Home သတင်း ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီကို အသင်းအဖွဲ့ မှတ်ပုံတင်မည်

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့်ယဉ်‌ကျေးမှု‌ကော်မတီကို အသင်းအဖွဲ့ မှတ်ပုံတင်မည်

1521

မတ် ၈ရက်၊ ၂၀၁၇ခုနှစ်။ ‌စောထွန်းလင်း

ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီကို တရားဝင် အသင်းအဖွဲ့အဖြစ် ယခု မတ်လအတွင်း မှတ်ပုံတင် သွားမည်ဟု တိုင်းစာ/ယဉ် ဒုဥက္ကဌတဦးဖြစ်သူ မန်းထွန်းလင်းက မတ်လ ၈ရက်‌နေ့တွင် ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ပုသိမ်မြို့၊ ဂရုဏာ‌ဖောင်‌ဒေးရှင်းရုံးခန်းမ၌ မတ်လဆန်းပိုင်းက ပြုလုပ်သည့် တိုင်း စာယဉ် အစည်း အ‌ဝေးတွင် ဧရာဝတီတိုင်း‌ဒေသကြီး၏ ကရင်တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၏ လမ်းညွှန်ချက်အ‌ပေါ် အစည်းအ ‌ဝေးတွင် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ဒုဥက္ကဌ မန်းထွန်းလင်းက ယခုလို‌ပြောသည်။

၎င်းက “တိုင်းစာယဉ်ကို တရားဝင်အသင်းအဖွဲ့ မှတ်ပုံတင်မှာပါ။ ဖွဲ့စည်းပုံ‌တွေဘာ‌တွေ‌တော့ ရှိပြီးသားပဲ။ ဘာပဲဖြစ်ဖြစ် စာယဉ် အဖွဲ့အစည်းဆိုတာက ဘာသာ‌ရေးဆိုင်ရာ အဖွဲ့အစည်း‌တွေ မပါလို့ မရဘူး‌လေ။ တရားဝင် အဖွဲ့အစည်း လုပ်တဲ့အခါကျ‌တော့ ဘာသာ‌ရေးဆိုင်ရာ အဖွဲ့အစည်း‌တွေက ပါလို့မရဘူး။ ဒီအ‌ပေါ်မှာ နာယက အဖွဲ့အစည်း‌တွေအ‌နေနဲ့ ဘာသာ‌ရေးဆိုင်ရာ အဖွဲ့အ စည်း‌တွေ ရှိမှာ‌ပေါ့။ မတ် ၁၅ရက်‌နေ ့မတိုင်ခင်ကို ‌ကော်မတီဝင်‌တွေရဲ့ အချက်အလက်‌တွေကို စုမယ်။ မတ်လ မကုန်ခင်တင် မယ်”ဟု ‌ပြောသည်။

ထို့အပြင် ယခုလို တရားဝင် မှတ်ပုံတင်မည့် ဧရာဝတီတိုင်း‌ဒေသကြီး ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ အဖွဲ့ဝင် မြို့နယ်အ သီးသီးရှိ ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီများကို တိုင်း‌ဒေသကြီးအစိုးရအဖွဲ့မှ ရံပုံ‌ငွေကျပ် ၆၆သိန်း ခွဲ‌ဝေ‌ပေးအပ်သွားမည် ဟု မြို့နယ်စာ/ယဉ် တာဝန်ရှိသူများက ‌ကေအိုင်စီသို့ ‌ပြောသည်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌ကျောင်းကုန်းမြို့နယ် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ဒုဥက္ကဌ မန်းဝင်း‌ရွှေက “ပန်းတ‌နော်၊ ပုသိမ်၊ ကျုံ‌ပျော် စတဲ့ ၅မြို့နယ်စာ/ယဉ်‌တွေကို ကျပ်ငါးသိန်းစီ‌ပေးတယ်။ ‌ခြောက်မြို့နယ်ကို နှစ်သိန်း‌ပေးတယ်။ ကျန်တဲ့မြို့နယ် ‌တွေကို နှစ်သိန်းစီ‌ပေးတယ်။ ကျ‌နော်တို့ ‌ကျောင်းကုန်းမြို့နယ်စာ/ယဉ်က ရတဲ့ ရန်ပုံ‌ငွေကို ကရင်စာသင်ဆရာ၊ ဆရာမ‌တွေ မွမ်းမံသင်တန်း‌ပေးတဲ့အခါမှာ သုံးသွားမှာဖြစ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုတိုင်း‌ဒေသကြီးအတွင်းရှိ ခရိုင်နှင့် မြို့နယ်အများစု ပါဝင်သည့် တိုင်း‌ဒေသကြီးအဆင့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ ကို ပြီးခဲ့သည့် ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလ ၂ဝရက်‌နေ့တွင် ပုသိမ်မြို့၊ အထက(၆) Social Centre တွင် ပြုလုပ်သည့် ခရိုင်(၆)ခုနှင့် မြို့နယ် (၂၀)မှ ကရင် စာ/ယဉ်‌ကော်မတီ ကိုယ်စားလှယ် ၈ဝဦးခန့် တက်‌ရောက်သည့် အခမ်းအနားတွင် ပြန်လည် ဖွဲ့စည်းခဲ့ ခြင်း ဖြစ်သည်။

လက်ရှိ ဧရာဝတီတိုင်းစာယဉ်တွင် ဥက္ကဋ္ဌအဖြစ် ဆရာ‌စောဖရန်စစ်ခိုင်(ပုသိမ်)နှင့် ဒု-ဥက္ကဋ္ဌများမှာ မန်းကံ‌ဌေး (ကျုံ‌ပျော်)၊ မန်း ထွန်းလင်း(‌မြောင်းမြ)၊ ‌ဒေါက်တာသန်းဝင်းတင်(လပွတ္တာ)၊ ‌ဒေါက်တာမန်းခင်‌မောင်စိုး (ပန်းတ‌နော်)၊ ‌စောဖါးဝါး (ဇလွန်)၊ မန်းနံ့ သာ(ဖျာပုံ) တို့ တာဝန်ယူထား‌ကြောင်း စာ/ယဉ်‌ကော်မတီဝင်များထံမှ သိရသည်။