Home တွေ့ဆုံမေးမြန်းခန်း “ ကျမမြင်တာက သွား‌နေတဲ့ လမ်းစဉ်ကို ပြင်ရမယ်” KNU ဒုဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်နှင့် ဆက်သွယ်‌မေးမြန်းခြင်း

“ ကျမမြင်တာက သွား‌နေတဲ့ လမ်းစဉ်ကို ပြင်ရမယ်” KNU ဒုဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်နှင့် ဆက်သွယ်‌မေးမြန်းခြင်း

2237

ပြီးခဲ့သည့် ဇွန် ၇ ရက်‌နေ့တွင် KNU-Concerned Group အမည်ဖြင့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစုပင်လုံနှင့် ပတ်သက်၍ အမြင်သ‌ဘောထား ထုတ်ပြန်ချက် တစ်‌စောင်‌ပေါ်ထွက်ခဲ့ပြီး ယင်းထုတ်ပြန် ချက်နှင့်ပတ် သက်၍ အဆိုပါ KNU-Concerned Group ကို ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် KNU ကရင်အမျိုးသား အစည်းအရုံး ဒုဥက္ကဌ‌ဟောင်း ပဒို‌နော်စီဖိုးရာစိန်အား ‌ကေအိုင်စီ-ကရင်သတင်းဌာနမှ ဆက်သွယ်‌မေးမြန်းထားသည်များကို စာဖတ်သူများအတွက် ပြန်လည် ‌ဖော်ပြလိုက်ပါသည်။

KNU-Concerned Group က‌နေပြီး‌တော့ သ‌ဘောထား ထုတ်ပြန်ချက် တစ်‌စောင်ထုတ်ပြန်တာ ‌တွေ့ရတယ်။ ပထမဆုံး ဘာ‌ကြောင့် ထုတ်ပြန်တယ်ဆိုတာကို ရှင်းပြ‌ပေးပါ။

ဒါနဲ ့ပတ်သက်ပြီး ‌ပြောရမယ်ဆိုရင် အဓိက ရည်ရွယ်ချက်က စိုးရိမ်စရာ‌တွေကို တင်ပြခြင်းဖြစ်ပါတယ်။ ဦးတည် ချက်က ‌ရှေ့ဆက်သွားမယ့် Peace Process ထဲမှာ အစီအစဉ်တကျ ဖြစ်ဖို့အတွက် ဖြစ်ပါတယ်။ ဒီအစည်း အ‌ဝေးထဲက အစီအစဉ် ‌တွေပဲဖြစ်ဖြစ်၊ စာချုပ်ထဲက သ‌ဘောတူလက်မှတ်ထိုးထားတဲ့ အချက်‌တွေကလည်း ပြီး ပြည့်စုံတာမဟုတ်ဘူး။ ဒါက အာမခံချက်လည်းမရှိ‌သေးဘူး။ ဒါ‌ကြောင့် ဒီထက်‌ကောင်း‌အောင် လုပ်ဖို့လိုတယ်။ တခြားတိုင်းရင်းသား‌တွေ လည်းပါဝင်ဖို့ လိုတယ်ဆိုတာကိုလည်း ကျမတို့ တင်ပြချင်တယ်။ ‌နောက်တစ်ခုက ငြိမ်းချမ်း‌ရေးဖြစ်စဉ် သွား‌နေတဲ့လမ်း‌ကြောင်း‌တွေကို ပြန်သုံးသပ်ရမယ်။ ကရင်အမျိုးသား အစည်းအရုံးတင် မဟုတ်ပဲနဲ့ ‌ရှေ့ဆက် တိုင်းရင်းသား‌တွေရဲ့ နိုင်ငံ‌ရေးလိုလားချက်‌တွေကို အမှန်တကယ်ရရှိဖို့နဲ့ မြန်မာတပြည်လုံး ‌ပြောင်းလဲသွားဖို့အတွက် ဖြစ်ပါတယ်။

ဒုတိယအကြိမ် (၂၁) ရာစုပင်လုံပြီး‌နောက်ပိုင်း ဘာ‌ကြောင့် စိုးရိမ်မှု‌တွေ ရှိလာရတာလဲဆိုတာကို ‌ပြောပြပါဦး။

