Home အယ်ဒီတာ့အာဘော် အယ်ဒီတာ့အာ‌ဘော်

အယ်ဒီတာ့အာ‌ဘော်

1595

ဦးတည်ချက်အတိုင်း လုပ်‌ဆောင်ရမည့် အမျိုးသားပြန်လည်သင့်မြတ်‌ရေး

ပြည်သူအများ ‌ရွေး‌ကောက်တင်‌မြှောက်ခဲ့သည့် ပြည်သူ့အစိုးရ အုပ်ချုပ်မှု တနှစ်ပြည့်ခဲ့ပြီးဖြစ်သည်။ ပြီးပြည့်စုံသည့်အစိုးရ ကမ္ဘာ ‌ပေါ်တွင် မရှိသည့်နည်းတူ လက်ရှိ မြန်မာအစိုးရသည်လည်း စိန်‌ခေါ်မှုမျိုးစုံ၊ ‌ဝေဖန်မှု‌ပေါင်းစုံကြားက ကြိုးပမ်း‌နေရဆဲဖြစ်သည်။ အစိုးရ စတင် တာဝန်ထမ်း‌ဆောင်စဉ် မြန်မာ့နိုင်ငံ‌ရေးပြဿနာအတွက် အ‌ခြေခံကျ၊ လက်‌တွေ့ကျကျ ‌ဖြေရှင်းရမည့် အမျိုးသား ပြန်လည်သင့်မြတ်‌ရေးအတွက် ဦးစား‌ပေး လုပ်‌ဆောင်မည်ဟု ထုတ်‌ဖော်‌ပြောဆိုခဲ့ပြီး ယခင် မြန်မာ့ငြိမ်းချမ်း‌ရေးစင်တာ(MPC) ကို အမျိုးသားပြန်လည်သင့်မြတ်‌ရေးနှင့် ငြိမ်းချမ်း‌ရေးဗဟိုစင်တာ (NRPC)ဟု အမည်‌ပြောင်းလဲကာ အ‌ကောင်အထည်‌ဖော် ‌ဆောင်ရွက်ခဲ့‌သော်လည်း တနှစ်ဟူ‌သော အချိန်အတွင်း ထင်သ‌လောက် ခရီးမ‌ပေါက် ဖြစ်‌နေ‌ပေ‌သေးသည်။

ယင်းတနှစ်အတွင်း NCA လက်မှတ်ထိုးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ထပ်မံ မထွက်‌ပေါ်လာ‌သေးသလို ပြည် ‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ (၂၁ရာစုပင်လုံ) အခမ်းအနားလည်း တစ်ကြိမ်သာ ကျင်းပနိုင်ခဲ့‌သေးသည်။ မြန်မာနိုင်ငံ‌မြောက် ပိုင်းနှင့် အ‌ရှေ့‌မြောက်ပိုင်း‌ဒေသများတွင်လည်း ပြည်တွင်းစစ်မီးမငြိမ်းဘဲ ထပ်မံ မြင်‌တွေ့ကြားသိလာရပြီး အမျိုးသားပြန်လည် သင့်မြတ်‌ရေးမှာ အလှမ်းကွာ‌ဝေး‌နေ‌သေးသည်ဟုပင် ဆိုရမည်ဖြစ်သည်။

အဖက်ဖက်မှ ယိုယွင်းပြီး ပြုပြင်‌ပြောင်းလဲစရာ များစွာရှိသည့်နိုင်ငံကို ဦး‌ဆောင်ဦးရွက်ပြုသည့် အစိုးရအ‌နေဖြင့် တနှစ်အတွင်း ပြဿနာများစွာကို ‌ဖြေရှင်းရန် မလွယ်ကူလှသလို လုပ်နည်းကိုင်နည်း ချဉ်းကပ်မှုပုံစံတွင်မှု ‌မေးခွန်းထုတ်စရာ များစွာရှိ‌နေသည် ကို သံလွင်တံတား (‌ချောင်းဆုံ)ကို ဗိုလ်ချုပ်‌အောင်ဆန်း တံတားဟု အမည်‌ပြောင်းလဲမည့် ကိစ္စအ‌ပေါ် ကန့်ကွက်ခံ‌နေရမှုက မီး‌မောင်းထိုးပြ‌နေသည်။ အဆိုပါတံတားကိစ္စ‌ကြောင့်ပင် NLD နှင့် ဒီမိုက‌ရေစီ‌တော်လှန်‌ရေးတွင် လက်တွဲ မဟာမိတ်ပြုခဲ့သည့် ညီညွတ်‌သော တိုင်းရင်းသားလူမျိုးများ မဟာမိတ်အဖွဲ့ (UNA) ကပင် ‌ဒေသခံတိုင်းရင်းသားများ ဆန္ဒအတိုင်း တံတားအမည် ‌ပေးရန် သ‌ဘောထားထုတ်ပြန်လိုက်ခြင်းမှာ ခိုင်မာသည့် မဟာမိတ်အချင်းချင်း မျက်နှာပျက်ဖွယ် ဖြစ်ခဲ့ရကာ အစိုးရ၏ အမျိုး သားပြန်လည်သင့်မြတ်‌ရေး လုပ်‌ဆောင်မှုတွင် ယုံကြည်မှု များစွာ အားနည်းသွားနိုင်သည်ကို ‌တွေ့နိုင်သည်။

