Home သတင်း ကရင်ပါတီများ ‌ပေါင်းစည်း‌ရေး အ‌လေးထား ‌ဆောင်ရွက်‌နေ‌ကြောင်း KPP ‌ပြောဆို

ကရင်ပါတီများ ‌ပေါင်းစည်း‌ရေး အ‌လေးထား ‌ဆောင်ရွက်‌နေ‌ကြောင်း KPP ‌ပြောဆို

2221

ဇွန် ၁၈ ရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

ကရင်နိုင်ငံ‌ရေးပါတီများ ‌ပေါင်းစည်း‌ရေးအတွက် အ‌လေးထား လုပ်‌ဆောင်‌နေသည်ဟု ဇွန်လ ၁၇ရက်‌နေ့တွင် ရန်ကုန်မြို့၊ မရမ်း ကုန်းမြို့နယ်၊ မြန်မာနိုင်ငံခရစ်ယာန် မျက်မမြင်‌ကျောင်းခန်းမ၌ ပြုလုပ်သည့် ကရင်ပြည်သူ့ပါတီ၏ ၇ကြိမ်‌မြောက် နှစ်ပတ်လည် အခမ်းအနားနှင့် ဗဟို‌ကော်မတီ အစည်းအ‌ဝေးတွင် ပါတီဥက္ကဌ ‌စောထွန်း‌အောင်မြင့်က ‌ပြောသည်။

၎င်းက “ကျ‌နော်တို့ ကရင်နိုင်ငံ‌ရေးပါတီများ ‌ပေါင်းစည်း‌ရေးမှာလည်း လွယ်လွယ်‌ပေါင်းလွယ်လွယ်ပျက် မဖြစ်‌စေဖို့အတွက် ‌ပေါင်းစည်း‌ရေးကို တဖက်က‌နေပြီး‌တော့ တစိုက်မတ်မတ် ဦးတည်‌နေသလို ‌ပေါင်းစည်း‌ရေးကို ‌ရေရှည်တည်တံ့ဖို့အတွက် အ‌လေးအနက်ထား ‌ဆောင်ရွက်‌နေပါတယ်လို့လည်း ကျ‌နော်တင်ပြလိုပါတယ်။ ကျ‌နော်တို့ ဖြစ်လိုတဲ့ဆန္ဒကိုလည်း မပစ်ပယ်ပါ ဘူး။ ဒါ‌ပေမဲ့ ဖြစ်သင့်ဖြစ်ထိုက်တဲ့ ဖြစ်နိုင်တဲ့အရာ‌တွေကို ဦးစား‌ပေးပြီး‌တော့ ကျ‌နော်တို့ ‌ဆောင်ရွက်‌နေပါတယ်”ဟု ‌ပြောသည်။

လက်ရှိ ကရင်ပြည်နယ်တွင် ကရင်နိုင်ငံ‌ရေးပါတီ ၃ပါတီရှိပြီး ပြည်နယ်ပြင်ပ ရန်ကုန်မြို့ အ‌ခြေစိုက် ကရင်နိုင်ငံ‌ရေးပါတီ ၂ပါတီရှိ ကာ အဆိုပါ ပါတီ ၅ခု ‌ပေါင်းစည်း‌ရေးအတွက် ၂၀၁၅ ‌ရွေး‌ကောက်ပွဲအပြီးတွင် စတင်လုပ်‌ဆောင်ခဲ့ခြင်းဖြစ်သည်။ ၂၀၁၆ခုနှစ်က ပါတီ‌ပေါင်းစည်း‌ရေး အစည်းအ‌ဝေးများ အကြိမ်ကြိမ် ပြုလုပ်ခဲ့‌သော်လည်း မ‌အောင်မြင်‌သေးသလို ယခုနှစ်အတွင်း၌လည်း ‌ပေါင်းစည်း‌ရေးအတွက် အစည်းအ‌ဝေးများ ထပ်မံ ပြုလုပ်နိုင်ခြင်း မရှိ‌သေး‌ကြောင်း ကရင်ပါတီများထံမှ သိရသည်။

