Home သတင်း NCA ထိုးထားသည့်အဖွဲ့၏ ဆက်ဆံ‌ရေးရုံး တာဝန်ခံများအတွက် ငြိမ်းချမ်း‌ရေး‌ခေါင်း‌ဆောင်မှုသင်တန်း က‌မ္ဘောဒီးယားတွင် ပြုလုပ်‌ပေး

NCA ထိုးထားသည့်အဖွဲ့၏ ဆက်ဆံ‌ရေးရုံး တာဝန်ခံများအတွက် ငြိမ်းချမ်း‌ရေး‌ခေါင်း‌ဆောင်မှုသင်တန်း က‌မ္ဘောဒီးယားတွင် ပြုလုပ်‌ပေး

1905

ဇူလိုင် ၁၁ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောရှား

တစ်နိုင်ငံ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA လက်မှတ်‌ရေးထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင် ‌တော်လှန်‌ရေးအဖွဲ့အစည်း ၈ ဖွဲ့မှ ဆက်ဆံ‌ရေး ရုံးတာဝန်ရှိသူများအတွက် ငြိမ်းချမ်း‌ရေး‌ခေါင်း‌ဆောင်မှုဆိုင်ရာသင်တန်း (Peace Leadership Training) တစ်ခုကို က‌မ္ဘောဒီးယားနိုင်ငံ၊ စီအန်ရိမြို့တွင် ဇူလိုင် ၇ ရက်မှ ၁၁ ရက်‌နေ့အထိ ပြုလုပ် ‌ပေးခဲ့သည်ဟု သိရသည်။

အဆိုပါ သင်တန်းကို ငြိမ်းချမ်း‌ရေးနှင့် ပဋိပက္ခဆိုင်ရာ ‌လေ့လာ‌ရေးဗဟို (Central for Peace and Conflict Study-PPCS) က စီစဉ် ပြုလုပ်‌ပေးခြင်းဖြစ်ပြီး ငြိမ်းချမ်း‌ရေးနှင့် ပဋိပက္ခဆိုင်ရာ ဖြစ်စဉ်တို့တွင် ရင်ဆိုင်‌နေရ‌သော အခက်အခဲပြဿနာများ ကို ‌ကျော်လွှားနိုင်ရန် ရည်ရွယ်ပြုလုပ်‌ပေးခြင်းဖြစ်သည်ဟု ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး၏ တွဲဘက်အတွင်း ‌ရေးမှူး ၂ ပဒို ‌စောလှထွန်းက ‌ပြောသည်။

ပဒို‌စောလှထွန်းက “ငြိမ်းချမ်း‌ရေး‌ဖော်‌ဆောင်မှုဖြစ်စဉ်‌တွေမှာ ပါဝင်‌နေတဲ့လူ‌တွေအတွက် အခက်အခဲပြဿနာ ‌တွေကို ‌ကျော်ဖြတ်တဲ့အခါ သိသင့်သိထိုက်တဲ့ အရည်အချင်း‌တွေ ‌ဆောင်ရန်၊ ‌ရှောင်ရန်‌တွေကို သင်ကြား‌ပေးလို့ ဒီသင်တန်းက လိုအပ်ပါတယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

PPCS မှ သင်တန်းဆရာများမှ သင်ကြား‌ပေးပြီး NCA ထိုးထား‌သော တိုင်းရင်းသားလက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အ စည်း ၈ဖွဲ့မှ ဆက်ဆံ‌ရေးရုံးတာဝန်ရှိသူများနှင့် စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူအချို့အပါအဝင် စုစု‌ပေါင်း ၂ဝ ဦးဖြင့် တက် ‌ရောက်ခဲ့သည့် ယင်းသင်တန်းတွင် နံနက်ပိုင်းအချိန်၌ သင်တန်းပို့ချခြင်းများပြုလုပ်ကာ မွန်းလွဲပိုင်း၌ သင်တန်း၏ အနီးအနားရှိ စစ်သမိုင်းပြတိုက်များနှင့် အခြား‌သော‌နေရာများအား ‌လေ့လာမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

သင်တန်းတက်‌ရောက်‌နေ‌သော ဘိတ်ထားဝယ်ခရိုင် ‌ကေအဲန်ယူ ဆက်ဆံ‌ရေးရုံးမှ ရုံးတာဝန်ခံ ပဒို‌စောဖလို့စိုးဝင်းက “သင်တန်းမှာ ရတဲ့ပညာ‌တွေကို ပြန်လည် မျှ‌ဝေရမှာ‌ပေါ့။ အဓိက က‌တော့ ကိုယ်နဲ့နီးစပ်တဲ့ လက်‌အောက်ငယ်သား‌တွေကို သင်ကြား ‌ပေးရမယ်။ အမြဲသင်ယူ‌လေ့လာ ရမယ်။ အမြဲအမြင်ချင်း ဖလှယ်ရမယ်။” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခု ငြိမ်းချမ်း‌ရေး‌ခေါင်း‌ဆောင်မှု သင်တန်းကို သင်ရိုးအမှတ်စဉ် (Module) ၁ ၊ သင်ရိုးအမှတ်စဉ် ၂၊ သင်ရိုးအမှတ်စဉ် ၃ ၊ သင်ရိုးအမှတ်စဉ် ၄ ဟူ၍ သတ်မှတ်ကာ သင်ကြား‌ပေးရမည်ဖြစ်ပြီး ယခုအကြိမ်မှာ သင်ရိုး အမှတ်စဉ် ၂ သင်တန်း ဖြစ်သည်။ ၂၀၁၇ ခုနှစ်၊ ‌မေလကလည်း သင်ရိုးအမှတ် ၁ ကို သင်ကြားပြီးစီးခဲ့ကာ သင်ရိုးအမှတ် ၃ နှင့် သင်ရိုးအမှတ် ၄ သင်တန်းကိုလည်း ယခု တက်‌ရောက်‌နေ‌သော ‌နေရာနှင့်လူများကပင် နှစ်လတစ်ကြိမ် တက်‌ရောက်သွားရန် စီစဉ်ထား ‌ကြောင်းသိရသည်။