Home သတင်း ဆန္ဒအ‌လျောက် ‌နေရပ်ပြန်ကြမည့် ဒုက္ခသည် ၁၆ဝ ‌ကျော်ကို ‌တွေ့ဆုံ‌မေးမြန်းပြီး ပြန်ပို့ရန် စီစဉ်‌နေ

ဆန္ဒအ‌လျောက် ‌နေရပ်ပြန်ကြမည့် ဒုက္ခသည် ၁၆ဝ ‌ကျော်ကို ‌တွေ့ဆုံ‌မေးမြန်းပြီး ပြန်ပို့ရန် စီစဉ်‌နေ

2167

ဇူလိုင် ၁၁ ရက်၊ ၂၀၁၇ခုနှစ်။ စအိုင်ဆူး

ထိုင်း-မြန်မာနယ်စပ်ရှိ မယ်လ၊ အုန်းဖျန်နှင့် နို့ဖိုးဒုက္ခသည် စခန်း ၃ ခုမှ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်ရန် စာရင်းတင်ထား သည့် ဒုက္ခသည် ၁၆ဝ ‌ကျော်ကို ကမ္ဘာ့ကုလသမဂ္ဂဆိုင်ရာ မဟာမင်းကြီးရုံး-UNHCRမှ ဇူလိုင် ၈ ရက်‌နေ့မှစ၍ သွား‌ရောက် ‌မေးမြန်းမှုများ ပြုလုပ်ပြီး ‌နေရပ် ပြန်လည်ပို့‌ဆောင်ရန် စီစဉ်‌နေသည်ဟု ဒုက္ခသည်စခန်း တာဝန်ရှိ သူများက ‌ပြောသည်။

ဒုက္ခသည်စခန်းအတွင်းရှိ ‌နေရပ်ပြန်လိုသူများအတွက် UNHCR မှ ဖွင့်လှစ်‌ပေးထားသည့် ဆန္ဒအ‌လျောက် ဌာ‌နေပြန်သွား ‌ရေး အကျိုး‌ဆောင်ဌာန (Voluntary Repatriation Center –VRC) မှ တစ်ဆင့် အမည်စာရင်း လာ‌ရောက်‌ပေးသွင်းထား သည့် အိမ်‌ထောင်စုများကို UNHCR ကိုယ်စားလှယ်များ၊ ဘန်‌ကောက်မြို့မှ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံးအရာရှိများက လာ‌ရောက် ‌မေးမြန်းမှုများပြုလုပ်ခြင်းဖြစ်သည်ဟု ထာ့‌ဆောင်ယန်းမြို့နယ်ရှိ မယ်လဒုက္ခသည်စခန်း၏ ဥက္ကဌဖြစ်သူ ‌စော ‌အောနက် က‌ပြောသည်။

၎င်းက “ပြီးခဲ့တဲ့ ၈ရက်‌နေ့က UNHCR ကျ‌နော်တို့ စခန်းတာဝန်ရှိသူ‌တွေကို ဆင့်‌ခေါ်လိုက်တယ်။ အဲ့မှာ ကျ‌နော်တို့ သိရသ ‌လောက် VRC ဌာနမှာ ‌နေရပ်ပြန်ဖို့ အမည်လာတင်ထားတာ အိမ်‌ထောင်စု‌ပေါင်း ၂၈ စုရှိတယ်။ ဒါ‌ပေမဲ့ အဲ့‌နေ့က ‌မေးမြန်းခံ တာ အိမ်‌ထောင်စု ၂၂ စု‌လောက်ပဲ လာတယ်။ လူဦ‌ရေအားဖြင့် ၈၉ဦးရှိတယ်။ ဒီ‌လောက်ပဲ ကျ‌နော်တို့ သိရတယ်။ ဘယ်အ ချိန်ဘယ်‌နေရာကို ဘယ်လိုပုံစံနဲ့ပြန်ပို့မလဲဆိုတာ‌တော့ ကျ‌နော်တို့လည်း မသိရဘူး ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းအပြင် ဖုတ်ဖရ မြို့နယ်၊ အုန်းဖျန်ဒုက္ခသည်စခန်းရှိ ‌နေရပ်ပြန်ရန် စာရင်း‌ပေးထားသည့် အိမ်‌ထောင်စု ၇ စုမှ လူဦး‌ရေ ၃၉ ဦးကို ဇူလိုင်လ ၉ ရက်‌နေ့က UNHCR ဦး‌ဆောင်သည့် ကိုယ်စားလှယ်အဖွဲ့များမှ သွား‌ရောက် ‌မေးမြန်းမှုများ ပြုလုပ်ခဲ့ပြီး ပြန်ပို့ရန် စီစဉ်‌နေသည်ဟု အုန်းဖျန် ဒုက္ခသည်စခန်းဥက္ကဌ ‌စောဝါးထီးက ‌ပြောသည်။