အမှန်စင်စစ် အုပ်ချုပ်‌ရေးအပိုင်းကို အပြန်အလှန် ထိန်း‌ကျောင်းမည့် ဥပ‌ဒေပြု‌ရေး လွှတ်‌တော်အ‌နေဖြင့် ‌ဆောင်ရွက်စရာ များစွာ ရှိ‌နေပြီး ဥပမာအားဖြင့် အစိုးရ၏ စီမံခန့်ခွဲမှု လွဲမှားသည့် အများပြည်သူ ရုံးပိတ်ရက် ကိစ္စမျိုးကို ‌မေးခွန်းမထုတ်ဝံ့ဘဲ အစိုးရလိုလား သည့် တံတားအမည်‌ပေး‌ရေးကိစ္စ အဆိုကို အတည်ပြုလိုက်ခြင်းမှာ ထိလွယ်ရှလွယ် အမျိုးသားပြန်လည်သင့်မြတ်‌ရေးကို များစွာ ထိခိုက်နိုင်သည်ကို သတိမမူ၊ ဂရုမပြုသည့်သ‌ဘော သက်‌ရောက်‌နေသည်။

လက်ရှိ အမျိုးသားပြန်လည်သင့်မြတ်‌ရေးကို တည်‌ဆောက်ရာတွင် အ‌ခြေခံအကျဆုံးဖြစ်သည့် လူ့အဖွဲ့အစည်းအတွင်း လူမျိုး တစ်မျိုးနှင့်တစ်မျိုး၊ နိုင်ငံ‌ရေးအင်အားစုတစ်ခုနှင့်တခု စသည့် မတူညီ‌သောအင်အားစုများအတွင်း အပြန်အလှန် ယုံကြည်မှု၊ အပြန်အလှန် ‌လေးစား အသိအမှတ်ပြု‌ရေးသည် အဓိကဖြစ်သည်ကို နိုင်ငံအ‌ရေး ဦး‌ဆောင်‌နေသူများအ‌နေဖြင့် သိရှိနားလည်ရန် လိုသည်။ အထူးသဖြင့် တိုင်းရင်းသားများ စု‌ပေါင်း‌နေထိုင်သည့် နိုင်ငံ၌ တစ်ပါတီ၊ တစ်ဖွဲ့တစ်စည်း၏ ဦး‌ဆောင်မှု‌အောက်ကို ကျန်အဖွဲ့များ လိုက်ပါ‌ဆောင်ရွက်‌ရေးမှာ ဖြစ်နိုင်‌ခြေမရှိခဲ့‌ကြောင်း သမိုင်းက သက်‌သေပြခဲ့ပြီးဖြစ်သည်။

ဆိုလိုသည်မှာ အမျိုးသားပြန်လည်သင့်မြတ်‌ရေးကို နားလည်သိရှိထားရုံမျှနှင့်မရဘဲ လက်‌တွေ့ အ‌ကောင်အထည်‌ဖော် ‌ဆောင် ရွက်ပြခြင်းကသာ အဓိကဖြစ်ပြီး မြန်မာနိုင်ငံ‌ရေးတွင် လူနည်းစု တိုင်းရင်းသားများလည်း တန်းတူအခွင့်အ‌ရေးရှိ‌ကြောင်း လက် ‌တွေ့ကျ‌သော လုပ်‌ဆောင်မှုများဖြင့် အထူး သက်‌သေပြရန်လိုသည်။ မြန်မာနိုင်ငံတွင်းရှိ တိုင်းရင်းသားများမှာ ‌ရှေးယခင်ကတည်း က အတူတကွ ‌နေထိုင်ခဲ့ကြပြီး မဟာလူမျိုးကြီးဝါဒဆန်စွာ လုပ်‌ဆောင်ခဲ့မှုများ‌ကြောင့်သာ ပြည်တွင်းစစ် ဖြစ်ပွားကာ လက်ရှိအ ချိန်ထိ နိုင်ငံဖွံ့ဖြိုးမှု‌နောက်ကျပြီး အဖက်ဖက်မှ နိမ့်ကျလာခဲ့ရကာ လူထုအစိုးရအ‌နေဖြင့် ပြဿနာအရှင်းခံကို ‌ဖြေရှင်းရာတွင် အ‌ခြေခံကျသည့် အမျိုးသားပြန်လည်သင့်မြတ်‌ရေးအတွက် ဦးတည်ချက်အတိုင်း အမြဲ ဂရုပြု လုပ်‌ဆောင်မှသာ လိုရာပန်းတိုင်သို့ ‌ရောက်ရှိနိုင်မည် ဖြစ်‌ပေသည်။