသည့် အ‌ခြေအ‌နေများအား ချပြ‌ဆွေး‌နွေးခြင်း၊ ‌ရှေ့လုပ်ငန်းစဉ်များ‌ဆွေး‌နွေးချမှတ်ခြင်း၊ မွန်ပြည်နယ် ကရင်လူငယ်ကွန်ယက် တာဝန်ခံများ ‌ရွေးချယ်ဖွဲ့စည်းခြင်းများ ပြုလုပ်သွားမည်ဖြစ်သည်။