Home သတင်း မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသားများ အကစွမ်းရည်ယှဉ်ပြိုင်

မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသားများ အကစွမ်းရည်ယှဉ်ပြိုင်

3530

ဇူလိုင် ၂၁ရက်၊ ၂၀၁၇ခုနှစ်။ ‌စောရှား

စူဝမ်နမစ်ပညာ‌ရေး‌ဖောင်‌ဒေးရှင်းက ဦး‌ဆောင်ကာ ထိုင်းနိုင်ငံ၊ မဲ‌ဆောက်မြို့၊ က‌လေးများဖွံ့ဖြိုးတိုးတက် ‌ရေးစင်တာ(Children Development Center – CDC) အထက်တန်း‌ကျောင်းခန်းမတွင် မဲ‌ဆောက်‌ဒေသရှိ ‌ရွှေ့‌ပြောင်းမြန်မာအထက်တန်း‌ကျောင်း ၃‌ကျောင်းမှ ‌ကျောင်းသူ‌ကျောင်းသားများက ၎င်းတို့၏ အကစွမ်းရည်ကို ဇူလိုင်လ ၂၁ရက်(ယ‌နေ့)တွင် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။

အဆိုပါပြိုင်ပွဲကို ရိုးရာယဉ်‌ကျေးမှုအကများကို ထိန်းသိမ်းရန်နှင့် က‌လေးများ၏ပင်ကိုယ် အရည်အ‌သွေးများကို မြှင့်တင်‌ပေးရန် ရည်ရွယ်ကာ CDC၊ သူးမွဲခီး၊ ဆာသူး‌လေ‌ကျောင်းများမှ အ‌ခြေခံပညာ ‌ကျောင်းသား၊‌ကျောင်းသူများက ကရင်ဒုံးအက၊ ဟစ်ပ် ‌ဟော့ပ်(Hip Hop) အက၊ ‌ခေတ်‌ပေါ်အက စသည့် အကပြိုင်ပွဲသုံးခုဖြင့် ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်‌ကြောင်း ပွဲဖြစ်‌မြောက် ‌ရေးတာဝန်ခံ ‌စောကွိက ‌ပြောသည်။

၎င်းက “‌ကျောင်းစာသာမက တခြားပင်ကိုယ် အရည်အ‌သွေး‌တွေအတွက် ပြင်ဆင်ယှဉ်ပြိုင်ပြီး တိုးတက်လာဖို့ ရည်ရွယ်ပါတယ်။ ‌ခေတ်‌ပေါ်အက‌တွေက ‌နေရာတိုင်းမှာ ‌တွေ့နိုင်‌ပေမယ့် ကရင်အကကျ‌တော့ ကရင်အသိုင်းအဝိုင်း‌တွေ‌လောက်မှာပဲ မြင်‌တွေ့တာ များတယ်။ ဒါ‌ကြောင့် ကမ္ဘာကပါ မြင်‌တွေ့နိုင်ဖို့ ကရင်အကကို ထည့်သွင်းယှဉ်ပြိုင်တာပါ”ဟု ‌ပြောသည်။

အကစွမ်းရည်ပြိုင်ပွဲတွင် ကရင်ဒုံးအက ပထမဆုကို ဆာသူး‌လေ‌ကျောင်းမှလည်း‌ကောင်း၊ Hip Hop နှင့် ‌ခေတ်‌ပေါ်အကပြိုင်ပွဲ ပထမဆုကို CDC ‌ကျောင်းမှလည်‌ကောင်း ရရှိခဲ့ပြီး ပွဲတာဝန်ရှိသူများ၊ နိုင်ငံခြားဧည့်သည်‌တော်များ၊ ဆရာ၊ဆရာမများ၊ ‌ကျောင်း သား‌ကျောင်းသူများ အပါအဝင် စုစု‌ပေါင်း ၆၀၀‌ကျော် လာ‌ရောက်အား‌ပေးခဲ့ကြသည်။

ဆာသူး‌လေ‌ကျောင်းမှ ကရင်အက လာ‌ရောက်ယှဉ်ပြိုင်သည့် ၁၁တန်း‌ကျောင်းသား ‌စောအုန်းညွန့်စိန်က “၂နှစ် ဆက်တိုက် ကရင်ဒုံးအကမှာ ပထမဆုရတာ အရမ်းဝမ်းသာပါတယ်။ ကိုယ့်လူမျိုးရဲ့အကကို အများကလည်း မြင်ဖူးသည်ရှိရ‌အောင်၊ ကိုယ် ကိုယ်တိုင်ကလည်း ရိုးရာအကကို ထိန်းသိမ်းချင်တာရယ်၊ ကတာ ဝါသနာပါတာရယ်‌ကြောင့် ‌နောက်နှစ်‌တွေမှာလည်း ဆက် ကသွားဖို့ရှိပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

မဲ‌ဆောက်‌ဒေသရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများ ပထမအကြိမ်‌မြောက်ပြိုင်ပွဲကို ၂၀၁၆ခုနှစ်တွင်တစ်ကြိမ် စတင်ကျင်းပခဲ့ပြီး အကအပြင် သီချင်းဆိုနှင့် Model ပြိုင်ပွဲများတွင် အဆိုပါ‌ကျောင်း ၃‌ကျောင်းမှ ပြိုင်ပွဲတစ်ခုချင်းစီ လက်ခံယှဉ်ပြိုင် ကျင်းပခဲ့ကြ သည်။

ယခုနှစ် ဒုတိယအကြိမ်‌မြောက် အကပြိုင်ပွဲကို CDC ‌ကျောင်း၌လည်း‌ကောင်း၊ သီချင်းဆိုပြိုင်ပွဲကို လာမည့် ‌အောက်တိုဘာလနှင့် နိုဝင်ဘာလများတွင် သူးမွဲခီး၌လည်း‌ကောင်း၊ Model(‌မော်လ်ဒယ်)ပြိုင်ပွဲကို ဆာသူး‌လေ‌ကျောင်းတွင်လည်း‌ကောင်း အလှည့်ကျ လက်ခံပြုလုပ်သွားမည်ဟု ပွဲဖြစ်‌မြောက်‌ရေး တာဝန်ရှိသူထံမှ သိရသည်။