၎င်းက “သူတို့(UNHCR)‌ပြောတာ‌တော့ အနည်းဆုံး နှစ်လ ‌လောက်ဆိုရင် ပြန်လို့ရပြီးတဲ့။ ကျ‌နော် သိရသ‌လောက်ဆိုရင် VRCက ‌နေ ပြန်မဲ့သူ‌တွေကို လူတစ်ဦးချင်း အ‌နေနဲ့ လူကြီး ဆိုရင်တစ်ဦးကို ဘတ်‌ငွေ ၈,၃၀၀၊ အသက် ၁၈နှစ်‌အောက် ဆိုရင် ဘတ်‌ငွေ ၆,၅၀ဝနဲ့ အမျိုးသမီး အသုံးအ‌ဆောင်ပစ္စည်းအချို့လည်းပါမယ်လို့ သိရတယ် ”ဟု ‌ပြောသည်။

ထို့အတူ အုန်းဖန်မြို့နယ်ရှိ နို့ဖိုး ဒုက္ခသည်စခန်းတွင်လည်း ဇူလိုင် ၁ဝ ရက်နှင့် ၁၁ ရက်(ယမန်‌နေ့)တို့တွင် UNHCR ကိုယ်စားလှယ်အဖွဲ့များမှ ‌နေရပ်ပြန်ရန် စာရင်း‌ပေးထားသည့် အိမ်‌ထောင်စု ၁၂ စုမှ လူဦး‌ရေ ၄ဝ ဦးကို သွား‌ရောက် ‌မေးမြန်းမှုများ လုပ်‌ဆောင်ခဲ့သည်ဟု စခန်းအတွင်း‌ရေးမှူး(၂) ‌စောအယ်သားက ‌ကေအိုင်စီသို့ ‌ပြောသည်။

UNHCR နှင့် ထိုင်းအာဏာပိုင်တို့၏ ညှိနှိုင်းလုပ်‌ဆောင်မှုများအရ ယင်း VRC ဌာနများကို ၂၀၁၆ ခုနှစ်မှ စတင်ကာ ဒုက္ခ သည်စခန်း အသီးသီးတွင် စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။ ‌နေရပ်ပြန်လိုသူများအတွက် ‌ဆွေး‌နွေးလမ်း ညွှန်မှု များ‌ပေးခြင်း၊ မိုင်းအသိပညာ‌ပေးခြင်း၊ ‌နေရပ်ပြန်ခရီးစဉ်များ၊ ဘဝပြန်လည်ထူ‌ထောင်‌ရေးနှင့် စားနပ်ရိက္ခာများအတွက် ‌ငွေ ‌ကြေးအကူအညီ‌ပေးခြင်းအပြင် ‌ဘေးကင်းလုံခြုံမှုရှိ‌ရေးအတွက်လည်း လမ်းညွှန်ကူညီ‌ပေးသွားမည်ဖြစ်‌ကြောင်း ယင်း VRC ဌာနက ထုတ်ပြန်ထားသည်။

