Home တွေ့ဆုံမေးမြန်းခန်း “အ‌ကြောင်းအရာ အတိအကျနဲ့ အ‌ခြေအ‌နေမှန်‌တွေကို လာ‌ရောက်စုံစမ်းချင်ရင် ကျ‌နော်တို့ ‌ပြောပြလို့ရတယ်။ သူတစ်မျိုး ကိုယ်တစ်မျိုး ‌ပြော‌နေကြ‌တော့ ရှုပ်ကုန်တာ‌ပေါ့။”

“အ‌ကြောင်းအရာ အတိအကျနဲ့ အ‌ခြေအ‌နေမှန်‌တွေကို လာ‌ရောက်စုံစမ်းချင်ရင် ကျ‌နော်တို့ ‌ပြောပြလို့ရတယ်။ သူတစ်မျိုး ကိုယ်တစ်မျိုး ‌ပြော‌နေကြ‌တော့ ရှုပ်ကုန်တာ‌ပေါ့။”

3042

ယခုတ‌လော ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး တပ်မဟာ(၇)နယ်‌မြေအတွင်း တိုးတက်‌သော ဗုဒ္ဓဘာသာ ကရင်အမျိုး သားတပ်မ‌တော် (ဒီ‌ကေဘီ‌အေ ခွဲထွက်အဖွဲ့)နဲ့ အစိုးရတပ်မ‌တော်တို့အကြား ပစ်ခတ်မှုများ ဆက်တိုက် ဖြစ်ပွား‌နေသည်ဟု လူမှု ကွန်ရက် စာမျက်နှာများ‌ပေါ်တွင် သတင်းမျိုးစုံ ထွက်‌ပေါ်လာသည်။
၎င်းအ‌ခြေအ‌နေများနှင့်ပတ်သက်၍ ယင်းနယ်‌မြေအတွင်း လှုပ်ရှား‌နေသည့် ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ(၇) လက်‌အောက်ခံ တပ်ရင်း(၂၂) တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး‌စောဒီ့ကွယ်ကို ‌ကေအိုင်စီက ဆက်သွယ်‌မေးမြန်းထားသည်။

