Home သတင်း အ‌မေရိကန်သံအမတ်နှင့် ‌ကေအဲန်ယူတို့ ဖွံ့ဖြိုး‌ရေး၊ ငြိမ်းချမ်း‌ရေးကိစ္စ ‌တွေ့ဆုံ‌ဆွေး‌နွေး

အ‌မေရိကန်သံအမတ်နှင့် ‌ကေအဲန်ယူတို့ ဖွံ့ဖြိုး‌ရေး၊ ငြိမ်းချမ်း‌ရေးကိစ္စ ‌တွေ့ဆုံ‌ဆွေး‌နွေး

1762

ဇူလိုင် ၂၁ ရက်၊ ၂၀၁၇ ခုနှစ်။ စဖန်း‌ရှောင်း

မြန်မာနိုင်ငံဆိုင်ရာ အ‌မေရိကန်နိုင်ငံသံအမတ် Mr. Scot Marciel ဦး‌ဆောင်‌သောအဖွဲ့နှင့် ကရင်အမျိုးသားအစည်းအရုံး KNU မှ တာဝန်ရှိသူအချို့တို့သည် ယ‌နေ့ (ဇူလိုင်လ ၂၁ ရက်‌နေ့) မနက်ပိုင်းက ဖားအံမြို့ရှိ KNU ဆက်ဆံ‌ရေးရုံးတွင် ‌တွေ့ဆုံပြီး ဖွံ့ဖြိုး‌ရေးနှင့်ငြိမ်းချမ်း‌ရေးဆိုင်ရာ ကိစ္စရပ်များကို ‌ဆွေး‌နွေးမှုများပြုလုပ်ခဲ့‌ကြောင်း သိရသည်။

မြန်မာနိုင်ငံဆိုင်ရာ အ‌မေရိကန်နိုင်ငံသံအမတ် Mr. Scot Marciel ဦး‌ဆောင်‌သော အဖွဲ့ဝင် ၅ ဦးကို KNU ဘက်မှ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်-KNLA စစ်‌ထောက်ချုပ် ဗိုလ်ချုပ်‌စောအိုင်းဇက်ဖိုး၊ နိုင်ငံခြား‌ရေးဌာနတာဝန်ခံ ပဒို‌စော‌တောနီး၊ KNU ဖားအံဆက်ဆံ‌ရေးရုံးတာဝန်ခံတို့က တစ်နာရီ‌ကျော်ကြာ လက်ခံ‌တွေ့ဆုံ ‌ဆွေး‌နွေးခဲ့ကြခြင်းဖြစ်ပြီး ယင်း ‌တွေ့ဆုံ‌ဆွေး‌နွေးမှုများနှင့်ပတ်သက်၍ KNU နိုင်ငံခြား‌ရေးဌာန တာဝန်ခံ ပဒို‌စော‌တောနီးက ယခုလို‌ပြောသည်။

၎င်းက “သံအမတ်ကြီး ကိုယ်တိုင်လာ‌ရောက်ပြီး‌တော့ ငြိမ်းချမ်း‌ရေးနဲ့ပတ်သက်တဲ့ဖွံ့ဖြိုး‌ရေးအစီအစဉ်‌တွေမှာ ရပ်ရွာ လူထု‌တွေအတွက် အကူအညီ‌တွေရှိတယ်။ ဒါ‌ပေမယ့်သူ‌ပြောပုံအရ‌တော့ ကြီးကြီးမားမား ‌တော့မဟုတ်ဘူး ‌ပေါ့။ အထူးသဖြင့် ပညာ‌ရေး၊ ကျန်းမာ‌ရေးကိစ္စ‌တွေမှာ‌ပေါ့။ အဲဒီအကူအညီ‌တွေနဲ့ပတ်သက်ပြီး ကျ‌နော်တို့ သ‌ဘောထား ဘယ်လိုရှိလဲဆိုတာ လာ‌ရောက်‌မေးမြန်းခြင်းဖြစ်တယ်။ အဲဒါ‌တွေအပြင် ကျ‌နော်တို့ဘက်က‌တော့ ငြိမ်းချမ်း‌ရေးကိစ္စကို အဓိကထား‌ဆွေး‌နွေးဖြစ်တယ်” ဟု ‌ကေအိုင်စီသို့‌ပြောသည်။

ထို့အပြင် ‌တွေ့ဆုံမှုတွင် သံအမတ်ကြီးမှ ဖွံ့ဖြိုး‌ရေးကိစ္စအ‌ပေါ် KNU သ‌ဘောထားနှင့် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင် လုပ်ငန်းစဉ် များနှင့်ပတ်သက်ပြီး ၎င်းသိရှိလိုသည့်အ‌ကြောင်းအရာများကို ‌မေးမြန်း‌ဆွေး‌နွေးခဲ့ကြသည့်အပြင် KNU ဘက်မှ ငြိမ်းချမ်း‌ရေး အ‌ကောင်အထည်‌ဖော်မှုဖြစ်စဉ်များနှင့်ပတ်သက်သည့် အ‌ခြေအ‌နေများ၊ လိုလားချက်များ ကိုပါ ထည့်သွင်း ‌ဆွေး‌နွေးခဲ့ကြ ‌ကြောင်း သိရသည်။

