Home လူငယ့်အသံ လူငယ့်အမြင် “အနှိမ်ခံ ဘဝက‌နေ ကျမရုန်းထွက်နိုင်ခဲ့တယ်”

“အနှိမ်ခံ ဘဝက‌နေ ကျမရုန်းထွက်နိုင်ခဲ့တယ်”

3007

လူငယ့်အသံ၊ လူငယ့်အမြင်

‌ခြေ‌ထောက်မသန်စွမ်း‌ပေမယ့်လည်း ပရဟိတလုပ်ငန်း၊ လူမှု‌ရေးလုပ်ငန်းနဲ့ ‌ကျေးရွာဖွံ့ဖြိုး‌ရေးလုပ်ငန်း‌တွေမှာ အမြဲတက်ကြွစွာ သွားလာပြီး အများအတွက်လုပ်‌ပေးရရင် ‌ကျေနပ်‌နေတဲ့သူက‌တော့ အသက် ၂၈နှစ်အရွယ် ‌နော်မြနှင်း (ခ) ‌နော်မာရိပဲ ဖြစ်ပါ တယ်။

သူမဟာဆိုရင် ကရင်ပြည်နယ် ဖားအံမြို့နယ် သံလွင်အ‌နောက်ဘက်ခြမ်း ‌ကျောက်တစ်လုံး‌ကျေးရွာအုပ်စု ဝင်းဒရယ်ရွာမှာ ‌နေထိုင်တဲ့ ‌စော‌မောင်ရာ၊ ‌နော်ခင်စန်းရီတို့ရဲ့သမီးဖြစ်ပြီး ‌မွေးချင်း‌မောင်နှမ ၆‌ယောက်အနက် စတုတ္ထ‌မြောက်သမီး ဖြစ်ပါတယ်။

‌မွေးရာပါ ‌ခြေ‌ထောက်မသန်တဲ့ သူမအတွက် ‌ကျောင်းတက်ချင်‌ပေမယ့်လည်း မိဘ‌တွေက ‌ကျောင်းမထားရဲသလို ‌ကျောင်းဆရာ /ဆရာမများရဲ့အား‌ပေးမှု‌ကြောင့် ၈နှစ်အရွယ်မှာ သူမ ‌ကျောင်းတက်ခွင့်ရသွားပြီး‌နောက် ဘဝကို အရှှုံးမ‌ပေးချင်တဲ့ သူမက မိဘ နဲ့ ‌ဝေးရာ‌နေရာကို အခက်အခဲများစွာနဲ့ ‌ကျောင်းတက်ရတယ်လို့ ‌ပြောပါတယ်။

“ကျမ ‌ခြေ‌ထောက်မ‌ကောင်း‌တော့ လူ‌တောထဲမှာ အ‌ဖေအ‌မေ‌တွေက ‌ပေးမသွားဘူး။ အိမ်မှာ‌နေ ထမင်း၊ ဟင်းချက် အဲဒါပဲ လုပ် ‌စေချင်တယ်။ ကြီးလာမှ ‌ကျောင်းစတက်ရတယ်။ ကျမက စာချူချာ‌တော့ စာညံ့တဲ့အထဲမှာပါတယ်။ ၁ဝတန်း တစ်နှစ် ကျတယ်။ မိဘ‌တွေ၊ အစ်မ‌တွေက ‌ကျောင်းဆက်မထား‌တော့ဘူး။ ရွာမှာ ၂နှစ်ပြန်နားပြီး မတတ်နိုင်တဲ့က‌လေး‌တွေကို အခမဲ့ ကျူရှင်ပြ‌ပေး တယ်။ ဝင်‌ငွေရ‌အောင် ကျမ အိမ်မှာ ဝက်‌မွေးတယ်။ ဝက်‌ရောင်းရတဲ့ ပိုက်ဆံနဲ့ ဘယ်သူ့ထံမှ အကူအညီ မ‌တောင်းဘဲ ၁ဝတန်း ပြန်‌ဖြေနိုင်ခဲ့တယ်”ဟု သူမက ‌ပြောပါတယ်။

‌နော်မြနှင်းဟာ မူလတန်းကို ‌မွေးရပ်ဇာတိ ‌နောင်ကျန်ရွာ မူလတန်း‌ကျောင်း၊ အလယ်တန်းနဲ့ အထက်တန်းကို မွန်ပြည်နယ် သထုံမြို့၊ အထက (၂)မှာ တက်‌ရောက်ခဲ့ပြီး မိဘများက ဝင်းဒရယ်‌ကျေးရွာကို ပြန်‌နေထိုင်တဲ့အတွက် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲကို ဝင်းဒရယ်၊ အထက (ခွဲ)မှာ တက်ခဲ့ပါတယ်။ ၂၀၁၂ခုနှစ်မှာ တက္ကသိုလ်ဝင်တန်း ‌အောင်မြင်ခဲ့ပြီး‌နောက် ၂၀၁၃ခုနှစ် ဖားအံတက္ကသိုလ်မှာ ပထဝီ အထူးပြု ဘာသာရပ်နဲ့ အ‌ဝေးသင်စပြီး တက်‌နေပါတယ်။