‌မေး။ ။ အခုတ‌လော ဒီ‌ကေဘီ‌အေ နယ်‌မြေမှာ တိုက်ပွဲ‌တွေ ‌နေ့စဉ်ဖြစ်‌နေတယ်။ အကျအဆုံး‌တွေလည်း ရှိတယ်ဆိုပြီး လူမှုကွန် ရက် စာမျက်နှာ‌တွေမှာ ရုပ်သံ ဗွီဒီယိုဖိုင်‌တွေလည်း ထွက်‌ပေါ်လာတဲ့အ‌ပေါ် ကရင်လူထု‌တွေကြားမှာ ‌တော်‌တော်‌လေး ‌ပြောဆိုကြ ပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး သိထားတာများရှိရင် နည်းနည်း‌ပြောပြ‌ပေးပါလား။
‌ဖြေ။ ။ အရင်တုန်းကဟာ‌တွေယူပြီး ပြန်တင်တာပဲ။ ကျ‌နော့်အထင်က‌တော့ အရင်အချိန် တိုက်ပွဲဖြစ်တုန်းက ဓာတ်ပုံ‌တွေ ရိုက်ထားပြီး အခုမှ ပြန်ချပြတာ ဖြစ်လိမ့်မယ်။ ကျ‌နော်အဲဒီလိုပဲ မြင်တယ်။ အခု ဒီ‌နေရာမှာက ဘယ်‌နေရာမှာမှ တိုက်ပွဲ မဖြစ် ဘူး။ ဒီကိစ္စနဲ့ ပတ်သက်ပြီး ဝါးခူ့(Social Media ဖြင့် သတင်းဖြန့်‌ဝေသူ)ဆိုတာလား သူက ဆွီဒင်နိုင်ငံမှာ‌နေတယ်။ သူ‌မေးတယ် ကျ‌နော့်ကို‌ပေါ့။ သူ‌ပြောချင်တာက တိုက်ပွဲ‌နေ့တိုင်းလိုလို ဖြစ်‌နေတယ်။ ဗမာစစ်တပ်က သူတို့နယ်‌မြေကို ရယူဖို့ ပြင်ဆင်‌နေ တယ်။ အခြားတစ်ခုက သူတို့အ‌ကြောင်းပြတာက သူတို့က ‌ရေကာတာစီမံကိန်း မဖြစ်‌အောင် ကာကွယ်ဖို့ပါပဲ။
ဘာတိုက်ပွဲမှ မဖြစ်ဘူး။ သူတို့က နယ်ခြား‌စောင့် တပ်၊ မြန်မာစစ်တပ်၊ စစ်တပ်‌နေရာ‌တွေကို လိုက်ပစ်တယ်။ သူတို့က ကား လမ်းမှာ‌နေရာယူပြီး အမြဲတမ်း ‌ပြောက်ကျားလိုက်ပစ် တယ်။ လွန်ခဲ့တဲ့တစ်လက ‌ဘောတ‌ရောက ကျ‌နော့်လူ‌တွေကို‌တောင် သူတို့ တစ်ခါ ‌ပြောက်ကျား သွားပစ်‌သေးတယ်။ ကျ‌နော် တို့က ဘာမှ မတုံ့ပြန်ဘူး။ သူတို့ကိုယ်တိုင်က မ‌ရောက်ဘူး။ လက်နက် ကြီးနဲ့အ‌ဝေးက‌နေ ပစ်တယ်။ သူတို့ရဲ့အတွင်းကိုဝင်ပြီး စစ်ဆင်‌ရေးအ‌နေနဲ့ သူတို့ရဲ့နယ်‌မြေကို လုယူဖို့ဆိုတာ‌တွေက သူတို့ရဲ့ တိုက်ပွဲပြီးချိန်ကစပြီး အခုချိန်ထိ တစ်ခါမှ မရှိခဲ့‌သေးဘူး။

‌မေး။ ။ အခု ‌ကေအဲန်ယူ တပ်မဟာ(၇)မှာရှိတဲ့ ‌ကော်လာဝါးကုန်း(‌တောင်ကုန်း) ဆိုတဲ့‌နေရာမှာ တိုက်ပွဲ‌တွေဖြစ်ခဲ့ကြတယ်လို့ ‌ပြောဆိုကြတယ်။ အခု အဲဒီမှာ ဘယ်သူ‌တွေ ရှိကြလဲ။
‌ဖြေ။ ။ ‌ကော်လာဝါးကုန်းဆိုတာက အရင်တုန်းက ဗိုလ်ဘိနဲ့ ဗိုလ်‌ကျော်သက်( ဒီ‌ကေဘီ‌အေ ဦး‌ဆောင်အဖွဲ့)တို့ ‌နေခဲ့တယ် ဆိုပါ‌တော့။ အဲဒီ ‌ကော်လာဝါးကုန်းအ‌ပေါ်မှာ‌တော့ သူတို့ ‌နေနိုင်လိမ့်မှာမဟုတ်ဘူး။ ကုန်းက မြင့်တယ်။ ဒီလို မိုးတွင်းချိန်ဆို ‌လေတိုက်ပြီး‌တော့ ရာသီဥတု ‌အေးတယ်။ ကျ‌နော်တို့တပ်က‌တော့ မသွားဘူး။ ဒီလိုမိုးတွင်းချိန်က‌တော့ ကျ‌နော့်အထင် အစီအ စဉ် (စစ်တပ်ဘက်က ထိုးစစ်ဆင်မှု) မရှိဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ ဘာပဲလုပ်လုပ် NCA စာချုပ်အတိုင်းဆိုရင် ကျ‌နော်တို့နဲ့ တိုင်ပင်ရမယ်။ ကျ‌နော်တို့ နယ်‌မြေအနီးမှာ ကျ‌နော်တို့လူ‌တွေကို ‌ဘောတ‌ရောမှာ ‌နေရာချထားတယ်။ ဘာပဲဖြစ်ဖြစ် ကျ‌နော်တို့နဲ့ တိုင်ပင်ပြီးမှ သူတို့ လုပ်ရမယ်။