ပြီးခဲ့သည့် ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကရင်ပါတီများ တိုးပွားလာကာ အချင်းချင်းယှဉ်ပြိုင်ရာတွင် ကရင်လူထု မဲများ ပြန့်သွားပြီး ယင်းမှာ ပါတီတစ်ခုခြင်းအတွက် အင်းအားယုတ်‌လျော့ခြင်းဖြစ်ကာ ကရင်ပါတီများ ‌ပေါင်းစည်း‌ရေးခက်ခဲ‌နေပါက မဟာမိတ်ဖွဲ့နိုင် ‌ရေးအတွက် ကြိုးစား‌ဆောင်ရွက်ရမည်ဖြစ်သလို ကရင်ပြည်သူ့ပါတီအ‌နေဖြင့် ပြည်သူနှင့် တစ်သားတည်းဖြစ်ရန် လုပ်‌ဆောင်ရ မည်ဟု ပါတီနာယက အငြိမ်းစားပါ‌မောက္ခ‌စောထွန်း‌အောင်ချိန်က ‌ပြောသည်။

သူက “ပြည်သူ‌တွေ ‌နေ့စဉ်ကြုံ‌တွေ့‌နေရတဲ့ စီးပွား‌ရေး၊ လူမှု‌ရေးပြဿနာ စသည်ဖြင့် အမျိုးမျိုးရှိပါတယ်။ ဒါ‌တွေဟာ ပါတီရဲ့ အ‌ရေးအရာကိစ္စ‌တွေဖြစ်ပါတယ်။ ပြည်သူ‌တွေအတွက် ပါဝင်‌ဖြေရှင်းရမဲ့ တာဝန်ရှိပါတယ်။ အစိုးရက မကြာ‌သေးခင်က ‌ကြေညာ ခဲ့ပါတယ်။ ပြည်သူနဲ့တူတဲ့ အစိုးရဟာ ပြည်သူနဲ့အတူ ရှိ‌နေတယ်တဲ့။ ‌ကေပီပီက‌တော့ဖြင့် ပြည်သူနဲ့တစ်သားတည်းဖြစ်တယ်လို့ ‌ပြောရမယ်။ တူနဲ့ သား ကွဲပြားပါတယ်။ တူက ပိုပြီး‌တော့ ‌ဝေးပါတယ်။ သားက ပိုပြီး‌တော့ နီးပါတယ်။ ‌ကေပီပီဟာ ပြည်သူနဲ့ တစ်သားတည်းဖြစ်တာ ‌ဖော်ပြရုံ ‌ပြောဆိုရုံမကဘဲ လုပ်ပြရမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါ နှစ်ပတ်လည် အခမ်းအနားသို့ ဧရာဝတီ၊ ရန်ကုန်၊ တနသင်္ာရီနှင့် ပဲခူးတိုင်း‌ဒေသကြီး၊ ကရင်နှင့် မွန်ပြည်နယ်မှ ပါတီဗဟို ‌ကော်မတီဝင်များ ဧည့်သည်များ အပါအဝင် စုစု‌ပေါင်း လူ ၁၅၀‌ကျော်တက်‌ရောက်ခဲ့ပြီး ပါတီအ‌နေဖြင့် ၂၁ရာစု ပင်လုံညီလာခံ အပါအဝင် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တွင် ပါဝင်‌ဆောင်ရွက်ခဲ့မှု အ‌ခြေအ‌နေများကို ရှင်းလင်း‌ပြောဆိုခဲ့သလို ‌ဒေသအလိုက် ပါတီဗဟို ‌ကော်မတီများ၏ လှုပ်ရှားမှုများ၊ ‌ရှေ့လုပ်ငန်းစဉ်များကိုလည်း ‌ဆွေး‌နွေးခဲ့ကြသည်။

ကရင်ပြည်သူ့ပါတီကို ၂၀၁ဝခုနှစ်၊ ‌မေလတွင် ရန်ကုန်မြို့အ‌ခြေစိုက်ကာ စတင်တည်‌ထောင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ၂၀၁ဝ ‌ရွေး ‌ကောက်ပွဲတွင် ကိုယ်စားလှယ် ၆‌နေရာ၊ ၂၀၁၅ ‌ရွေး‌ကောက်ပွဲတွင် ကိုယ်စားလှယ် ၁‌နေရာ အနိုင်ရခဲ့သလို လက်ရှိ ပါတီဝင်အင် အား ၁၂၀,၀၀၀‌ကျော်ရှိ‌ကြောင်း ပါတီဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီထံမှ သိရသည်။