Home သတင်း နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲရလဒ်အတိုင်း တစ်ဆင့်ချင်းလုပ်‌ဆောင်ကြရန် ‌တော်လှန်‌ရေး‌နေ့တွင် ‌ကေအဲန်ယူဥက္ကဌတိုက်တွန်း

နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲရလဒ်အတိုင်း တစ်ဆင့်ချင်းလုပ်‌ဆောင်ကြရန် ‌တော်လှန်‌ရေး‌နေ့တွင် ‌ကေအဲန်ယူဥက္ကဌတိုက်တွန်း

1846

ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၇ခုနှစ်။ ‌စောသိန်းမြင့်

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲ‌ရေး သ‌ဘောတူစာချုပ် -NCA ကို လက်မှတ်ထိုးထားသည့် ‌ကေအဲန်ယူ-ကရင်အမျိုးသား အစည်းအရုံး ဥက္ကဌ ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ ရလဒ်အတိုင်း တစ်ဆင့်ချင်း ဆက်လက် လက်တွဲလုပ် ‌ဆောင်သွားကြရန် (ဇန်နဝါရီ ၃၁ရက်) ယ‌နေ့ ကျ‌ရောက်သည့် ၆၈နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့အတွက် ‌ပေးပို့ ‌သောမိန့်ခွန်းတွင် ထည့်သွင်း‌ပြောကြားခဲ့သည်။

ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက “မိမိတို့ ကရင်အမျိုးသားများအတွက် ပညာ‌ရေး၊ ကျန်းမာ‌ရေး၊ ‌မြေယာပိုင်ဆိုင်ခွင့်နှင့် အခြား ‌သော အခွင့်အ‌ရေးများအတွက် မိမိတို့ ကရင်အမျိုးသားအားလုံး စည်းစည်းလုံးလုံး၊ ညီညီညွတ်ညွတ်ဖြင့် လက်တွဲလုပ်‌ဆောင် ကြပြီး ဖြစ်‌ပေါ်တိုးတက်လာ‌သော နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ရလဒ်များနှင့်အညီ တစ်ဆင့်ပြီးတစ်ဆင့် လုပ်‌ဆောင်သွားကြ မည်ဖြစ်သည်”ဟု ၎င်း၏မိန့်ခွန်းတွင် ‌ပြောဆိုထားသည်။

၎င်းအပြင် NCA စာချုပ်အတိုင်း ဒီမိုက‌ရေစီဖက်ဒရယ် ပြည်‌ထောင်စုကြီးကို နိုင်ငံ‌ရေး ‌တွေ့ဆုံ‌ဆွေး‌နွေး‌ရေး ရလဒ်များနှင့်အညီ တည်‌ဆောက်သွားရန် သ‌ဘောတူညီချက်များရရှိခဲ့‌သော‌ကြောင့် အမျိုးသားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲတွင်ဖြစ်‌စေ၊ ပြည်‌ထောင် စု ငြိမ်းချမ်း‌ရေးညီလာခံ -၂၁ပင်လုံအဆင့်တွင်ဖြစ်‌စေ မိမိတို့ ကရင်တစ်မျိုးသားလုံး၏ အမြင်များ၊ ‌ဒေသအလိုက်ဆိုင်ရာ အမြင် များနှင့် လိုအင်ဆန္ဒများကို တင်ပြနိုင်ရန် အခွင့်အ‌ရေးရှိသကဲ့သို့ မိမိတို့ ကရင်အမျိုးသား စု‌ပေါင်းလုပ်‌ဆောင်ရာ၌ စိန်‌ခေါ်ချက် တစ်ရပ်ဖြစ်‌နေသည်ဟု ‌ကေအဲန်ယူဥက္ကဌက ‌ပြောသည်။

NCA စာချုပ်ပါ သ‌ဘောတူညီချက်များအတိုင်း ၂၀၁၆ခုနှစ်၊ ဇန်နဝါရီလနှင့် ဩဂုတ်လကုန်ပိုင်းတို့တွင် ပြည်‌ထောင်စု ငြိမ်းချမ်း ‌ရေးညီလာခံ နှစ်ကြိမ်အထိ ကျင်းပခဲ့‌သော်လည်း နိုင်ငံ‌ရေးဆိုင်ရာ သ‌ဘောတူညီချက်များနှင့် အတည်ပြုဆုံးဖြတ်ချက်များ တစုံ တရာ ချမှတ်နိုင်ခဲ့ခြင်းမရှိ‌သေး‌ကြောင်းလည်း ဗိုလ်ချုပ်ကြီး‌စောမူတူး‌စေးဖိုးက ထပ်‌လောင်း ‌ပြောဆိုသည်။

‌ကေအဲန်ယူသည် အုပ်စိုးသူ မြန်မာအစိုးရအဆက်ဆက်ကို နှစ်‌ပေါင်း ၆၀‌ကျော်ကြာ ခုခံ‌တော်လှန်ခဲ့ပြီး ယခင် ဦးသိန်းစိန်အစိုးရ လက်ထက် ၂၀၁၂ခုနှစ်၊ ဇန်နဝါရီ ၁၂ရက်‌နေ့တွင် ပြည်နယ်အဆင့် အပစ်အခတ်ရပ်စဲ‌ရေး လက်မှတ်‌ရေးထိုးခဲ့ပြီး ၂၀၁၅ခုနှစ်၊ ‌အောက်တိုဘာ ၁၅ရက်‌နေ့တွင် အခြား‌သော တိုင်းရင်းသား လက်နက်ကိုင်‌တော်လှန်‌ရေး အဖွဲ့အစည်း ၇ဖွဲ့နှင့်အတူ NCA စာချုပ် ကို လက်မှတ်‌ရေးထိုးခဲ့သည်။

