Home အမြင်သဘောထား ၂၀၁၇ခုနှစ်၊ မတ်လ ၁၄ရက်‌နေ့မှာ ကျ‌ရောက်မဲ့ (၁၆)ကြိမ်‌မြောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ကွန်ဂရက်အ‌ပေါ်မှာ ကရင်ပြည်နယ်၊ ဖားအံမြို့အ တွင်းမှာရှိတဲ့ ကရင်လူထု‌ခေါင်း‌ဆောင်တချို့ရဲ့ အမြင်

၂၀၁၇ခုနှစ်၊ မတ်လ ၁၄ရက်‌နေ့မှာ ကျ‌ရောက်မဲ့ (၁၆)ကြိမ်‌မြောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ကွန်ဂရက်အ‌ပေါ်မှာ ကရင်ပြည်နယ်၊ ဖားအံမြို့အ တွင်းမှာရှိတဲ့ ကရင်လူထု‌ခေါင်း‌ဆောင်တချို့ရဲ့ အမြင်

1714

၂၀၁၇ခုနှစ်၊ မတ်လ ၁၄ရက်‌နေ့မှာ ကျ‌ရောက်မဲ့ (၁၆)ကြိမ်‌မြောက် ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးရဲ့ ကွန်ဂရက်မှာ ‌နောက်ထပ် တာဝန်ယူသွားမယ့် ‌ခေါင်း‌ဆောင်‌တွေကို ‌ရွေးချယ်သွားမှာ ဖြစ်ပါတယ်။ အဲဒီအ‌ပေါ်မှာ ကရင်ပြည်နယ်၊ ဖားအံမြို့အ တွင်းမှာရှိတဲ့ ကရင်လူထု‌ခေါင်း‌ဆောင်တချို့ရဲ့ အမြင်‌တွေကို ‌ကေအိုင်စီက ထပ်မံ စုစည်းတင်ပြထားပါတယ်။

စဘီကျင်ဦး (ဖားအံ ကရင်လူငယ်ကိုယ်စား )


အဖွဲ့အစည်း တစ်ဖွဲ့မှာဆိုရင် ‌ခေါင်း‌ဆောင်‌တွေက အဓိကလူဖြစ်တယ်။ သူတို့‌တွေဟာဆိုရင် အဖွဲ့အစည်း တိုးတက်ဖို့ ‌မျှော်လင့်ချက်၊ ‌မျှော်မှန်းချက် ဥပ‌ဒေနဲ့အညီ အစီအစဉ်တကျ ဦး‌ဆောင်လမ်းညွန်‌ပေးရမှာဖြစ်လို့ သတ်မှတ်ထားတဲ့ အရည်အချင်းနဲ့ ပြည့်မှီတဲ့လူဆိုရင် နာမည်လည်း‌ကောင်းမယ်၊ လူထု‌တွေက ချစ်ခင်မယ်။ မလုပ်‌ဆောင်နိုင်တဲ့လူဖြစ်ရင်‌တော့ အဖွဲ့အစည်းလည်း ဆုတ်ယုတ်သွားမှာဖြစ်တယ်။ အခု ‌ရွေး‌ကောက်ပွဲမှာဆိုရင် အများ‌ပြောတာက နည်းနည်းလွဲတယ်လို့ ကြား တယ်။ အ‌ကောင်းဆုံးဖြစ်‌အောင် လုပ်‌ပေးတာကို ‌မျှော်လင့်တာ‌ပေါ့။ ‌ရေရှည်အတွက် စဉ်းစားပြီး စုစုစည်းစည်း အတူတကွ တိုင် ပင်အကြံ‌ပေးပြီး လုပ်‌ဆောင်မယ်ဆိုရင်‌တော့ အ‌ကောင်းဆုံး ရလဒ်‌ကောင်းရမယ်လို့ မြင်ပါတယ်။
သူတို့လုပ်ထားခဲ့တဲ့ အရာအားလုံးကို‌တော့ မသိဘူး‌ပေါ့။ ဒါ‌ပေမယ့် ကရင်လူထု‌တွေပဲဖြစ်‌စေ၊ ကရင်အမျိုး သား‌ရေးအတွက် တက်ကြွစွာ လုပ်‌ဆောင်‌ပေးတဲ့အဖွဲ့‌တွေပဲဖြစ်‌စေ၊ မဲထည့်လို့မရ‌ပေမယ့်လည်း အမြင်သ‌ဘောထား၊ အကြံ‌ပေးမှု ရနိုင်ဖို့အတွက်ဆိုရင် စစ်တမ်း‌ကောက်‌ပေးနိုင်တဲ့ ဌာန‌တွေရှိရင် ‌ကောင်းတာ‌ပေါ့။ အ‌ကောင်းဆုံးအရာကို‌တော့ စဉ်းစား‌ပေါ့။ အခု ချိန်မှာ‌တော့ မဲထည့်တဲ့နည်းက နာမည်ကြီးတယ်ဆို‌တော့ အွန်လိုင်းမှာ မဲထည့်တာဖြစ်ဖြစ် အဲဒါ‌တွေကိုရရင် အားလုံး အတည်မ ယူရင်‌တောင်မှ အတိုင်းအတာတစ်ခုအ‌နေနဲ့ တစ်ခုခု ဆုံးဖြတ်မယ်ဆိုရင် စဉ်းစားသိနိုင်တဲ့ အ‌ထောက်အကူ‌တော့ ရရှိသွားနိုင် တာ‌ပေါ့၊ အဲလိုလုပ်နိုင်ရင်လည်း ‌ကောင်းတယ်လို့ မြင်ပါတယ်။