“အထူးသဖြင့် ‌ဆွေး‌နွေးဖြစ်တာက အခုလက်ရှိ အစိုးရသစ်တက်လာပြီး‌နောက် NCA ‌ဖော်‌ဆောင်မှုအဆင့် ဆင့်တိုင်းမှာ အားနည်းချက်‌တွေ လမ်း‌ကြောင်း‌ချော်သွားတာ‌တွေရှိတယ်လို့ ယူဆတဲ့အ‌ပေါ်မှာ တစ်ခုချင်း စီသုံးသပ်ပြီးပြန်လည်ပြင် ဆင်ဖို့လိုအပ်တယ်ဆိုတာကို ကျ‌နော်တို့‌ဆွေး‌နွေးဖြစ်ကြတယ်။ အထူးသဖြင့် ဒီကိစ္စ‌တွေအ‌ပေါ်မှာ နိုင်ငံ‌တော်အစိုးရဘက်က အချိန်ယူပြီး အလွတ်သ‌ဘော များများ‌တွေ့ဆုံဖို့‌ဆွေး‌နွေးဖို့ လိုအပ်တယ်ဆိုတဲ့ ကျ‌နော်တို့ သ‌ဘောထားကို ‌ပြောပြလိုက်တယ်” ဟု ပဒို‌စော‌တောနီးက ‌ပြောသည်။

ထို့အပြင် ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်‌နေသည့်ကာလအတွင်း ပြည်ပ‌ရောက် ကရင်အမျိုးသားများနှင့်ပိုမိုပူး ‌ပေါင်းချိတ် ဆက်‌ဆောင်ရွက်နိုင်‌ရေးကိစ္စနှင့်ပတ်သက်ပြီး ကူညီ‌ပေးနိုင်သည့်အ‌ခြေအ‌နေများ၊ ခွဲထွက်‌ရေး စကားရပ်နှင့်ပတ်သက်သည့် KNU သ‌ဘောထားများ၊ ဒုက္ခသည် ဆိုင်ရာကိစ္စရပ်များကိုပါ ထည့်သွင်း ‌ဆွေး‌နွေးခဲ့ကြသည်ဟု သိရသည်။

အ‌မေရိကန် သံအမတ်ဦး‌ဆောင်သည့်အဖွဲ့သည် ယမန်‌နေ့(ဇူလိုင် ၂ဝ)ရက်‌နေ့ကလည်း ကရင်ပြည်နယ်အတွင်းရှိ အရပ်ဖက် လူမှုအဖွဲ့ အစည်းများနှင့် ‌တွေ့ဆုံခဲ့ပြီး ယင်း‌တွေ့ဆုံမှု အ‌ခြေအ‌နေများကို ကရင်‌ရေးရာ‌ကော်မတီ (KAC) အတွင်း‌ရေးမှူး ‌စော‌ကျော်စွာက ယခုလို ‌ပြောသည်။

သူက “အစိုးရနဲ့‌ကေအဲန်ယူ ပူး‌ပေါင်းပြီး ကျန်းမာ‌ရေး အ‌ထောက်အကူပြုလုပ်ငန်းလုပ်‌နေတဲ့အ‌ပေါ်မှာ ဒါကို သူ့အ‌နေနဲ့ငြိမ်းချမ်း‌ရေး အတွက် အ‌ထောက်အကူပြုတယ်လို့ သူမြင်တာ‌ပေါ့။ ငြိမ်းချမ်း‌ရေးအ ‌ထောက်အကူဖြစ်‌စေမယ့် ဟာ‌တွေကို အစိုးရနဲ့ ‌ကေအဲန်ယူက‌နေ ‌သေး‌သေး‌လေးက‌နေစလုပ်ပြီး ယုံကြည်မှုတည်‌ဆောက်နိုင်မှသာ ‌နောက်ဆုံးငြိမ်း ချမ်း‌ရေးရနိုင်မယ်လို့ သူ‌ပြောတာ‌ပေါ့။ ကျ‌နော်တို့က‌တော့ ဒီလိုဆိုရင် အချိန်အခါနဲ့‌နေရာကိုကြည့်ပြီး‌တော့စဉ်းစား‌ပေးဖို့ ‌ပြောဖြစ်ပါတယ်။ သူတို့အ‌နေနဲ့က‌တော့ ငြိမ်းချမ်း‌ရေးကိုတိုက်ရိုက် လုပ်တာမဟုတ်ပဲနဲ့ ဖွံ့ဖြိုး‌ရေးက‌နေတစ်ဆင့် ငြိမ်းချမ်း‌ရေးကိုတည် ‌ဆောက်နိုင်မယ့်နည်းလမ်းမျိုးဆိုရင်‌တော့ သူတို့စိတ်ဝင်စားတယ်။ ဝိုင်းဝန်းကူညီ‌ပေးဖို့ သ‌ဘောထားရှိပါတယ်လို့ သူတို့ ‌ပြောပါတယ်။”ဟု‌ပြောသည်။

အ‌မေရိကန် သံအမတ် ဦး‌ဆောင်သည့်အဖွဲ့အ‌နေဖြင့် ယ‌နေ့ KNU နှင့်‌တွေ့ဆုံပြီး‌နောက် ကရင်ပြည်နယ် အစိုးရ အဖွဲ့နှင့်ဆက်လက်‌တွေ့ဆုံသွားမည်ဖြစ်‌ကြောင်း သိရသည်။ အ‌မေရိကန်သံအမတ်နှင့် KNU တို့၏ ယခု‌တွေ့ဆုံမှုမှာ ပထမဆုံးအကြိမ်ဖြစ်သည်ဟု သိရသည်။