Home သတင်း သံလွင်မြစ်ကမ်းနံ‌ဘေး တရုတ်လှကျွန်းနားတွင် မြစ်သဲ‌ကျောက် တရားမဝင်ထုတ်ယူခြင်းရှိ‌နေဆဲဖြစ်‌ကြောင်း ‌ဒေသခံများ ‌ပြော

သံလွင်မြစ်ကမ်းနံ‌ဘေး တရုတ်လှကျွန်းနားတွင် မြစ်သဲ‌ကျောက် တရားမဝင်ထုတ်ယူခြင်းရှိ‌နေဆဲဖြစ်‌ကြောင်း ‌ဒေသခံများ ‌ပြော

2896

ဩဂုတ် ၂၄ ရက်၊ ၂၀၁၇ ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ် ဖားအံမြို့နယ် တရုတ်လှကျွန်းတွင် တရားမဝင် မြစ်သဲ‌ကျောက်ထုတ်ယူခြင်းကိစ္စကို အ‌ရေးယူ‌ပေးရန် ပြည်နယ်ဝန်ကြီးချုပ်ထံ တင်ပြထားမှုများရှိ‌သော်လည်း အဆိုပါ မြစ်သဲ‌ကျောက်များကို ထုတ်ယူခြင်းရှိ‌နေဆဲဖြစ်သည်ဟု တရုတ်လှကျွန်းတွင် ‌နေထိုင်သည့် ‌ဒေသခံများက ‌ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်မှစတင်ကာ တရားမဝင် မြစ်သဲ‌ကျောက်များထုတ်ယူမှုများရှိခဲ့ခြင်းဖြစ်ပြီး ထိုသို့တရား မဝင်ထုတ်ယူ‌နေမှုများကို ထိ‌ရောက်စွာ အ‌ရေးယူနိုင်မှု မရှိခြင်းတို့‌ကြောင့် ‌ဒေသခံများကြုံ‌တွေ့‌နေရသည့် အ‌ခြေအ‌နေများနှင့်ပတ်သက်၍ ဝန်ကြီးချုပ်ထံတိုင်စာတင်ရာတွင်ပါဝင်သည့် ကိုတင်‌ဇော်က ယခုလို‌ပြောသည်။

“သူတို့စိစစ်အ‌ရေးယူတာ‌နှောင့်‌နှေးတယ်။ သူတို့တစ်ခါသွားတိုင်တယ်၊ ဘာမှမဖြစ်လာဘူး။ သဲဟာ ‌နေ့ရှိသမျှ ပြိုတယ်ဆို‌တော့ ဘာမှမတတ်နိုင်ဘူး။ တစ်‌နေ့ကို ‌ပေ ၃ဝက‌နေ ၄ဝအထိပြိုတယ်။ တိုင်စာ တင်ပြီး ‌နောက်‌လှေ ‌တွေက ‌နေ့ဘက် မစုပ်ဘူး၊ ညဘက်ပြန်စုပ်တာရှိတယ် ။ လက်နက်ကိုင် ‌နောက်ခံပါတယ်ဆို‌တော့ ကျ‌နော်တို့လည်း သွားတား မရဲဘူး” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ မြစ်သဲ‌ကျောက် တရားမဝင်ထုတ်ယူ‌နေမှုကို ဩဂုတ်လ ၁ရက်‌နေ့တွင် ဘားကပ်ရဲစခန်း၊ ဩဂုတ်လ ၁၄ ရက် ‌နေ့တွင် ပြည်နယ်ဝန်ကြီးချုပ်ထံ တိုင်ကြားထားမှုများ ရှိသည့်အပြင် တရားမဝင် မြစ်သဲ‌ကျောက် ထုတ်ယူ‌နေမှုကို ‌ဒေသခံများမှ သွား‌ရောက် တားမြစ်ရာတွင်လည်း ‌သေနတ်ပစ်‌ဖောက်ခြိမ်း‌ခြောက်ခံရမှုများရှိ‌ကြောင်း ‌ဒေသခံများ၏ ‌ပြောပြချက်အရ သိရသည်။

တရားမဝင်မြစ်သဲ‌ကျောက် ထုတ်ယူရာတွင် တစ်ကြိမ်လျှင်စက်‌လှေ ၁၄ စီးခန့် ထုတ်ယူ‌နေမှုများရှိ‌နေသည့် အတွက် ‌ရေတိုက်စားမှုများဖြစ်‌ပေါ်ကာ ကိုင်း‌မြေ‌ပေါ်တွင် ‌ဒေသခံများအသက်‌မွေးဝမ်း‌ကျောင်းပြု စိုက်ပျိုးထားသည့် ‌ပြောင်းဖူး၊ ‌မြေပဲ စသည့်စိုက်ခင်းများမှာ ကမ်းပြိုမှု‌ကြောင့် ဆုံးရှုံးမှုများဖြစ်‌ပေါ်‌နေ‌ကြောင်းလည်း ‌ဒေသခံများက ‌ပြောသည်။

