Home သတင်း ဘုရားသုံးဆူ နယ်စပ်ဂိတ် တရားဝင်ဖွင့်‌ပေးရန် ထိုင်းနယ်ခြား‌ကော်မတီ ‌တောင်းဆို

ဘုရားသုံးဆူ နယ်စပ်ဂိတ် တရားဝင်ဖွင့်‌ပေးရန် ထိုင်းနယ်ခြား‌ကော်မတီ ‌တောင်းဆို

3225

ဩဂုတ် ၃၁၊ ၂၀၁၇ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားသုံးဆူမြို့ရှိ မြန်မာ-ထိုင်း နယ်စပ်ဂိတ်ကို တရားဝင်ဖွင့်‌ပေးရန် ဩဂုတ် ၃ဝ ရက်‌နေ့တွင် ဘုရားသုံးဆူ နယ်စပ်ရှိ ဘာစီနီခန်းမ၌ ပထမဆုံးအကြိမ် ပြုလုပ်သည့် နှစ်နိုင်ငံ နယ်ခြား‌ကော်မတီ အစည်း အ‌ဝေးတွင် ထိုင်းဘက်က တင်ပြ‌တောင်းဆိုခဲ့သည်ဟု ဘုရားသုံးဆူမြို့နယ်၊ အုပ်ချုပ်‌ရေးမှူး ဦးမျိုးနိုင်က ‌ကေအိုင်စီသို့ ‌ပြောသည်။

နှစ်နိုင်ငံ နယ်ခြား‌ကော်မတီဝင်များ ပထမဆုံးအကြိမ်‌တွေ့ဆုံပွဲတွင် နယ်စပ်‌ဒေသအတွင်း ‌မော်‌တော်ယာဉ်၊ ‌မော်‌တော်ဆိုင်ကယ် ‌ရောင်းဝယ်ခြင်း၊ မူးယစ်‌ဆေးဝါးပြဿနာ၊ အားကစားနှင့် လူမှု‌ရေးရာများ တိုးမြှင့်ပူး‌ပေါင်း ‌ဆောင် ရွက်‌ရေးနှင့် နှစ်နိုင်ငံနယ်စပ်ဂိတ် တရားဝင်ဖွင့်လှစ်‌ပေး‌ရေး ကိစ္စရပ်များကို ထိုင်းနယ်ခြား‌ကော်မတီဝင်များဘက်က ‌တောင်းဆိုသွားသည်ဟု ဘုရားသုံးဆူမြို့ အုပ်ချုပ်‌ရေးမှူး ဦးမျိုးနိုင်က ယခုလို ‌ပြောသည်။

“သူတို့ဘက်က မူးယစ်‌ဆေးဝါးကိစ္စမှာ နှစ်နိုင်ငံရဲတပ်ဖွဲ့‌တွေ ပူး‌ပေါင်းညှိနှိုင်း‌ဆောင်ရွက်ဖို့ ‌ပြောတယ်။ တရား မဝင်နယ် စပ်ဖြစ်တဲ့အတွက် ကား၊ ဆိုင်ကယ်ဝယ်‌ရောင်းတဲ့ကိစ္စ လက်မခံဖို့ရယ်၊ အားကစားနှင့် လူမှု‌ရေးရာ ကိစ္စ‌တွေမှာ ယခင်က ထက် တိုးမြှင့်‌ဆောင်ရွက်ဖို့နဲ့ နယ်စပ်လမ်း တရားဝင်ဖွင့်လှစ်‌ပေးဖို့ ‌တောင်းဆိုတယ်” ဟု ၎င်းက ဩဂုတ် ၃၁ ရက်‌နေ့ (ယ‌နေ့)တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အလားတူ မြန်မာဘက်က မြန်မာအလုပ်သမား ၃,၀၀ဝ ဝန်းကျင်ခန့်ကို အနိမ့်ဆုံး လစာ‌ပေးရန်၊ ထိုင်းဘက်က ‌ရေ‌မြောင်း တူး‌ဖော်ခြင်း၊ ၁ဝ ‌ပေ အကျယ်ရှိ လမ်းမတိုးချဲ့ ‌ဖောက်လုပ်ခြင်း တို့ကို ရပ်ထား‌ပေးရန်၊ မြန်မာဘက်ခြမ်းတွင် တည်‌ဆောက် ထားသည့် ‌ရေအိမ်ကို ဖျက်သိမ်း‌ပေးရန်၊ နှစ်နိုင်ငံနယ်နိမိတ် အငြင်းပွားမှုများကို ပူး‌ပေါင်း‌ဆောင်ရွက်‌ဖြေရှင်းပြီးလျှင် တရားဝင်နယ်စပ်ဂိတ်ကို ပြန်ဖွင့်လှစ်‌ပေးမည်ဟု ပြန်လည်‌ဆွေး‌နွေးခဲ့‌ကြောင်း တာဝန်ရှိသူများထံမှ သိရသည်။

‌တွေ့ဆုံ‌ဆွေး‌နွေးပွဲသို့ မြန်မာဘက်မှ အမှတ် ၉၇ ‌ခြေလျင်တပ်ရင်း ယာယီတပ်ရင်းမှူး ဗိုလ်မှူး‌အောင်ဆန်းဝင်း၊ ကြာအင်း ဆိပ်ကြီးမြို့နယ် အုပ်ချုပ်‌ရေးမှူး ဦးမျိုး‌အောင် ၊ ဘုရားသုံးဆူမြို့ အုပ်ချုပ်‌ရေးမှူး ဦးမျိုးနိုင်အပါအဝင် မြန်မာ နယ်ခြား ‌ကော်မတီဝင် ၇ ဦးတက်‌ရောက်ခဲ့သလို ထိုင်းဘက်မှဗိုလ်မှူးကြီး ဘန်းယုံ ‌ထောင်နွန်း၊ ဗျူဟာမှူးနှင့် အရာရှိများ၊ ထိုင်း- မြန်မာချစ်ကြည်‌ရေးဌာန နိုင်ပါကွန်း ကန်ဝမ်တီး၊ မြို့နယ်အုပ်ချုပ်‌ရေးမှူး၊ ဝင်းကမြို့အဖွဲ့ဝင်များ၊ အခြားဌာနဆိုင်ရာကိုယ်စားလှယ် ၁၇ ဦးတက်‌ရောက်ခဲ့သည်။