ဘာ‌ကြောင့် စိုးရိမ်မှု‌တွေ ဖြစ်လာသလဲဆိုတာက‌တော့ အခုလက်နက်ကိုင် တိုင်းရင်းသား‌တော်လှန်‌ရေးအဖွဲ့ (၆)ဖွဲ့ ကိုယ်စားဘဲတင်ပြတယ်။ လက်နက်ကိုင်‌တော်လှန်‌ရေး (၆)ဖွဲ့ဆို‌တော့ တကယ်တမ်း တိုင်းရင်းသားအား လုံးရဲ့ ကိုယ်စား လှယ်ကို မကာမိနိုင်ဘူး။ ဘာ‌ကြောင့်လဲဆို‌တော့ တိုင်းရင်းသားအားလုံး ဒီအစည်းအ‌ဝေးထဲမှာ မပါဝင်ဘူး။ ဒါက စိုးရိမ်မှုတစ်ခုဖြစ်တယ်။ ‌နောက်ပြီး အစည်းအ‌ဝေး ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ဆုံးဖြတ်ချက် ချရတဲ့အ‌ကြောင်းအရာ‌တွေ ရှင်းရှင်းလင်းလင်းမရှိဘူး။ ဆုံးဖြတ်ချက်ပုံစံ‌တွေကလည်း မထင်ရှားတဲ့ အ‌ပေါ်မှာ ‌ရှေ့ဆက်ဒီအတိုင်း မတိမကျနဲ့သွားမယ် ရှင်းရှင်းလင်းလင်း မဖြစ်ဘူးဆိုရင် ဒါကြီးကြီမားမားစိုးရိမ်စရာ ဖြစ်သွား နိုင်ပါတယ်။

‌နောက်ပြီး ငြိမ်းချမ်း‌ရေးဖြစ်စဉ်က အစီအစဉ်တကျ မဖြစ်ဘူး ပြန်သုံးသပ်သင့်တယ်လို့ ‌ပြောတယ်။ ဘာ‌ကြောင့် ပြန်လည်သုံးသပ်သင့်လဲဆိုတာ နည်းနည်း‌လေး ရှင်းပြ‌ပေးပါလား။

ကျမအမြင်က‌တော့ ဘယ်အလုပ်မဆို ပြန်သုံးသပ်တာ ရှိရမယ်။ ပြီး‌တော့ ‌ရှေ့လုပ်ငန်းစဉ်ဆိုတာလည်း ရှိရမယ်။ ငြိမ်းချမ်း‌ရေးဖြစ်စဉ်ကို ကျမတို့ ပြန်ကြည့်မယ်ဆိုရင် သွား‌နေတာ ကြာပါပြီ။ ၅ နှစ်‌လောက်ရှိပြီး။ တဖက်မှာ‌တော့ တိုးတက်မှုရှိတယ်။ ၂၁ ရာစု ပင်လုံကို ဒုတိယအကြိမ်အထိ သွားနိုင်ခဲ့ပြီ။ ဒါ‌ပေမယ့် ကျမတို့က Ground ဘက် ကတိုင်းရင်းသား ဘက်က၊ လက်နက်ကိုင်‌တော်လှန်‌ရေးအဖွဲ့ဘက်က ကြည့်မယ်ဆိုရင် တိုက်ပွဲ‌တွေ အများကြီး ရှိ‌သေးတယ်။ တိုင်းရင်းသားအားလုံးက မြန်မာနိုင်ငံကို ပြုပြင်‌ပြောင်းလဲမဲ့ပြဿနာ ‌ဖြေရှင်းမယ့်‌နေရာမှာ သူတို့ အားလုံး မပါဝင်နိုင်‌သေးဘူး။ ပါဝင်ဖို့အခွင့်အ‌ရေး မရှိ‌သေးတာ‌တွေရှိတယ်။
တိုင်းရင်းသား အားလုံးက မြန်မာနိုင်ငံ ပြုပြင်‌ပြောင်းလဲ‌ရေးဖြစ်စဉ် ဒီမိုက‌ရေစီအသွင်ကူး‌ပြောင်း‌ရေးကတဆင့် တိုင်းရင်းသားများ တန်းတူအခွင့်အ‌ရေး၊ စစ်မှန်တဲ့ ဒီမိုက‌ရေစီနဲ့ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်ဖို့ အတွက် ပါဝင်နိုင်ဖို့အတွက် ပြန်သုံးသပ်မယ်။ ဘယ်လိုနည်းလမ်းနဲ့ ပါဝင်ကြမလဲဆိုတာကို ပြန်သုံးသပ်ရမှာ ဖြစ်ပါတယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ပြန်ကြည့်ရင် အခု NCA လမ်း‌ကြောင်းအတိုင်းသွားတယ်။ အားလုံး လက်မှတ်ထိုးရမယ်။ ပြီး‌တော့ NCA နည်းလမ်းအတိုင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲဆိုင်ရာ မူ‌ဘောင်ကို အတည်ပြု မယ်။
ပြီးရင် အမျိုးသားအဆင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ‌တွေ လုပ်ပြီးမှသာ Peace Conference ကို တက်ရမှာ ဖြစ်တယ်။ အခု ကျမကြည့်မယ်ဆိုရင် ဒီလို လုပ်တာမရှိဘူး။ ဘာ‌ကြောင့်မရှိတာလဲဆိုရင် လက်မှတ်ထိုးတဲ့ ၈ ဖွဲ့ထဲမှာ National dialogue ( အမျိုးသားအဆင့် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲ) ကို အားလုံး လုပ်ခွင့်မရှိဘူး။ အခု ၂၁ ပင်လုံ တက်‌ရောက်ခဲ့တဲ့အထဲမှာ ၆ ဖွဲ့ပဲ အမျိုးသား အဆင့်နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲလုပ် ပြီးထားတယ်။ ဒီအတိုင်း‌ရှေ့ဆက် သွားမယ်ဆိုရင် စိုးရိမ်စရာ ရှိတယ်။ တကယ် ပြန်သုံးသပ်သင့်တယ်။ ဘယ်လိုလုပ်သင့်လဲဆိုတာ တဖွဲ့ချင်းစီက ပြန်သုံးသပ်ပြီး လုပ်သင့် တယ်ဆိုတာကို တိုက်တွန်းလိုပါတယ်။

