Home သတင်း မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် စားနပ်ရိက္ခာ ပြတ်လပ်၊ ဆန်တမျိုးတည်းသာကျန်

မြိုင်ကြီးငူစစ်‌ဘေး‌ရှောင်စခန်းတွင် စားနပ်ရိက္ခာ ပြတ်လပ်၊ ဆန်တမျိုးတည်းသာကျန်

1652

ဧပြီ ၂ဝရက်၊ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ လှှိုင်းဘွဲ့မြို့နယ်၊ မြိုင်ကြီးငူ အထူး‌ဒေသတွင် ယခင်နှစ် ဩဂုတ်လအတွင်းက ဖြစ်ပွားခဲ့သည့် မဲ့သ‌ဝေါ‌ဒေသ တိုက်ပွဲ‌ကြောင့် စစ်‌ဘေး‌ရှောင်ကာ လာ‌ရောက်ခိုလှှုံ‌နေကြသည့် ‌ဒေသခံပြည်သူ ၅,၀၀၀‌ထောင်‌ကျော်မှာ ဧပြီလမှစ၍ စားနပ် ရိက္ခာများ ပြတ်လပ်မှုနှင့် စတင် ကြုံ‌တွေ့‌နေရကာ လက်ရှိ စစ်‌ဘေး‌ရှောင်စခန်းတွင် ဆန်တစ်မျိုးတည်းသာ ကျန်ရှိသည်ဟု စခန်းတာဝန်ရှိသူများက ‌ပြောသည်။

၎င်းစစ်‌ပြေး‌ရှောင်စခန်း ရိက္ခာဂို‌ဒေါင်တာဝန်ခံ ‌နော်တင်လှက “ကျမတို့မှာ စားစရာဆိုလို့ ဆန်တစ်မျိုးပဲရှိ‌တော့တယ်။ အခြား ဘာမှမရ‌တော့ဘူး။ မတ်လတုန်းက စပြီးပြတ်တာ အစက ထမင်းနဲ့ ဆားနဲ့ရတယ်။ အခုက ဆား‌တောင် မရှိ‌တော့ဘူး။ ထမင်း တစ်မျိုးပဲ ရ‌တော့တယ်။ အပြင် အလုပ်အကိုင်လည်းမရှိ၊ ‌ထောက်ပံ့မှု‌တွေမရှိ၊ ပြန်လို့လည်းမရ ကျမတို့‌တွေ ဘယ်လို‌နေရ‌တော့မလဲ။ ဘယ်မှာ အကူအညီသွား‌တောင်းရမလဲ။ စိတ်ဓာတ်‌တွေကျကုန် ပြီး။ ဘာမှမ‌ပြောချင်‌တော့ဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

စစ်‌ဘေး‌ရှောင်ဒုက္ခသည်များအတွက် ထိုသို့ အကူအညီများ နည်းပါးလာသလို မိမိတို့ ‌နေရပ်ပြန်ရန်မှာလည်း ‌နေအိမ်များ မီးရှို့ ဖျက်ဆီးခံထားရခြင်း၊ ‌မြေမြုပ်မိုင်းများ မရှင်းလင်းနိုင်‌သေးခြင်းတို့‌ကြောင့် ‌နေရပ်ပြန်ရန် ခက်ခဲ‌နေသည်ဟု စခန်းအတွင်း‌ရေးမှူး ‌စော‌အောင်ဝင်းထွန်းက ‌ပြောသည်။

၎င်းက “စခန်းမှာ စားစရာ ဆန်ကလွှဲပြီး တစ်ခြားဘာမှမရှိ‌တော့ဘူး။ ဘယ်အဖွဲ့အစည်းမှ မလာ‌တော့ဘူး။ အစိုးရဘက်ကလည်း မလာ‌တော့ဘူး။ ‌နေရပ်ပြန်ဖို့လည်း ပြန်လို့မရ‌သေးဘူး။ အိမ်‌တွေလည်း မီးရှှို့ဖျက်ဆီးခံရတယ်။ ‌မြေမြုပ်မိုင်း‌တွေ ဘယ်သူမှ မထုတ်‌ပေးဘူး။ ကျ‌နော်တို့ ဘဝက ပြန်ရင် တစ်က‌နေပြန်စရမယ်။ အ‌ခြေအ‌နေ‌ကောင်းရင် ကျ‌နော်တို့ အားလုံးပြန်ချင်ကြပါ တယ်”ဟု ‌စော‌အောင်ဝင်းထွန်းက ‌ပြောသည်။

ပြည်နယ်အဆင့် ပစ်ခတ်တိုက်ခတ်မှု ရပ်စဲ‌ရေး ပူးတွဲ‌စောင့်ကြည့်‌ရေး‌ကော်မတီ JMC-s အဖွဲ့ဝင် နန်း‌စေအွာက အဆိုပါ စစ်‌ဘေး ‌ရှောင်များ၏ ‌နေအိမ်များ မီးရှို့ဖျက်ဆီးခံထားရသည်ကို‌တွေ့ရပြီး လတ်တ‌လောတွင် ‌စောင့်ကြည့်‌ရေးအတွက်သာ တာဝန်ရှိသည့် အတွက် ကူညီရန်မတတ်နိုင်‌သေး‌သော်လည်း မိမိလူမျိုးအား ကူညီ‌ပေးလိုသည့်ဆန္ဒ အပြည့်အဝရှိသည်ဟု ‌ပြောသည်။

မြိုင်ကြီးငူ-မဲ့သ‌ဝေါ‌ဒေသတွင် ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ ဩဂုတ်လအတွင်း အစိုးရတပ်၊ ပြည်နယ် နယ်ခြား‌စောင့်တပ်နှင့် ခွဲထွက် DKBA တို့အကြား တိုက်ပွဲဖြစ်ပွားခဲ့ကာ ‌ဒေသခံ ၇၀၀၀‌ကျော် ‌နေရပ်စွန့်ခွာ ထွက်‌ပြေးခဲ့ရသလို အများစုမှာ မြိုင်ကြီးငူ‌ဒေသရှိ စစ် ‌ဘေး‌ရှောင်စခန်းများတွင် ယခုအချိန်ထိ တိမ်း‌ရှောင်ခိုလှုံ‌နေရခြင်းဖြစ်သည်။