ဖေဖော်ဝါရီ ၁၃ရက် ၊ ၂၀၁၇ ခုနှစ် ။ စောညွန့်သောင်း
ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွင် ပါဝင်သည့် အမျိုးသမီးများအနေဖြင့် ၂၁ ရာစု ပင်လုံ ညီလာခံ ပထမအစည်းအဝေးတွင် အ မှန်တကယ်ဆွေးနွေးနိုင်မှု အားနည်းနေသေးသည်ဟု အမျိုးသမီးများအရေး လုပ်ဆောင်သူများက ပြောဆိုကြသည်။
“စစ်ပွဲတွေမှာ အဓမ္မပြုကျင့်တာတို့ စိတ်ပိုင်းဆိုင်ရာ ရုပ်ပိုင်းဆိုင်ရာ စော်ကားခြင်း ခံစားခဲ့ရတာက အမျိုးသမီးများတွေကပဲ အများဆုံး ခံစားရတော့ ငြိမ်းချမ်းရေးမှာ အမျိုးသမီးတွေက ဒီထက်ပိုမိုဆွေးနွေးပါဝင်နိုင်ဖို့တော့ လိုအပ်နေသေးတာကို တွေ့ရတယ်”ဟု ရန်ကုန်အခြေစိုက် (Myanmar Institute of Gender Studies) အမျိုးသမီးအရေး လုပ်ဆောင်သူ ဒါရိုက်တာ နော်မာမာချိုက ပြောသည်။
ငြိမ်းချမ်းရေးတွင် အမျိုးသမီးများ အမှန်တကယ် ဆွေးနွေးနိုင်မှု အားနည်းရသည့် အကြောင်းအရင်းသည် မိသားစု တာဝန် နှင့် စားဝတ်နေရေးအတွက် အခက်အခဲများရှိပြီး ယဉ်ကျေးမှုဓလေ့အရ အမျိုးသမီးများအား အထင်သေး ဆက်ဆံခြင်းနှင့် တရားဥပဒေ အားနည်းချက်ကြောင့် အမျိုးသမီးများ၏ ဘဝလုံခြုံမှု အားနည်းခြင်းတို့ကြောင့်ဖြစ်သည်ဟု နော်မာမာချိုက ထပ်လောင်းပြောဆိုသည်။
အမျိုးသမီးများသည် ငြိမ်းချမ်းရေးတွင် အနည်းငယ်သာ ပါဝင်လာကြပြီး အမှန်တကယ်ဆွေးနွေးနိုင်ရေးအတွက် ငြိမ်းချမ်း ရေးနှင့်ဆိုင်သည့် စွမ်းဆောင်ရည် ပိုမိုမြှင့်တင်ပေးရန် လိုအပ်နေသေးသည်ဟု တနသင်္ာရီတိုင်း ဒေသကြီးမှ ပစ်ခတ်တိုက် ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ -JMC-S အဖွဲ့ဝင် အရပ်ဘက်ကိုယ်စားလှယ်ဖြစ်သူ နော်မေထွယ်က ပြောသည်။
“အဒေါ်တို့ အမျိုးသမီးတွေဟာ ငြိမ်းချမ်းရေးမှာ ပါဝင်လာတာ ဆွေးနွေးနိုင်ဖို့လိုတယ်လေ။ အမျိုးသမီးတွေအများစု ဆွေးနွေး ပွဲတွေမှာ ဆွေးနွေးမှုတွေလိုအပ်နေတာတော့ အမှန်ပါပဲ။ တနသင်္ာရီတိုင်းမှာ JMC-S အဖွဲ့ ၁၅ ဦးမှာ အမျိုးသမီးက အဒေါ်တစ်ယောက်ပဲပါတယ်။ အဒေါ်ကတော့ အားမရသေးဘူး”ဟု ကေအိုင်စီသို့ ပြောသည်။
အမျိုးသမီးများကို မည့်သည့်အရေးကိစ္စတွင်မဆို ပါဝင်ခွင့်၊ လုပ်ပိုင်ခွင့်နှင့်ဆုံးဖြတ်ချက်ချမှတ်သည့် နေရာပေးရန် လိုအပ် သလို စွမ်းဆောင်ရည်မြှင့်တင်ရန်လည်း လိုအပ်မည်ဟု ထားဝယ်လူငယ်အစည်းအရုံး ဥက္ကဌ ဖြစ်သူ ကိုကျော်မင်းထိုက်က ပြောသည်။
