Home သတင်း #ရဲရင့်တက်ကြွ ‌ပြောင်းလဲကြ#BeBoldForChange

#ရဲရင့်တက်ကြွ ‌ပြောင်းလဲကြ#BeBoldForChange

1900

အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်းမှ နိုင်ငံတကာ အမျိုးသမီးများ‌နေ့ (မတ်လ ၈ ရက်၊ ၂၀၁၇) တွင် လက်‌တွေ့ကျ‌သော လှုပ်ရှားမှုများကို ‌တောင်းဆိုခြင်း။

၂၀၁၇ ခုနှစ်၊ မတ်လ ၈ ရက်‌နေ့တွင် ကျ‌ရောက်‌သော နိုင်ငံတကာအမျိုးသမီးများ‌နေ့တွင် ကျွန်ုပ်တို့အားလုံးမှ သင်တို့အားလုံးကို အမျိုးသား၊ အမျိုးသမီးအားလုံး တန်းတူညီမျှ ပါဝင်ကြ‌သော ကမ႓ာကြီးအဖြစ် ဖန်တီး‌ရေးအတွက် ရဲရင့်တက်ကြွ ‌ပြောင်းလဲကြရန် ‌တောင်းဆိုလိုက်ပါသည

နိုင်ငံတကာအမျိုးသမီးများ‌နေ့တွင် “အရပ်ဘက် လူ့အဖွဲ့အစည်းနှင့် မီဒီယာစီမံကိန်း” တွင် ပါဝင်ကြသည့် မိတ်ဖက်အဖွဲ့အစည်းများနှင့် ပူး‌ပေါင်းပါဝင်ပြီး မြန်မာနိုင်ငံနှင့်တကွ တစ်ကမ႓ာလုံးရှိ အမျိုးသမီးများ၊ မိန်းက‌လေးများ၏ လူမှု‌ရေး၊ စီးပွါး‌ရေး၊ ယဉ်‌ကျေးမှုနှင့် နိုင်ငံ‌ရေးရာ ‌အောင်မြင်မှုများအတွက် အတူတကွ ဂုဏ်ပြုကြပါစို့။ ယခု အမျိုးသား၊ အမျိုးသမီး တန်းတူညီမျှ‌ရေး ‌တောင်းဆိုသည့် နိုင်ငံတကာအမျိုးသမီး‌နေ့ဆိုင်ရာ ဤလှုပ်ရှားမှုကို မြန်မာနိုင်ငံတွင် အ‌မေရိကန်ပြည်‌ထောင်စု အပြည်ပြည်ဆိုင်ရာ ကူညီ‌ထောက်ပံ့‌ရေး ‌အေဂျင်စီ (USAID) မှ အပြည့်အဝ‌ထောက်ခံ၍ FHI 360 မှ တာဝန်ခံ အ‌ကောင်အထည်‌ဖော်ပါသည်။

မြန်မာနိုင်ငံမှ အမျိုးသမီးများသည် ပြည်‌ထောင်စုအဆင့်နှင့် ပြည်နယ်/တိုင်း‌ဒေသကြီးအဆင့် အစိုးရများ၊ လွှတ်‌တော်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် စီးပွါး‌ရေးလုပ်ငန်းများ၊ သတင်းမီဒီယာနှင့် နည်းပညာ စသည့် တိုင်းပြည်၏ အ‌ရေးကြီး‌သော အခန်းကဏ္ဍများတွင် အဓိကကျ‌သော‌နေရာများမှ ပါဝင်လှုပ်ရှား‌နေကြပါသည်။ အမျိုးသမီးများသည် ဒီမိုက‌ရေစီ‌ရေး ‌ပြောင်းလဲမှုနှင့် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်များ ‌အောင်မြင်‌ရေးနှင့် တည်တံ့ခိုင်မြဲ‌ရေးအတွက် မရှိမဖြစ်အ‌ရေးကြီးသူများဖြစ်‌ကြောင်း သက်‌သေပြ‌နေကြပါသည်။