ယခုနှစ် ကရင့်အမျိုးသား‌တော်လှန်‌ရေး‌နေ့အတွက် ‌ပေးပို့‌သော ကရင်အမျိုးသမီးအစည်းအရုံး-KWO ၏ သဝဏ်လွှာထဲတွင် “အခုချိန်မှာ အစိုးရက တိုင်းရင်းသားအားလုံးအတွက် ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်ကို လမ်းဖွင့်ထားသလို ကျမတို့‌ခေါင်း‌ဆောင်‌တွေ ကလည်း တစ်မျိုးသားလုံး ငြိမ်းချမ်းဖို့ ကြိုးစား‌ဆွေး‌နွေးလျှက်ရှိပါတယ်။ ငြိမ်းချမ်း‌ရေးလုပ်ငန်းစဉ်အ‌ပေါ် မျက်စိဖွင့်၊ နားစွင့်ပြီး ခွဲခြမ်းစိတ်ဖြာ‌စေချင်တယ်။
ကျမတို့ ရည်မှန်းချက်ဖြစ်တဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိ‌ရေး၊ တန်းတူအခွင့်အ‌ရေး၊ ဖက်ဒရယ်ပြည်‌ထောင်စု တည်‌ဆောက်‌ရေးနဲ့ စစ် မှန်တဲ့ ငြိမ်းချမ်း‌ရေးရရှိဖို့အတွက် ဝိုင်းဝန်းပံ့ပိုး လုပ်‌ဆောင်ရမယ်။ ‌တော်လှန်‌ရေး‌အောင်နိုင်ဖို့အတွက် ကရင်တစ်မျိုးသားတို့ရဲ့ လက်ထဲမှာရှိသလို ကျမတို့ရဲ့ ဝိုင်းဝန်းလုပ်‌ဆောင်မှုအ‌ပေါ်မှာသာ မူတည်ပါတယ်။”ဟု ‌ဖော်ပြထားသည်။

ထို့အပြင် ယ‌နေ့ ကျ‌ရောက်သည့် ‌တော်လှန်‌ရေး‌နေ့တွင် ‌တော်လှန်‌ရေးအတွက် အသက်စွန့်ခဲ့ကြသည့် ‌တော်လှန်‌ရေး‌ခေါင်း ‌ဆောင်များ၊ ရဲ‌ဘော်များနှင့် ပြည်သူများကို အတူတကွ ‌အောက်‌မေ့သတိရပြီး ကရင်ပြည်သူများ၏ လိုအင်ဆန္ဒများ ပြည့်ဝရန်အ တွက် တစ်စိတ်တစ်ဝမ်းတည်း စည်းစည်းလုံးလုံး ပါဝင်ကြရန်လည်း ကရင်အမျိုးသမီးအစည်းအရုံးက တိုက်တွန်းလိုက်သည်။

အလားတူ ရခိုင်ပြည်တပ်မ‌တော် (Arakan Army) ဗဟို-စစ်ဌာနချုပ်ရုံးကလည်း ယ‌နေ့ ကျ‌ရောက်‌သော ၆၈နှစ်ပြည့် ကရင့်‌တော် လှန်‌ရေး‌နေ့မှသည် အမျိုးသား‌ခေါင်း‌ဆောင်‌စောဘဦးကြီး၏ မူ ၄ချက် လုံးဝဥဿုံ ပြီးပြည့်စုံ‌အောင် အ‌ကောင်အထည်‌ဖော်နိုင် သည်အထိ အစဉ်အလာ‌ကောင်းများကို ဆက်လက် ထိန်းသိမ်းကာ ‌တော်လှန်‌ရေးအသိ၊ သတိမြဲမြံစွာဖြင့် ကရင်ပြည်နှင့် ကရင် လူမျိုးတို့၏ အကျိုးစီးပွား၊ ဖက်ဒရယ်ဒီမိုက‌ရေစီ ပြည်‌ထောင်စု၏ အကျိုးစီးပွားကို ဆက်လက် ‌ဆောင်ရွက်နိုင်ပါ‌စေ‌ကြောင်း မိမိ တို့ ရခိုင်ပြည်တပ်မ‌တော်မှ အ‌လေးအနက် ဆန္ဒပြုအပ်ပါသည်ဟု ၎င်းတို့၏ သဝဏ်လွှာတွင် ‌ဖော်ပြထားသည်။

ဖဆပလ အစိုးရလက်ထက် ၁၉၄၉ခုနှစ်၊ ဇန်နဝါရီလ ၃၁ရက်‌နေ့တွင် ကရင်အမျိုးသားကာကွယ်‌ရေးအဖွဲ့-KNDO ကို တရားမဝင် အသင်းအဖြစ် ‌ကြေညာခဲ့ပြီး‌နောက် အစိုးရတပ်နှင့် KNDO တို့အကြား တိုက်ပွဲများစတင်ဖြစ်‌ပေါ်ပြီး တစ်ပြည်လုံးရှိ ကရင်များက ခုခံ‌တော်လှန်သည့်‌နေ့ကို အစွဲပြု၍ ကရင့်‌တော်လှန်‌ရေး‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်းဖြစ်သည်။

ယ‌နေ့ ကျ‌ရောက်သည့် ၆၈နှစ်‌မြောက် ကရင်အမျိုးသား‌တော်လှန်‌ရေး‌နေ့ ဂုဏ်ပြုအခမ်းအနားကို သက်ဆိုင်ရာ ‌ကေအဲန်ယူ၏ ခရိုင်၊ တပ်မဟာ အသီးသီးနှင့် ပြည်ပ‌ရောက် ကရင်အမျိုးသားအချို့လည်း ဂုဏ်ပြုကျင်းပခဲ့ကြသည်ဟု သိရသည်။