Home လူငယ့်အသံ လူငယ့်အမြင် လူငယ့်အသံ လူငယ့်အမြင်

လူငယ့်အသံ လူငယ့်အမြင်

2611

“Leader မဖြစ်နိုင်ရင်‌တောင် a good follower အ‌နေနဲ့ အရင် ကြိုးစားမယ်”

ခ‌လေးဘဝက သူနာပြုဆရာမလုပ်ဖို့ ဝါသနာရှိခဲ့တဲ့ အသက် ၂၃နှစ်အရွယ် ဖားအံဇာတိသူ ကရင်အမျိုးသမီးငယ်‌လေး နန်းမူူ့ထွန့် ‌ဖေါင်ဟာ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ရဲ့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ တက်တက်ကြွကြွ ပါဝင်လုပ်‌ဆောင်‌နေပါတယ်။ သူမဟာ အမိနန်း တင်‌ဌေး၊ အဖ‌စောသိန်းဟန်တို့က ‌မွေးဖွားခဲ့တဲ့ သားသမီး ၄ဦးထဲမှာ အကြီးဆုံးဖြစ်ပါတယ်။ မိဘ‌တွေက သူမတို့‌မောင်နှမ ငယ် စဉ်ကတည်းက ထိုင်းနိုင်ငံကို သွား‌ရောက်အလုပ်လုပ်ခဲ့ကြတာမို့ မိခင်ဘက်က အဖွားဖြစ်သူနဲ့သာ ကြီးပြင်းလာခဲ့ရတာပါ။

သူမအ‌နေနဲ့ မူကြို၊ မူလတန်းကို ဖားအံမြို့၊ အမှတ်(၁၄) မူလတန်း‌ကျောင်းမှာ တက်‌ရောက်ခဲ့ပြီးမှာ အလယ်တန်း၊ အထက်တန်း ကို‌တော့ အမှတ်(၄) အထက်တန်း‌ကျောင်းမှာ ပညာသင်ကြားခဲ့ပြီး ဆယ်တန်းကို ၂၀၁ဝခုနှစ်က ‌အောင်မြင်ခဲ့ပါတယ်။ ၂၀၁၄ခု နှစ်မှာ ဓာတု‌ဗေဒအထူးပြု၊ သိပ္ပံဘွဲ့။ B.Sc (Chemistry)ကို ရရှိခဲ့‌ပေမယ့် ပညာ‌ရေးအ‌ပေါ် မိဘနှစ်ပါးရဲ့ မတူညီတဲ့ သ‌ဘောထား ကို အခုလို ‌ပြောပြပါတယ်။

“အမိုးတို့ဘက်က‌တော့ ပညာ‌ရေးကို အား‌ပေးတယ်။ သူတို့လို သူများနိုင်ငံမှာ သွားအလုပ်မလုပ်‌စေချင်ဘူး။ ပါပါ့က‌တော့ ပညာ ‌ရေးကို ကုန်ကျမှုတစ်ခုဆိုပြီး ငြိုငြင်တယ်။ အငယ်‌လေး‌တွေလည်း ရှိ‌တော့ ကျမတို့ပညာ‌ရေးကုန်ကျမှုက ခက်ခဲတယ်‌လေ။ ကျမ ဆယ်တန်း‌အောင်‌တော့ သူနာပြုတက်ဖို့ အမှတ်မမှီဘူး။ သားဖွား‌တော့ မှီ‌ပေမယ့် မ‌ရွေးချယ်‌တော့ဘဲ တက္ကသိုလ်(ဖားအံ)ကိုပဲ ဆက်တက်ခဲ့တယ်။”

အဖွားနဲ့ကြီးပြင်းခဲ့ရ‌တော့ မိဘ‌မေတ္တာကို မရရှိခဲ့ဘဲ အဖွားကိုသာ သံ‌ယောဇဉ်တစ်မျှင်အဖြစ် ခင်တွယ်အားကိုးခဲ့ရတယ်လို့လည်း သူမက ‌ပြောပါတယ်။
“အဖွားဟာ ကျမတို့အတွက် မရှိမဖြစ်ပါပဲ။ သူက စည်းကမ်းကြီးပြီး သက်သတ်လွတ်စား‌တော့ မိဘ‌တွေပြန်မလာခင်အထိ အဖွား လိုပဲ သက်သတ်လွတ်လိုက်စားရတာ‌ပေါ့။ အဲဒီတုန်းက လိုချင်တာ‌လေး တခုခုရှိရင် မိဘမရှိ‌တော့လည်း မရဘူး‌ပေါ့‌လေ။ ‌မောင် ‌လေးက နည်းနည်းဆိုးတာ အဖွားက အလိုလိုက်‌တော့ အခုထိ ဆယ်တန်းမ‌အောင်‌သေးဘူး‌လေ။”