‌မေး။ ။ ‌နောက်ပြီး ဒီ‌ကေဘီ‌အေ တပ်မှူးတစ်ဦးက ‌ပြောဆိုချက်တစ်ခု အခုတ‌လော အွန်လိုင်းမှာ ပျံ့နှံ့‌နေတာရှိပါတယ်။ သူ‌ပြော သွားတာက သူတို့ကို အစိုးရ စစ်တပ်‌တွေအပြင် ‌ကေအဲန်ယူ စစ်သား‌တွေလည်း ဝိုင်းပြီး ပစ်ခတ်တိုက်ခိုက်ကြတယ်လို့ ‌ပြောဆို သွားတာ ရှိတယ်။ အဲဒါနဲ့ပတ်သက်လို့‌ကော ဘယ်လို ‌ပြောချင်လဲ။
‌ဖြေ။ ။ သူက ‌ဆေးမှူးတစ်‌ယောက်ပဲ။ အရင်အချိန်‌တွေတုန်းက ကျ‌နော်တို့ သူ့ကို ‌ဆေးဝါး‌တွေ ကူညီ‌သေးတယ်။ သူ‌ပြောတဲ့ အတိုင်း နား‌ထောင်ရင်‌တော့ တကယ်အလုပ်လုပ်တာ‌ပေါ့။ ဘာမှမဟုတ်ဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ သူတို့ရဲ့ အဝင်လမ်း ‌ကြောင်း‌တွေကို ရှာတာဖြစ်တယ်။ သူတို့ရဲ့သတင်း‌တွေကို‌တွေ့ရင် အများက ‌ပေးချင်၊ ကူချင်တဲ့စိတ်‌တွေ ရှိလာမယ်။ မဟုတ်မှလွဲ ‌ရော အကူအညီ‌တွေရရင် သူတို့ လက်ကမ်း‌ပေးလိမ့်တယ်။ ကျ‌နော်ထင်တာက သူတို့ လမ်းရှာတာပဲဖြစ်တယ်။ သူတို့‌ပြောသလို တစ်ခုမှ အမှန်တရား မဟုတ်ဘူး။ အရင်အချိန်တုန်းက တစ်ခါ ရှိခဲ့ဖူးတယ်။ သူတို့က လူကြီးတစ်ဦးနဲ့ အမျိုးသမီးကြီးတစ်ဦးကို ‌တွေ့ဆုံ‌မေးမြန်းဖူးတယ်။ သူတို့ စကား‌တွေ‌ပြောခိုင်းလိုက်တာ ခင်ဗျားတို့‌တွေ့လိမ့်မယ်။ ဒါ‌ကြောင့်မို့ သူတို့နှစ်‌ယောက်ကို ကြည့် မယ်ဆိုရင် စကား‌ပြောတာ အထစ်ထစ်အ‌ငေါ့‌ငေါ့နဲ့ ‌ပြောလို့မတတ်ဘူး။ ‌ဘေးမှာ ဝိုင်း‌ပြော‌ပေးသလို ဖြစ်‌နေတယ်။