နန်းခင်သက်မာဝင်း (ဖားအံမြို့)


KNU ‌ရွေး‌ကောက်ပွဲက ကျ‌နော်တို့ကရင်လူထု‌တွေ ထည့်မရဘူးလို့ သိရတယ်။ မဲ‌ပေးခွင့်ရတဲ့ လူ‌တွေဟာဆိုရင် သူတို့ ‌ရွေး‌ကောက်တဲ့ ‌ခေါင်း‌ဆောင်က လူမျိုးအတွက် နိုင်ငံအတွက် စိတ်ထားအမှန်အကန်ထားတဲ့ ‌ခေါင်း‌ဆောင်မျိုးကို လိုချင်ပါတယ်။ ‌နောက်တစ်ခုက အမျိုးသမီးလည်းပါရမယ်။ အမျိုးသမီးနဲ့ အမျိုးသား ဘက်မျှ‌အောင် ထည့်‌ရွေးချယ်‌ပေးသင့်ပါတယ်။ ဘာ ‌ကြောင့် အမျိုးသမီး‌တွေကို ထည့်‌စေချင်သလဲဆို‌တော့ အမျိုးသမီးဦး‌ရေက အများကြီးရှိတယ်။ အမျိုးသမီးကိုမထည့်ဘဲ အမျိုး သား‌တွေကိုပဲထည့်ရင် အမျိုးသမီးက တိုးတက်မှာ မဟုတ်ဘူး။ အဲဒါ‌ကြောင့် အမျိုးသမီးက ပါရမှာလည်းဖြစ်တယ်။ မဲ‌ပေးနိုင်တဲ့ လူ‌တွေဟာဆိုရင် သူတို့‌ရွေးရမယ့် ‌ခေါင်း‌ဆောင်က ဘယ်လိုလူမျိုးလဲဆိုတာကို သိရမယ်။ ဘာဖြစ်လို့လဲဆိုရင် KNU ဟာ ဖက်ဒ ရယ်ကိုသွားဖို့အတွက် အရင် ဦး‌ဆောင်‌ပေးပြီး ‌ဆောင်ရွက်ထားပြီဖြစ်လို့ ဒါကိုဆက်သွားဖို့အတွက် တက်လာမယ့် ‌ခေါင်း‌ဆောင် ‌တွေက လူထုကို ဘယ်‌လောက် ဆွဲ‌ခေါ်နိုင်မလဲဆိုတာ အ‌ရေးကြီးတယ်။ အဲဒီအတွက်‌ကြောင့် မဲ‌ပေးနိုင်မယ့်လူ‌တွေကို‌တော့ အဲဒါ‌တွေကို သိဖို့လိုအပ်ပြီး ကရင်နိုင်ငံအတွက် လုပ်‌ပေးနိုင်တဲ့ အမျိုးသမီးဖြစ်ဖြစ်၊ အမျိုးသားဖြစ်ဖြစ် ‌ရွေးရမှာဖြစ်ပါတယ်။

‌စောသမာ့အွာ (ဖားအံ လူငယ်)


လူငယ်တစ်‌ယောက်ဖြစ်တဲ့အ‌နေနဲ့ ကျ‌နော်ဖြစ်‌စေချင်တဲ့ ‌ခေါင်း‌ဆောင်က‌တော့ မျိုးချစ်စိတ် အပြည့်အဝ ရှိရမယ်။ ‌နောက်တစ်ခုက‌တော့ ပညာအရည်အချင်း ပြည့်မှီတဲ့‌ခေါင်း‌ဆောင် ဖြစ်ရမယ်။ ‌ခေါင်း‌ဆောင်တစ်ဦးဖြစ်လာရင် ဘယ်အရာပဲလုပ် လုပ် မှန်မှန်ကန်ကန် လုပ်‌ပေးတဲ့‌ခေါင်း‌ဆောင်မျိုးကိုပဲ ကျ‌နော် လိုချင်ပါတယ်။