ယခုနှစ်၊ နိုင်ငံတကာအမျိုးသမီးများ‌နေ့၏ အနှစ်သာရ‌ဆောင်ပုဒ် (#BeBoldForChange) သည် မြန်မာနိုင်ငံတွင် အမျိုးသား၊အမျိုးသမီး တန်းတူညီမျှ‌ရေးနှင့် အမျိုးသမီးအခွင့်အ‌ရေးများအတွက် အ‌ရေးကြီး‌သော ‌ပြောင်းလဲမှုများ လိုအပ်‌နေခြင်းနှင့် အထူးတလည် သက်ဆိုင်‌နေပါသည်။

မြန်မာနိုင်ငံတွင် #ရဲရင့်တက်ကြွ ‌ပြောင်းလဲကြ ဆိုသည်မှာ အမျိုးသမီးများနှင့် မိန်းက‌လေးငယ်များ အ‌ခြေခံလူ့အခွင့်အ‌ရေးများ အ‌သေအချာရရှိပိုင်ဆိုင်နိုင်‌ရေးအတွက် အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုများ၊ ဥပ‌ဒေမဲ့ သတ်ဖြတ်မှုများ၊ လူကုန်ကူးမှုများ၊ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွါးရာ‌ဒေသများ၌ လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုများ ပ‌ပျောက်‌အောင် အ‌ရေးယူ ‌ဆောင်ရွက်ခြင်းပင် ဖြစ်သည်။ အမျိုးသမီးများအ‌ပေါ် အကြမ်းဖက်မှုများ၊ အထူးသဖြင့် အိမ်တွင်းအကြမ်းဖက်မှုများနှင့် လိင်ပိုင်းဆိုင်ရာ‌စော်ကားတိုက်ခိုက်မှုများကို တားမြစ်ကာကွယ်သည့် ဥပ‌ဒေများ ဖြစ်‌ပေါ်လာ‌ရေးအတွက် အမျိုးသမီးအဖွဲ့အစည်းများ၏ ကြိုးပမ်းအားထုတ်မှုများကို ကျွန်ုပ်တို့မှ အသိအမှတ်ပြု ‌ထောက်ခံအား‌ပေးပါသည်။

မြန်မာနိုင်ငံတွင် #ရဲရင့်တက်ကြွ ‌ပြောင်းလဲကြ ဆိုသည်မှာ ကျန်းမာ‌ရေး‌စောင့်‌ရှောက်မှု၊ ပညာ‌ရေး၊ အလုပ်အကိုင်အခွင့်အ‌ရေး စသည်များတွင် အမျိုးသမီးအခွင့်အ‌ရေးနှင့် အမျိုးသမီး၊ အမျိုးသား တန်းတူညီမျှ‌ရေးတို့ကို ဖန်တီး‌ပေးခြင်းပင် ဖြစ်သည်။ မိန်းက‌လေးငယ်များအတွက် အလယ်တန်းအဆင့် ပညာ‌ရေးကို ပြည်နယ်များနှင့် တိုင်း‌ဒေသကြီးများအားလုံးတွင် တန်းတူညီမျှ သင်ယူခွင့်ရမည့် မူဝါဒများကို ချမှတ်ခြင်းဖြစ်သည်။ အမျိုးသားများနှင့် အမျိုးသမီးများအကြား စွမ်း‌ဆောင်မှုနှင့် လုပ်ခလစာရရှိမှုတွင် ကြီးမားစွာ ကွာဟ‌နေသည်ကို ပယ်ဖျက်ပြီး ကျား၊ မ တန်းတူညီမျှကို အား‌ပေးသည့် အလုပ်သမားဥပ‌ဒေများ ‌ပေါ်‌ပေါက်လာ‌အောင် ကြိုးပမ်းအားထုတ်ခြင်းဖြစ်သည်။