‌မေး။ ။ အခု ဒီ‌ကေဘီ‌အေ‌တွေ ‌နေတဲ့‌နေရာက ‌ကေအဲန်ယူ တပ်မဟာ(၇)တပ်ဖွဲ့ဝင်‌တွေနဲ့ နီးကြတဲ့အတွက် ဆက်သွယ်‌ပြောဆို မှု‌တွေ‌ကော ဘယ်လိုရှိသလဲ။
‌ဖြေ။ ။ အဆက်အသွယ်မရှိဘူး။ အရင်က မြန်မာစစ်တပ်နဲ့ နယ်ခြား‌စောင့်တပ် စစ်ဆင်‌ရေး မရှိခင်တုန်းက ကျ‌နော်တို့ သူတို့ ကို ‌တော်‌တော်‌လေး စည်းရုံးခဲ့ပါ‌သေးတယ်။ အရင်အချိန်တုန်းကဆို ကျ‌နော်တို့ သူတို့ကို ကူညီခဲ့တယ်။ သူတို့ စစ်‌မြေပြင်မှာ ခက်ခဲတုန်းအချိန်ကလည်း ကျ‌နော်တို့ သူတို့လွတ်‌မြောက်‌အောင် ဝိုင်းကူခဲ့တယ်။ သူတို့ လွတ်‌မြောက်ဖို့အတွက် ကျ‌နော်တို့ ‌တော်‌တော်‌လေး ကြိုးစားခဲ့ရပါတယ်။ သူတို့လွတ်‌မြောက်သွား‌နောက် ကျ‌နော်နဲ့ ဆက်သွယ်ချင်တယ်ဆိုပြီး ကျ‌နော်ကြားလို့ အရင်တုန်းက ကျ‌နော်သူတို့နဲ့ သွား‌တွေ့ဖြစ်‌သေးတယ်။
သူတို့က တစ်ဖက်သတ် ဆုံးဖြတ်လိုက်တဲ့အခါ ကျ‌နော်တို့က ဦး‌ဆောင်ပြီး ‌ပြောဆို‌ဆွေး‌နွေးတဲ့အ‌ပေါ်မှာ ကျ‌နော်တို့ကလည်း စဉ်းစားလာရတယ်။ သူတို့နဲ့အဆက်အသွယ်ယူပြီး သူတို့က အုပ်ချုပ်ခံ မလုပ်ဘူး။ သူတို့ရဲ့ စကားအ‌ပြောအဆိုအရဆိုရင် သူတို့ က ကျ‌နော်တို့ရဲ့ တပ်မဟာကို ရန်သူလိုပဲ။ အရင်အချိန်တုန်းက ကျ‌နော်တို့ သူတို့ကို ကူညီခဲ့ရတယ်။ သူတို့က အဲဒါ‌တွေကို သတိမရဘူး။ အဆက်အသွယ်က အမှန်အတိုင်း‌ပြောရင် မရှိဘူး‌ပေါ့။

