Home သတင်း ရန်ကုန်တိုင်းစာယဉ် ဦး‌ဆောင်ကာ စီးပွား‌ရေး‌ကော်မတီ ဖွဲ့စည်းမည်

ရန်ကုန်တိုင်းစာယဉ် ဦး‌ဆောင်ကာ စီးပွား‌ရေး‌ကော်မတီ ဖွဲ့စည်းမည်

2001

ဩဂုတ် ၂၂ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီက ဦး‌ဆောင်ကာ တိုင်း‌ဒေသကြီးအတွင်းရှိ ကရင်စီးပွား‌ရေး လုပ်ငန်းရှင်များကို စုစည်းပြီး စီးပွား‌ရေး‌ကော်မတီတစ်ခု ဖွဲ့စည်းသွားမည်ဟု တိုင်းစာယဉ်အတွင်း‌ရေးမှူး မန်းသန်းဝင်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ ‌ကော်မတီဖွဲ့စည်းရန် ရန်ကုန်တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ရုံး၊ ခန်းမ၌ ဩဂုတ် ၁၈ ရက်‌နေ့တွင် ပြုလုပ်သည့် တိုင်းစာ ယဉ် ၃/၂၀၁၇ အစည်းအ‌ဝေးတွင် စာယဉ်ဥက္ကဌ၊ ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဖာမျိုးက တိုင်းစာယဉ် ‌ရေရှည်ရပ်တည်နိုင်‌ရေးအတွက် ‌နောက်ခံစီးပွား‌ရေးလုပ်ငန်းများရှိရန် လိုအပ်သည်ဟု လမ်းညွှန် ‌ဆွေး‌နွေးမှုအ‌ပေါ် ဖွဲ့စည်းရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်‌ကြောင်း မန်းသန်းဝင်းဦးက ယခုလို ‌ပြောသည်။

၎င်းက “ရန်ကုန်တိုင်း ကရင်စီးပွား‌ရေး‌ကော်မတီ ဖွဲ့မယ်။ ပြီး‌တော့ ‌မွေးမြူ‌ရေးတို့၊ ကုန်ထုတ်လုပ်ငန်း စသဖြင့် လုပ်ငန်း‌တွေ ‌ကော်မတီက လုပ်မယ်။ ရလာတဲ့ အကျိုးအမြတ်ထဲက ရာခိုင်နှုန်း တခုကို တိုင်းစာယဉ်ကို ပြန်ပံ့ပိုးမယ်။ ဝန်ကြီး ‌ပြောတာ က‌တော့ တိုင်းစာယဉ်က အစိုးရအ‌ထောက်အပံ့မယူပဲ ‌ရေရှည်ကိုယ့်ဘာသာကိုယ် ရပ်တည်နိုင်‌အောင် စာယဉ်ကို ‌ကျော ‌ထောက်‌နောက်ခံပြုမဲ့ အဖွဲ့မျိုး ဖွဲ့သွားမယ်” ဟု ဩဂုတ် ၁၉ ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ စီးပွား‌ရေး ‌ကော်မတီဖွဲ့စည်းရန် တိုင်းစာယဉ်က ဦး‌ဆောင်ကာ ရန်ကုန်တိုင်း‌ဒေသကြီး အတွင်းရှိ ကရင်စီးပွား‌ရေး လုပ်ငန်းရှင်များ ‌တွေ့ဆုံပွဲကို လာမည့် စက်တင်ဘာ ၁ ရက်‌နေ့တွင် ပြုလုပ်သွားရန် စီစဉ်‌နေပြီး ‌ကော်မတီအ‌နေဖြင့် တိုင်းစာ ယဉ် လက်‌အောက်ခံမဟုတ်ဘဲ သီးခြား စီးပွား‌ရေး‌ကော်မတီတခု ပုံစံဖြင့် လုပ်ငန်းများလုပ်ကိုင်သွားရန်အတွက် ‌ဆွေး‌နွေး မည်ဟု တိုင်းစာယဉ်တာဝန်ရှိသူများက ‌ပြောသည်။

ရန်ကုန်တိုင်းအတွင်း နယ်ပယ်စုံ၌ ကျွမ်းကျင် ကရင်လူမျိုးများရှိကာ ‌ကော်မတီဖွဲ့စည်းခြင်းအားဖြင့် ချိတ်ဆက်လုပ်ကိုင်နိုင် မှုအား‌ကောင်းသွားမည်ဟု ထင်မြင်သည်‌ကြောင်း ရန်ကုန်မြို့ အ‌ခြေစိုက် ကရင်အီကို ကုမ္ပဏီ ဒါရိုက်တာ ‌စောဟိုး‌ရှေးက ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းက “ အခု အန်ကယ်တို့ ကုမ္ပဏီ ရန်ကုန်မှာ တစ်နှစ်‌လောက် လုပ်ငန်းလုပ်တဲ့အခါ ဘာ‌တွေ့ရလဲ ဆို‌တော့ ရန်ကုန်မှာ ကရင်လုပ်ငန်းရှင်‌တွေ၊ နယ်ပယ်စုံက ကျွမ်းကျင်ပညာရှင်‌တွေ ရှိတယ်။ ဒါ‌ပေမဲ့ ချိတ်ဆက်မှုအားနည်း တယ်။ စုစည်း လုပ်ကိုင်မှုလည်း အားနည်းတယ်။ အခု ကရင်စီးပွား‌ရေး‌ကော်မတီဖွဲ့စည်းပြီး ချိတ်ဆက်လုပ်ကိုင်နိုင်ရင် ‌ကောင်းတယ်” ဟု ဩဂုတ် ၂၁ ရက်‌နေ့တွင် ‌ပြောသည်။

ရန်ကုန်တိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီကို လက်ရှိ ကရင်တိုင်းရင်းသားလူမျိုး‌ရေးရာဝန်ကြီး ‌နော်ပန်းသဉ်ဖာမျိုးက ဥက္ကဌ အဖြစ် တာဝန်ယူထားပြီး ကရင်နှစ်သစ်ကူးပွဲ‌တော်၊ ချည်ဖြူဖွဲ့မဂင်္လာအခမ်းအနားများ၊ ကရင် စာသင်မွမ်းမံ သင်တန်းများသို့ တိုင်း‌ဒေသကြီးအစိုးရအဖွဲ့ ဘတ်ဂျက်မှ ‌ထောက်ပံ့‌ငွေအချို့ ထုတ်‌ပေးခြင်း များရှိ‌ကြောင်း သိရသည်။