ကျွန်ုပ်တို့မှ လက်‌တွေ့ကျ‌သော လှုပ်ရှားမှုများကို ‌တောင်းဆိုသည့် ဤ‌တောင်းဆိုချက်ကို အရပ်ဘက်အဖွဲ့အစည်းများ၊ လွတ်လပ်‌သော သတင်းဋ္ဌာနများနှင့် နိုင်ငံတဝှမ်းရှိ ပြည်သူများထံသို့ ‌ပေးပို့လိုက်ပါသည်။ နိုင်ငံတကာသ‌ဘောတူစာချုပ်တစ်ခုဖြစ်သည့် အမျိုးသမီးများအား ခွဲခြားနှိမ့်ချဆက်ဆံမှုများ အားလုံးကို ပယ်ဖျက်ခြင်း (The Convention on the Elimination of all Forms of Discrimination Against Women- CEDAW) စာချုပ်နှင့် အမျိုးသမီးများ၏ ဘဝတိုးတက်‌ရေးအတွက် အမျိုးသားအဆင့် မဟာဗျူဟာ စီမံချက် “The National Strategic Plan for the Advancement of Women, 2013-2022)” များအား အပြည့်အဝ အ‌ကောင်အထည်‌ဖော်နိုင်‌ရေးအတွက် အစိုးရ၊ လွှတ်‌တော်များနှင့် ပူး‌ပေါင်း‌ဆောင်ရွက်ရာတွင် ပိုမို၍ ရဲရင့်တက်ကြွ ခိုင်မာကြရန်ဖြစ်ပါသည်။ အမျိုးသမီးများအား တိုင်းပြည်၏ အ‌ရေးပါ‌သော အခန်းကဏ္ဍများအားလုံးတွင် ဆုံးဖြတ်ချက်ချနိုင်သည့် အဆင့်တိုင်း၌ ပါဝင်နိုင်‌စေရန် အား‌ပေးကူညီခြင်းသည် မြန်မာနိုင်ငံ၏ ဒီမိုက‌ရေစီအသွင်ကူး‌ပြောင်း‌ရေးနှင့် ငြိမ်းချမ်း‌ရေးအတွက် အ‌ခြေခံအကျဆုံး လိုအပ်ချက်ဖြစ်သည်ဟု ကျွန်ုပ်တို့ အပြည့်အဝယုံကြည်သည်။

အားလုံး တန်းတူညီမျှပါဝင်‌သော၊ ကျား၊မ တန်းတူညီမျှ အခွင့်အ‌ရေးရှိ‌သော မြန်မာနိုင်ငံသည် နိုင်ငံသားအားလုံး၏ အကျိုးစီးပွါးဖြစ်ပါလိမ့်မည်။ #ရဲရင့်တက်ကြွ ‌ပြောင်းလဲကြ။

ဤ‌တောင်းဆိုချက်ကို အဂင်္လိပ်အက္ခရာစဉ်အတိုင်း စီစဉ်‌ဖော်ပြထားသည့် ‌အောက်ပါ မဟာမိတ် အဖွဲ့အစည်းများက သ‌ဘောတူ‌ထောက်ခံကြပါသည်။
Civil Authorize Negotiate (C.A.N) Organization
FHI 360
Green Peasant Institute (GPI)
Guiding Star Mon News Journal
The Hakha Post
Helping Hands Organization (HHO)
Human Rights Foundation of Monland (HURFOM)
Internews
Karen Affairs Committee (KAC)
The Karen News/ Karen Information Center (KIC)
Karenni State Farmer Union (KSFU)
Kayan New Generation Youth (KNGY)
Kindness Women Networking Fellowship Group (KWFNG)
Magway EITI Watch Group
Mizzima Media Group
Mong Pan Youth Association (MPYA)
Myanmar Federation of Persons with Disabilities (MFPD)
Myanmar Knowledge Society (MKS)
Myitkyina News Journal (MNJ)
Pa-O Women’s Union (PWU)
Peace and Justice (P&J)
Triangle Women Support Group (TWSG)