ထိုင်းမှာအလုပ်သွားလုပ်တဲ့ မိဘ‌တွေက ပြန်ပို့‌ပေးလာတဲ့ ‌ငွေ‌တွေနဲ့ အဖွားက ခြံ‌တွေဝယ်ထားပါတယ်။ သူမ ၅တန်း‌ကျောင်းသူ အရွယ် အသက် ၁၁နှစ်‌လောက်မှာ မိဘ‌တွေက ထိုင်းက‌နေ ပြန်လာကြပြီး မိသားစု စားဝတ်‌နေ‌ရေးအတွက် ဖခင်ဖြစ်သူက ဝယ် ထားတဲ့ ခြံမှာ ရာဘာစိုက်ပျိုးပါတယ်။

ဘွဲ့ရပြီး‌တော့ မူ့ထွန့်‌ဖေါင်ဟာ EGG-Education Gathering Group(‌ထောင်းလ်ုယာ့) အဂင်္လိပ်စာသင်တန်း‌ကျောင်းကို ၂နှစ် တက်ခဲ့ပါတယ်။ အဲဒါမတိုင်မီ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီမှာလည်း ပူး‌ပေါင်းပါဝင်ပြီး ကရင်နှစ်သစ်ကူး၊ လက်ချည်ပွဲ၊ ယဉ်‌ကျေးမှု စတဲ့ community အလုပ်‌တွေ လုပ်‌ဆောင်‌နေသူ ဖြစ်ပါတယ်။

“EGG ‌ကျောင်း joined ပြီး‌နောက်ပိုင်း further study ‌တွေသွားဖို့အထိ ရည်ရွယ်ခဲ့တယ်။ အဲဒီ‌ကျောင်းက ကျမအတွက် ‌ပြောင်း လဲမှုအသစ်‌တွေ ယူ‌ဆောင်လာ‌ပေးသလို ကိုယ်တိုင်က မ‌သေချာ၊ မ‌ရေရာတဲ့ ရည်မှန်းချက်‌တွေကိုလည်း ပြန်ပြီး လမ်းတည့်‌ပေး တယ်။ လမ်းပြ‌ပေးတယ်လို့ ‌ပြောချင်ပါတယ်။ ဒါက ပညာ‌ရေး တပိုင်းတစအ‌ကြောင်းပါ။ အဲဒီ‌ကျောင်းမပြီးခင် RISE အဖွဲ့မှာ ကျမ internship ဆင်းရပါတယ်။ အဲဒီအဖွဲ့ကလည်း ငြိမ်းချမ်း‌ရေးဖြစ်စဉ်နဲ့ နိုင်ငံ‌ရေးအခန်းကဏ္ဍတစ်ခု လုပ်‌ဆောင်‌နေတဲ့အတွက် အဲဒီက‌နေ ကျမ အများကြီး သင်ယူ‌လေ့လာမှုနဲ့ ကြုံ‌တွေ့ရခဲ့ပြီး လူမျိုး‌ရေး (သို့) အမျိုးသား‌ရေးအလုပ်‌တွေ စိတ်ဝင်စားလာ ခဲ့တာ ခုထိ လုပ်ဖြစ်‌နေတဲ့အပိုင်း‌တွေ ရှိပါတယ်။”

‌ဆွေမျိုးသားချင်းမှာက လူမှု‌ရေးလုပ်တဲ့သူ‌ပေမယ့် နိုင်ငံ‌ရေးမှာ‌တော့ လုပ်‌နေသူ မရှိပါဘူး။ သူမလိုပဲ လူမှု‌ရေး၊ နိုင်ငံ‌ရေးမှာ လုပ် ‌နေတဲ့ သူငယ်ချင်း‌တွေလည်း ရှိ‌ပေမယ့် အများစုကလည်း ဝိုးတိုးဝါးတားနဲ့ ‌လျှောက်လှမ်း‌နေဆဲဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ‌ရေတို ‌ရေရှည် ရည်ရွယ်ချက်‌တွေ ပြန်ခွဲထားပြီး လုပ်‌ဆောင်ရတာမို့ ဒီနယ်ပယ်မှာ ဝင်‌ရောက်ဖို့အတွက် အ‌တွေ့အကြုံ‌တွေ၊ capacity (စွမ်းရည်)‌တွေ အများကြီး လို‌နေ‌သေးတယ်လို့လည်း မူ့ထွန့်‌ဖေါင်က ‌ပြောပါတယ်။

ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်မှာ သူမ ပါဝင်လာတာက EGG ‌ကျောင်းပြီး‌တော့ intern ဝင်ခဲ့တဲ့ RISE အဖွဲ့မှာပဲ ပြန်ဝင်လုပ်ရင်း peace information ‌တွေ စုရ၊ ဖတ်ရတယ်။ အဓိကက documentation collecting အပိုင်းမှာ ၁၁လနီးပါးလုပ်ဖြစ်ခဲ့တယ်။ အဲဒီ‌နောက် ၂၀၁၆ခုနှစ်က ကရင်ပြည်နယ် အရပ်ဘက်အဖွဲ့အစည်းများကွန်ယက်က လုပ်‌ဆောင်‌နေတဲ့ လူငယ်မူဝါဒ မူကြမ်းထွက်ရှိ‌ရေးအ တွက် ပြည်နယ်အတွင်း ၇မြို့နယ် စစ်တမ်း‌ကောက်ယူမှုမှာ data entry အဆင့်ထိ လုပ်‌ဆောင်ခဲ့ပါတယ်။ အဲဒီ‌နောက် လူငယ်မူ ဝါဒ ‌ရေးဆွဲ‌ရေးဆိုင်ရာ အသိပညာ‌ပေး လက်ကမ်းစာ‌စောင်များ ဖြန့်‌ဝေခြင်း၊ ကရင်ပြည်နယ်‌နေ့မှာ လူငယ်‌ရေးရာ မူဝါဒ‌ရေးဆွဲ ‌ရေး update လုပ်‌ဆောင်မှု‌တွေနဲ့ပတ်သက်တဲ့ပြခန်းကို လူမှုဝန်ထမ်းဦးစီးဌာနနဲ့ ပူးတွဲလုပ်‌ဆောင်မှုမှာ ပါဝင်ခဲ့သူ ဖြစ်ပါတယ်။

လူငယ်‌တွေဟာ အခန်းကဏ္ဍအားလုံးမှာ မပါဝင်ရင်‌တောင်မှ မိမိတို့အားသန်ရာ စိတ်ပါရာ တစ်‌ထောင့်တစ်‌နေရာက‌နေပြီး အမျိုး သား‌ရေးအရ‌သော်လည်း‌ကောင်း၊ ငြိမ်းချမ်း‌ရေး စတဲ့‌နေရာမှာ အားတက်သ‌ရော ပါဝင်လုပ်‌ဆောင်မှု‌တွေ ရှိ‌စေချင်တယ်။ အဲဒီအ ခန်းကဏ္ဍ‌တွေကို ‌နောင်တစ်ချိန်မှာ လူငယ်‌တွေက လက်ဆင့်ကမ်းယူရမှာ၊ ဆက်လက်လုပ်‌ဆောင်ရမှာ ‌သေချာတယ်။ ဒါ‌ကြောင့် လူငယ်‌တွေပါဝင်လာဖို့ အရမ်းကို အ‌ရေးကြီးပါတယ်။ ဒီလိုပါဝင်လုပ်‌ဆောင်မှု‌တွေရ‌အောင် လူကြီး‌တွေအ‌နေနဲ့လည်း လူငယ်‌တွေ ကို လက်တွဲ ‌ခေါ်ယူ လမ်းစဖွင့်ထားသင့်တယ်လို့ နန်းမူ့ထွန့်‌ဖေါင်က တိုက်တွန်း‌ပြောဆိုခဲ့ပါတယ်။

“ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ဖြစ်တဲ့ အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေမှာပါ Documentation and facilitation အ‌နေနဲ့ လည်း ပါဝင်ကူညီမှု‌တွေလုပ်ဖြစ်ခဲ့တယ်။ ဒါ‌ကြောင့် leader မဖြစ်နိုင်ရင်‌တောင် a good follower အ‌နေနဲ့ အရင် ကြိုးစားမယ်” လို့ သူမဆန္ဒကို ‌နောက်ဆုံး ‌ပြောသွားပါတယ်။