ဒါ့အပြင် သူမဟာ ‌ကျောင်းတက်ရင်းနဲ့ KDN(Karen Development Network)က ဖွင့်လှစ်တဲ့ အမျိုးသမီး စွမ်းရည်မြင့်သင်တန်း၊ ငြိမ်းချမ်း‌ရေးတည်‌ဆောက်လုပ်ငန်းစဉ် အမြင်ဖွင့်သင်တန်းနဲ့ ‌ကျေးရွာရံပုံ‌ငွေရရှိ‌ရေး စတဲ့သင်တန်းများစွာကို လိုက်တက်ပြီး KDN ရဲ့ လုပ်ငန်းစဉ်တစ်ခုဖြစ်တဲ့ ဆယ်‌ကျော်သက်စီမံကိန်းမှာ ၂၀၁၅ခုနှစ်မှာ စတင်ဝင်လုပ်ခဲ့ပြီး ပညာ‌ပေးလုပ်ငန်း၊ လူမှု‌ရေးလုပ်ငန်း ‌တွေကို လိုက်ပါဝင်ခွင့်ရတဲ့အတွက် ၂၀၁၃ခုနှစ်မှစပြီး သူမ‌နေခဲ့ရတဲ့ အ‌မှောင်ဘဝကို လွတ်‌မြောက်သွားသလို ခံစားရတယ်လို့ သူမက ဆိုပါတယ်။

“မသန်စွမ်းတဲ့လူဆို‌တော့ ကျမပတ်ဝန်းကျင် ကျမမိသားစုကအစ ကျမကို နှိမ်ခဲ့တယ်။ အခု‌တော့အဲဒီ အနှိမ်ခံဘဝက‌နေ ကျမ ရုန်းထွက်နိုင်ခဲ့တယ်လို့ ခံစားရတယ်။ အခုဆိုရင် ကျမကို‌ဖေးမကူညီတဲ့ လူအများကြီးရှိလာပြီး အရင်လို စိတ်ဓာတ်ကျတာ‌တွေ မရှိ‌တော့ဘူး။ ကျမစိတ်ချမ်းသာ‌တော့ ကျန်းမာ‌ရေးလည်း ‌ကောင်းလာတယ်။ ‌ခြေ‌ထောက်မ‌ကောင်း‌ပေမယ့်လည်း ကျမသွားချင် တဲ့‌နေရာ ကျမလုပ်ချင်တဲ့အရာ‌တွေ လုပ်ခွင့်ရပြီး”လို့ ‌နော်မြနှင်းက ‌ပြောပါတယ်။

သူမဟာ မသန်စွမ်းသူဖြစ်‌ပေမယ့်လည်း သူမ‌နေထိုင်တဲ့‌ကျေးရွာမှာ အကူအညီလိုတဲ့ အမျိုးသမီး‌တွေကို ကူညီနိုင်ဖို့ အမျိုးသမီး ‌ငွေစု‌ငွေ‌ချေး ရံပုံ‌ငွေလုပ်ငန်းကိုလည်း အခက်အခဲများစွာနဲ့ တည်‌ထောင်နိုင်သလို နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ(ကရင်)မှာလည်း ကူညီပံ့ ပိုးနိုင်ဖို့ ကရင်ပြည်နယ်က Facilitation team မှာပါဝင်ပြီး ‌နေရာ‌တော်‌တော်များများမှာ ပြုလုပ်ခဲ့တဲ့ အစည်းအ‌ဝေး‌တွေကို မသန် ‌ပေမယ့် ကူညီနိုင်စွမ်းတာ‌ကြောင့်လည်း သွား‌ရောက်ပါဝင်ကူညီနိုင်သူလည်း ဖြစ်ပါတယ်။

“ကျမ လူမှု‌ရေးအလုပ်‌တွေပဲ လိုက်လုပ်‌တော့ မိဘ‌တွေက အိမ်‌ပေါ်က ခနခန နှင်ချတာခံရတယ်။ တစ်ခါမှ ကျမ စိတ်ဓာတ်မကျ ဘူး။ ကျမ ပိုက်ဆံမရှာနိုင်‌ပေမယ့် ‌တောရွာမှာ‌နေတဲ့လူ‌တွေက ပိုက်ဆံရှာရမယ့် နည်းလမ်း‌တွေကို ကျမ သူတို့ကို ချပြနိုင်တယ်။ ကျမရဲ့ရည်မှန်းချက်က အရမ်း‌ခေါင်းပါးတဲ့‌ကျေးရွာ‌တွေမှာ ကိုယ်ထူကိုယ်ထလုပ်နိုင်ဖို့ လုပ်‌ပေးချင်တယ်။ အခုလည်း တဖြည်း ဖြည်း စလုပ်‌နေပြီး”လို့ သူမက ‌ပြောပါတယ်။

သူမအ‌နေနဲ့က‌တော့ လူငယ်‌တွေကို တိုက်တွန်းချင်တာက “သန်စွမ်းတဲ့လူငယ်ဖြစ်ဖြစ်၊ မသန်စွမ်းတဲ့ လူငယ်ဖြစ်ဖြစ် အားလုံးကို ‌ပြောချင်တာက ဗဟုသုတ များများရရှိ‌အောင် စာများများဖတ်ပါ။ သင်တန်းများတက်ပြီး အ‌တွေ့အကြုံရယူပါ။ ဆုံးဖြတ်ပြီးသား အလုပ်တစ်ခုကို အမှားလုပ်မိမှာကို မ‌ကြောက်ပါနဲ့။ ရဲရဲဝံ့ဝံ့ ရင်ဆိုင်ပြီးလုပ်ပါ”လို့ စကားလက်‌ဆောင်ပါးလိုက်ပါတယ်။