KNU-Concerned Group အ‌ကြောင်းအရင်းကိုလည်း ရှင်းပြ‌ပေးပါ။

အဲဒါနဲ့ ပတ်သက်ပြီး တစ်ဖွဲ့‌တော့ ရှိရမယ်လို့ ထင်တယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ကျမတို့ ‌ခေါင်း‌ဆောင်မှုအပိုင်း မှာရှိတုန်းက ကျမတို့ရဲ့ အမြင်‌တွေကို အမြဲတမ်းထုတ်‌ဖော် ‌ပြောဆိုခဲ့တယ်။ ဘာ‌ကြောင့်လဲဆို‌တော့ ကျမတို့ တစ်ဖွဲ့တည်း ၊ တစ်စုတည်း သွားလို့‌ရောက်မှာ မဟုတ်ဘူး။ အခက်အခဲ‌တွေကလည်း ရှိလာနိုင်တယ်။ ဒါ‌တွေကို ဟိုးအရင်ကတည်းက ကျမတို့ အမြဲတမ်းတင်ပြပြီးသားပဲ‌လေ။ အမြင်ဖြစ်ဖြစ် ၊ အကြံ‌ပေးဖြစ်ဖြစ် အမြဲတမ်း တင်ပြပြီးသားပါပဲ။ ဒါက အကြံ‌ပေး တင်ပြတာပါပဲ။ အရင်တုန်းက‌တော့ ဦး‌ဆောင်မှု‌တွေမှာ ပါဝင်ခဲ့တယ်။ အခု ကျ‌တော့ ဘယ်လိုပဲဖြစ်ဖြစ် ကျမတို့ ရဲ့ စိုးရိမ်မှု‌တွေကို တင်ပြရမှာပဲ ဖြစ်ပါတယ်။ ဒါက ကရင်အမျိုးသားအစည်းအရုံးအတွက်ချည်းမဟုတ်ပဲ အားလုံးအတွက် ဖြစ်တယ်။ ဘက်အားလုံးက သတိပြုဖို့ လိုတယ်။

ဒီ KNU Concerned Group က ထုတ်တဲ့ ထုတ်ပြန်‌ကြေညာချက်နဲ့ ပတ်သက်ပြီး KNUဘက်က ဘာ တုံ့ပြန်ချက် ‌တွေကို ရရှိပါသလဲ။

ဘာမှမရှိပါဘူး။

‌နောက်ဆုံး အကြံပြု ဖြည့်စွက် ‌ပြောချင်တာရှိရင် ‌ပြော‌ပေးပါ။

ကျမမြင်တာက သွား‌နေတဲ့ လမ်းစဉ်ကို ပြင်ရမယ်။ ကျမတို့ အမြဲတမ်း‌ပြောတယ်။ မြန်မာပြည်ရဲ့ ပြဿနာက ကရင်အမျိုးသားအစည်းအရုံးနဲ့ ဗမာ‌တွေရဲ့ ပဋိပက္ခ‌တွေချည်း မဟုတ် ဘူး။ မြန်မာပြည်ရဲ့ ပဋိပက္ခ နိုင်ငံ‌ရေးပဋိပက္ခ၊ တိုင်းရင်းသားနိုင်ငံ‌ရေး ပဋိပက္ခ၊ ဒီမိုက‌ရေစီ ပြဿနာ ဖြစ်တဲ့ အတွက် ဒီပြဿနာ‌တွေကို ‌ဖြေရှင်းရာမှာ တိုင်းရင်းသားအားလုံးပါဝင်ဖို့ ကအ‌ရေးကြီး ပါတယ်။ နှစ်ဖွဲ့တည်း ပြဿနာမဟုတ်ဘူး။ နှစ်ဖွဲ့တည်းပဲ သွားပြီး‌ဖြေရှင်းမယ်ဆိုရင် ရမှာမဟုတ်ဘူး။ ဘယ်လိုပဲ လုပ်‌ဆောင်ပါ‌စေ နိုင်ငံ‌ရေးပြဿနာကို ‌ဖြေရှင်းလို့ ရမှာမဟုတ်ဘူး။ ဒါ‌ကြောင့် ခံခဲ့ရတဲ့ တိုင်းရင်းသား‌တွေ ၊ ရင်ဆိုင်ရတဲ့ တိုင်းရင်း သား‌တွေ ပါဝင်ဖို့လိုတယ်။