ကျွန်း‌ပေါ်ရှိ ကိုင်းပိုင်ရှင်တစ်ဦးဖြစ်သူ ‌ဒေါ်တင်ဝင်းက“ ဒီကျွန်းမှာ ၃ ပုံ ၂ ပုံ‌လောက် ကမ်းပြိုကုန်ပြီ။ ဒီလူ‌တွေ ဒီလို ဆက်လုပ်မယ်ဆိုရင် ကျွန်း‌ပေါ်မှာ ကျမတို့ ဆက်လုပ်စားဖို့ ‌နေရာမရှိ‌တော့ဘူး။ ကျမတို့ ပြည်သူလူထု‌တွေ နစ်နာ‌တော့ ဆင့်ကဲဆင့်ကဲ အ‌ပေါ်က‌နေတက်ပြီးတိုင်တာ သူတို့က လာဆင်းမယ်။ ဆင်းမယ်‌ပြောပြီး အခုလို ကမ်းပြိုတာတစ်ဝက်ကုန် သွားတယ်” ဟု ‌ပြောသည်။

သံလွင်မြစ်တစ်‌လျှောက်ရှိ မြစ်သဲ‌ကျောက် တရားဝင်ထုတ်ယူမှုများကို ကရင်ပြည်နယ်တွင် ၃ ‌နေရာခွင့်ပြုလုပ်ကွက်ချ ထား‌ပေး‌ကြောင်း သိရပြီး ၎င်းတို့မှာ မုက္ကတိ၊ မိဇံနှင့် ဝဲကြီး စသည့် ‌နေရာများတွင်သာ တရားဝင်ခွင့်ပြု ထားသည့်အတွက် လက်ရှိ တရုတ်လှကျွန်းတွင် တရားမဝင်ထုတ်ယူ‌နေမှုများရှိ‌နေဆဲအ‌ပေါ် ကရင်ပြည်နယ် ‌ရေအရင်းအမြစ်နှင့် မြစ်‌ချောင်းများ ဖွံ့ဖြိုးတိုးတက်‌ရေးဦးစီးဌာနမှူး ဦးသိန်းလင်းက ယခုလို‌ပြောသည်။

“ကျ‌နော်တို့က‌တော့ တိုင်တဲ့တိုင်စာ‌ပေါ်မှာ စိစစ်ပြီး‌တော့ အမြဲတမ်းဘဲ အစီရင်ခံစာ‌ရေးတယ်။ အ‌ရေးယူမှု အပိုင်းမှာ‌တော့ အဖွဲ့‌ပေါင်းစုံပူး‌ပေါင်း‌ဆောင်ရွက်မှရမယ်။ ကျ‌နော်တို့ ဌာနတစ်ခုထဲပဲ‌တော့ လုပ်လို့မရဘူး။ တိုင်တဲ့လူက အမြဲတမ်းတိုင်တယ်။ ကျ‌နော်တို့ သွားစစ်တဲ့အချိန်မှာ ‌လှေလည်းမရှိဘူး။ အ‌ထောက်အထား မရှိရင် ဘယ်လိုအ‌ရေးယူ‌ဆောင်ရွက်ရမလဲ။ ကျ‌နော်တို့နဲ့ပူး‌ပေါင်းပြီး အချိန်နဲ့တစ်‌ပြေးညီတိုင်မှ တကယ့်ထိ ‌ရောက်တဲ့ ပုံစံမျိုးလုပ်‌ပေးလို့ရမယ်”ဟု ‌ပြောသည်။

ရွာနှစ်ရွာရှိသည့် တရုတ်လှကျွန်းတွင် အိမ်‌ခြေ ၇ဝ ရှိပြီး အများစုမှာ ကိုင်းနှင့် အသက်‌မွေးဝမ်း ‌ကျောင်းပြုကြ သူများဖြစ်ကြ သည်။ ကျွန်းနားရှိ တရားမဝင် မြစ်သဲ‌ကျောက်ထုတ်ယူခြင်းနှင့် ပတ်သက်၍ သက်ဆိုင်ရာမှ ထိ‌ရောက်စွာ အ‌ရေးယူ နိုင်ခြင်း မရှိပါက တရုတ်လှကျွန်းရှိ ကိုင်းပိုင်ရှင်များက ဆန္ဒထုတ်‌ဖော်သွားရန် အစီအစဉ်ရှိ‌ကြောင်းလည်း သိရသည်။