ဘုရားသုံးဆူမြို့ခံ ဦးဝင်းခိုင်က “နယ်စပ်လမ်းပိတ်ထား‌တော့ ပရိ‌ဘောဂလုပ်ငန်း‌တွေမှာ ပြည်တွင်းဘက်ကိုပို့လို့ မရဘူး၊ လမ်းပျက်‌နေတယ်။ သယ်‌ဆောင်ခွင့်ပါမစ်လည်း မရဘူး။ တရားမဝင်လမ်း ဖြစ်‌နေ‌တော့ ထိုင်းဘက်က အဝယ် နည်းသွား တယ်။ ခါတိုင်းတပတ်လုံးလုံး အလုပ်လုပ်ရတဲ့‌နေရာမှာ အခု ၃ ရက်‌လောက်ဘဲ လုပ်‌နေရ‌တော့ စားဝတ်‌နေ‌ရေး အခက် အခဲရှိတယ်။ ကိုယ်ဘက်က ‌နေ့စဉ်ထိုင်းဘက်ခြမ်းကို တရားဝင်သွား‌ရောက်အလုပ်လုပ် ‌နေတာမဟုတ်‌တော့ အနိုင်ကျင့်ပြီး ‌ပေးချင်တဲ့‌ဈေး ‌ပေး‌နေတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားသုံးဆူနယ်စပ်ဂိတ် ပိတ်ထား‌သော်လည်း ထိုင်းနိုင်ငံဘက်မှ ကား၊ ဆိုင်ကယ်၊ လျှပ်စစ်စ္စည်းများကို ‌မောင်ခို လမ်း‌ကြောင်းမှတစ်ဆင့် ဝင်‌ရောက်လျှက်ရှိပြီး မြန်မာဘက်မှ သစ်၊ ပရိ‌ဘောဂပစ္စည်း၊ ရာဘာ၊ နှမ်း၊ အခြား စိုက်ပျိုးသီးနှံများ တင်ပို့မှုများရှိသည်ဟု ‌ဒေသခံများထံမှ သိရသည်။

ထို့အပြင် ဘုရားသုံးဆူတွင် ယခုနှစ် ဇူလိုင်လအတွင်းက ထိုင်းဘက်ခြမ်းတွင် ‌ရေ‌မြောင်း‌ဖောက်လုပ်မှု‌ကြောင့် ရွှံ့ဗွက်‌ရေများ မြန်မာဘက်သို့ ဝင်‌ရောက်လာသည့်အတွက် မြန်မာအစိုးရက လုပ်ငန်းရပ်ဆိုင်းထားရန် ‌တောင်းဆို‌သော်လည်း ဆက်လုပ် ‌ဆောင်‌နေသည့်အတွက် မြန်မာဘက်က နယ်စပ်ဂိတ်ဝင်‌ပေါက်များကို ရပ်တန့်စိစစ်မှုနှင့် နယ်စပ်လုံခြုံ‌ရေးချထားမှုများ ပြု လုပ်သည့်အတွက် ဇူလိုင် ၂၆ ရက်‌နေ့၊ နံနက်ပိုင်းတွင် ထိုင်းဘက်က လုပ်ငန်းရပ်တန့်ပြီး ထိုင်းစစ်တပ် ဒုဗျူဟာမှူးက လာ‌ရောက်ညှိနှိုင်းမှုပြုလုပ်ခဲ့သည်ဟု ဘုရားသုံးမြို့ အုပ်ချုပ်‌ရေး တာဝန် ရှိသူများထံမှ သိရသည်။

ဘုရားသုံးဆူနယ်စပ်ဂိတ်ကို ၂ဝဝ၇ ခုနှစ်တွင် မြန်မာဘက်က တရားဝင်ကုန်သွယ်မှု ပိတ်ထားခဲ့ပြီး ‌ဒေသခံများ စီးပွား‌ရေး အကြပ်အတည်း ဖြစ်‌ပေါ်လာ‌နေသည့်အတွက် ပြန်လည်ဖွင့်လှစ်‌ပေးရန် အစီအစဉ်ရှိမရှိကို ၂ဝ၁၆ ခုနှစ် အတွင်းက ပြည်သူ့ လွှတ်‌တော်အစည်းအ‌ဝေး၌် ကြာအင်းဆိပ်ကြီးမြို့နယ်၊ ပြည်သူ့လွှတ်‌တော်ကိုယ်စားလှယ် ဦး‌စောတင်ဝင်းက ‌မေးခွန်း ‌မေးမြန်းခဲ့ရာတွင် မြန်မာ-ထိုင်း နယ်နိမိတ် ပြန်လည်တိုင်းတာပြီးမှသာဖွင့်လှစ်မည်ဟု စီးပွား‌ရေးနှင့် ကူးသန်း‌ရောင်းဝယ်‌ရေး ဝန်ကြီးဌာန၊ ပြည်‌ထောင်စု ဝန်ကြီး ‌ဒေါက်တာသန်းမြင့်က ‌ပြောဆိုထားသည်။