‌မေး။ ။ ‌ကေအဲန်ယူရဲ့ (၁၅)ကြိမ်‌မြောက် ကွန်ဂရက်တုန်းက ကရင်လက်နက်ကိုင်အဖွဲ့‌တွေကို ပြန်စုစည်းမယ်ဆိုပြီး ဆုံးဖြတ်ခဲ့ ကြတယ်။ အဲဒီ ဆုံးဖြတ်ချက်နဲ့ ပတ်သက်ပြီး ဗဟိုရဲ့ ညွှန်ကြားချက် တစုံတရာ ရှိပါသလား။
‌ဖြေ။ ။ (၁၅)ကြိမ်‌မြောက် ကွန်ဂရက်ပြီးတာနဲ့ ကျ‌နော်တို့ ပထမဆုံးအကြိမ် ထို့‌ကော်ကိုးမှာ စတင်‌တွေ့ဆုံ‌ဆွေး‌နွေးတယ်။ အဲဒီတုန်းက သူတို့ မကွဲ‌သေးဘူး။ အဲဒီအစည်းအ‌ဝေးမှာ ဗိုလ်‌ကျော်သက် လာတယ်။ အစည်းအ‌ဝေးထဲမှာ သူက သဘာပတိအ ဖွဲ့ဝင်အဖြစ် ‌ရွေးချယ်ခံရတယ်။ ‌ကေအဲန်ယူဘက်မှာဆိုရင် အဖူး‌ဂျော်နီ(KNLA စစ်ဦးစီးချုပ်)၊ ဒီ‌ကေဘီ‌အေဘက်မှာဆိုရင် ဗိုလ် ‌ကျော်သက်‌ပေါ့။ အခမ်းအနား‌တွေ အခါခါ။ လှုပ်ရှားမှု‌တွေအဆင့်ဆင့် ပြီးခဲ့တယ်။ သူတို့ လက်ခံခဲ့တယ်။ လက်ခံ‌ပေမယ့် သူတို့ ရဲ့‌နေရာ‌ဒေသကိုပြန်တဲ့အခါမှာ သူတိုု့လိုက်နာလုပ်‌ဆောင်တာ မရှိဘူး။
‌နောက်ဆုံးတခါ ‌သေ‌ဘေထာ့မှာကျ‌တော့ သူတို့ကို ဖိတ်ခဲ့‌ပေမယ့် တစ်‌ယောက်မှ မလာ‌တော့ဘူး။ သူတို့လူ ရဲထက်ဆိုတာကို လွှတ်လာတယ်။ ရဲထက်ဆိုတာက စစ်တပ်ရဲ့လူပါပဲ။ ‌နောက်ပြီး လုံ့လုံဆိုတဲ့လူကိုလည်း လွှတ်လိုက်တယ်။ သူက ပါ‌ပေမယ့် ဆုံး ဖြတ်ချက်မချနိုင်ဘူး။ ‌ရှေ့လုပ်ငန်းစဉ်‌တွေကို လုပ်‌ဆောင်ပါ့မယ်လို့ သူက အာမ မခံဘူး။ ဗိုလ်ချုပ်‌ဘော‌ကျော့်(ဒုစစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီး ‌စော‌ဘော‌ကျော်ဟဲ) ဆိုရင် အမြဲတမ်း ကြိုးစားခဲ့တယ်။ သူတို့ဆီ အ‌ရောက်သွားဖို့အထိ ညွှန်ကြားခဲ့တယ်။ ဒါ‌ပေ မယ့် သူတို့မလာဘူး။ ‌နောက်ဆုံး သူတို့က ‌တွေ့ဆုံ‌ဆွေး‌နွေးပွဲ မလာ‌တော့ဘူးဆိုပြီး ဆုံးဖြတ်ခဲ့တာ အခုထိတိုင်ပါပဲ။ သူတို့ဘက် က ဆုံးဖြတ်တာဖြစ်ပါတယ်။ ကျ‌နော်တို့ဘက်က ဆုံးဖြတ်တာ မဟုတ်ပါဘူး။

‌မေး။ ။ ဘာများ ဖြည့်စွက် ‌ပြောဆိုချင်လဲ။
‌ဖြေ။ ။ ဒီအတိုင်း စကားနဲ့‌ပြောလို့ ယုံကြည်ဖို့ခက်ခဲတယ်ဆိုရင် တကယ်လို့ အ‌ကြောင်းအရာ အတိအကျနဲ့ အ‌ခြေအ‌နေမှန် ‌တွေကို လာ‌ရောက်စုံစမ်းချင်ရင် ကျ‌နော်တို့ ‌ပြောပြလို့ရတယ်။ သူများ‌ပြောတဲ့ ဖြစ်‌နေတဲ့‌နေရာနဲ့ ‌ဒေသခံလူထု‌တွေအ‌နေနဲ့ ဘယ် သူ‌တွေ‌ကြောင့် ခံစား‌နေရတာလဲဆိုတာကို ကျ‌နော်တို့က အမှန်အတိုင်း‌ပြောတာပဲ။ ဒါ‌ပေမယ့် သူတစ်မျိုး ကိုယ်တစ်မျိုး ‌ပြော‌နေ ကြ‌တော့ ရှုတ်ကုန်တာ‌ပေါ့။ ဒါ‌ပေမဲ့ ကျ‌နော်‌ပြောတာ‌တော့ အမှန်တရား‌တွေချည်းပါပဲ။