“ဖွံ့ဖြိုးမှုနောက်ကျတဲ့နိုင်ငံတွေမှာ အမျိုးသမီးတွေရဲ့ ပညာရေးကို ပြောတဲ့စကားကြားဖူးပါမှာ။ သူတို့ကို သေစာ၊ ရှင်စာ ရေးတတ် ဖတ်တတ်ရင် တော်ပြီးဆိုတဲ့ယူဆချက်ပါ။ အမှန်တော့ သူတို့ကို ယောက်ျားတို့လိုမျိုး အခြားလုပ်နိုင်တဲ့စွမ်းဆောင်ရည်တွေရှိနေကြပါတယ်။”ဟု ၎င်းကပြောသည်။
မြန်မာနိုင်ငံသည် ၁၉၇၉ ခုနှစ် အမျိုးသမီးများအပေါ် ခွဲခြားဆက်ဆံမှု ပုံစံမှ ပပျောက်ရေးကွန်ဗင်းရှင်း -CEDAW ကို ၁၉၉၇ ခုနှစ်တွင် လက်မှတ်ရေးထိုး အတည်ပြုခဲ့ပြီးဖြစ်သည်။ အဆိုပါ သဘောတူညီချက်အရ ငြိမ်းချမ်းရေးနှင့် နိုင်ငံရေးဆွေးနွေးပွဲများတွင် အမျိုးသမီးကိုယ်စားလှယ် အနည်းဆုံး ၃ဝ ရာခိုင်နှုန်း ပါဝင်ခွင့်ရှိသည်။
လက်ရှိ မြန်မာနိုင်ငံငြိမ်းချမ်းရေးနှင့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲတွင် အဆိုပါ ၃ဝ ရာခိုင်နှုန်းပါဝင်ခွင့်ပြုသော်လည်း အမျိုးသမီး များက ပါဝင်လာနိုင်မှု အလွန်နည်းပါးပြီး အမှန်တကယ်ဆွေးနွေးနိုင်မှု အလွန်အားနည်းနေသေး ကြောင်း ရန်ကုန်အ ခြေစိုက် (Myanmar Institute of Gender Studies) အမျိုးသမီးအရေး လုပ်ဆောင်ပေးသူ ဒါရိုက်တာ နော်မာမာချိုက ပြောသည်။
မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တွင် အမျိုးသမီးများပါဝင်မှုမှာ ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ပြည်ထောင်စု ငြိမ်းချမ်းရေး ဖော်ဆောင်ရေးလုပ်ငန်းကော်မတီ -UPWC တွင် ကော်မတီဝင် ၅၂ ဦးရှိသည့်အနက် အမျိုးသမီးပါဝင်မှု ၂ ဦးသာရှိသည်။
ထို့နောက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ-UPDJC တွင် ၂၀၁၁ ခုနှစ်မှ ၂၀၁၅ ခုနှစ်အထိ ကော်မတီ ဝင် ၄၈ ဦးပါဝင်ရာ၌ အမျိုးသမီးပါဝင်မှုသည် ၃ ဦးသာရှိ၍ စီဒေါ(CEDAW) အချိုးကျစနစ်ပါဝင်ရမည့် အမျိုးသမီး အရေတွက် ပြည့်မီရန် လိုအပ်နေသည်ဟု မြန်မာနိုင်ငံရှိ အမျိုးသမီးများ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးမူဝါဒများ အခြေအနေလေ့လာသုံးသပ်ချက်နှင့် အကြံပြုချက်များ Alli ance for Gender Inclusion in the Peace Process ၂၀၁၅ စာတမ်းတွင် ဖော်ပြထားသည်။