၂ဝ၁၆ ခုနှစ်က ပထမအသုတ်အဖြစ် ‌နေရပ်ပြန်ကြသည့် နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည်များ။

ဒုက္ခသည်များ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်နိုင်‌ရေး အစီအစဉ်များ ဖြစ်‌ပေါ်လာပြီး‌နောက် နို့ဖိုးဒုက္ခသည်စခန်းမှ ဒုက္ခသည် မိသားစု ၁၉စုမှာ ၎င်းတို့ ဆန္ဒအရ ထိုင်း-မြန်မာ နှစ်နိုင်ငံအစိုးရနှင့် UNHCR တို့၏ အစီအစဉ်ဖြင့် ၂၀၁၆ ခုနှစ်၊ ‌အောက်တို ဘာလ ၂၆ ရက်‌နေ့တွင် ပထမဆုံးအသုတ်အဖြစ် ‌နေရပ်သို့ ပြန်လည်ပို့‌ဆောင်ခဲ့ပြီး (၉)လအကြာတွင် ယခု ဒုတိယ အသုတ်အဖြစ် ပြန်ပို့ရန် အစီအစဉ် ဖြစ်‌ပေါ်လာခြင်းဖြစ်သည်။

၎င်းဒုက္ခသည်များ မိမိဆန္ဒအ‌လျောက် ‌နေရပ်ပြန်‌ရေးနှင့်ပတ်သက်၍ VRC ဌာနမှ လုပ်‌ဆောင်မည့် လုပ်ငန်းစဉ်များတွင် မိမိတို့အ‌နေဖြင့် ပါဝင်သွားမည်မဟုတ်သလို အဆိုပါ ကိစ္စများနှင့်ပတ်သက်ပြီး ၎င်းတို့နှင့် ညှိနှိုင်း‌ဆွေး‌နွေးမှုများ မရှိခဲ့ ‌ကြောင်း ကရင်ဒုက္ခသည် စခန်း ၇ ခုကို ဦး‌ဆောင်လမ်းညွှန်မှု‌ပေး‌နေသည့် ကရင်ဒုက္ခသည်‌ကော်မတီ (KRC)ဘက်မှ ‌ပြောဆို ထားသည်။

‌နေရပ်ပြန်ရန် အမည်စာရင်း‌ပေးထားသည့် နို့ဖိုးဒုက္ခသည်းစခန်းမှ အမည်မ‌ဖော်လိုသူ အမျိုးသမီးတစ်ဦးက “အကူအညီအ ‌ထောက်အပံ့က ဆက်ရှိ မရှိဆိုတာက ကျမတို့မှ မသိတာ။ ကပျာကယာ ပြန်ရဖို့ဖြစ်လာပြီးဆိုရင် နာမည်‌ပေးထားပြီး သား ဖြစ်သွားတာ‌ပေါ့။ တတိယ နိုင်ငံသွားဖို့ကလည်း အခွင့်အ‌ရေးမှ မရှိ‌တော့တာ။ အခုလည်း အကူအညီကအများကြီး ‌လျော့ နည်းလာတယ် ” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်ရှိ ဒုက္ခသည်စခန်းများတွင် ခိုလှုံလျှက်ရှိသည့် ဒုက္ခသည်‌ပေါင်း ၁၀၂,၆၀၇ဦး ရှိ‌ကြောင်း ၂၀၁၆ခု နှစ်အတွက် UNHCR က ထုတ်ပြန်ထားသည့် စာရင်းများအရ သိရပြီး အများစုမှာ လက်ရှိ မြန်မာနိုင်ငံ‌ရေး အ‌ခြေ အ‌နေများ‌ကြောင့် ‌နေရပ်ပြန်နိုင်‌ရေး အစီအစဉ်များအ‌ပေါ် ‌စောင့်ကြည့်‌နေဆဲဖြစ်သည်ဟု ဒုက္ခသည်များက ‌ပြောဆို ‌နေကြသည်။