Home သတင်း မြို့‌ပေါ်‌ကျောင်းများတွင် တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး တိုက်တွန်း‌ပေး‌စေလိုဟု ကြီးကြပ်အဖွဲ့‌ပြော

မြို့‌ပေါ်‌ကျောင်းများတွင် တိုင်းရင်းသားစာ‌ပေသင်ကြား‌ရေး တိုက်တွန်း‌ပေး‌စေလိုဟု ကြီးကြပ်အဖွဲ့‌ပြော

1791

ဇန်နဝါရီ ၃၁ရက်၊ ၂၀၁၇ခုနှစ်။ နန်း‌ဝေဖြိုးဇာ

ကရင်ပြည်နယ်၊ ဖားအံမြို့‌တော် အပါအဝင် မြို့‌ပေါ် အစိုးရ စာသင်‌ကျောင်းများ၌ ‌ကျောင်းချိန်အတွင်း တိုင်းရင်းသားစာ‌ပေ သင် ကြားနိုင်‌ရေးအတွက် ပြည်နယ်အစိုးရအ‌နေဖြင့် တိုက်တွန်း‌ပေး‌စေလိုသည်ဟု ဖားအံမြို့နယ် တိုင်းရင်းသားစာ‌ပေ သင်ကြား‌ရေး ကြီးကြပ်မှုအဖွဲ့ဝင် ‌စော‌အောင်ရှင်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

အဆိုပါကိစ္စနှင့် ပတ်သက်၍ ဇန်နဝါရီလ ၂၇ရက်‌နေ့တွင် ပြည်နယ်လွှတ်‌တော်ရုံး၌ ကျင်းပသည့် ပြည်နယ်တိုင်းရင်းသားစာ‌ပေ သင်ကြား‌ရေးကြီးကြပ်မှုအဖွဲ့ ပဉ်စမအကြိမ် အစည်းအ‌ဝေးတွင် ကိုယ်စားလှယ်များက ‌ဆွေး‌နွေးတင်ပြခဲ့သည်ဟု ‌စော‌အောင်ရှင်း က ဇန်နဝါရီ ၃ဝရက်တွင် ယခုလို ‌ပြောသည်။

“ဖားအံမြို့‌တော်‌ကျောင်း‌တွေမှာ အခြား‌ကျောင်း‌တွေထက် ကရင်စာ‌ပေသင်နိုင်ရမှာ။ မြို့ထဲ‌ကျောင်း‌တွေက စံပြ‌ကျောင်းဖြစ်ရမှာ။ ကျ‌နော်တို့တိုင်းရင်းသားစာ‌ပေကို သင်ခွင့်‌ပေးပြီး ‌ကျောင်းချိန်မှာ မသင်ဘူးဆို‌တော့ မဖြစ်သင့်ဘူး။ အခု ‌ကျောင်းချိန်တိုင်းရင်း သားစာ‌ပေသင်တာ ‌တောရွာက ‌ကျောင်း‌တွေပဲသင်တယ်။ မြို့‌ပေါ်‌ကျောင်း‌တွေ စံပြဖြစ်‌အောင် အစိုးရက တိုက်တွန်းဖို့ လိုအပ် တယ်ထင်လို့ အစည်းအ‌ဝေးမှာ ကျ‌နော်တို့ ‌ဆွေး‌နွေးခဲ့တာဖြစ်တယ်”ဟု ဆိုသည်။

လက်ရှိ ပညာ‌ရေးဝန်ကြီးဌာနအ‌နေဖြင့် တိုင်းရင်းစာ‌ပေများကို ‌ကျောင်းချိန်နှင့် ‌ကျောင်းပြင်ပတွင် သင်ချင်ပါက သင်၍ရသည့်အ ဆင့်သာရှိပြီး စည်းကမ်းတင်းကြပ်စွာ မလုပ်နိုင်သည့်အတွက် မြို့‌ပေါ်‌ကျောင်းများတွင် ယခုလို တိုင်းရင်းသားစာ‌ပေ မသင်ကြား နိုင်‌သေးခြင်းဖြစ်သည်ဟု ကရင်ပြည်နယ် ပညာ‌ရေးစီမံကိန်း ကြီးကြပ်အကဲဖြတ်ဌာန၊ ဒုတိယညွှန်ကြား‌ရေးမှူး နန်းစိုးစိုးသန်းက ‌ကေအိုင်စီသို့ ယခုလို ‌ပြောသည်။

သူမက “တိုင်းရင်းသားစာ‌ပေကို ‌ကျောင်းမှာသင်ချင် သင်လို့ရတယ်ဆိုတဲ့သ‌ဘော‌ပေါ့။ အဲလိုသင်လို့ရတယ် ဆိုတာကလည်း ဒီအစိုးရအဖွဲ့ရဲ့ဦး‌ဆောင်မှု‌အောက်မှာပါတယ်။ ဆို‌တော့ အဲဒီအချိန်တုန်းက အစိုးရဘက်က သင်ရိုးဝင် ဘာသာရပ်အ‌နေနဲ့‌တော့ မပြဌာန်းထားဘူး။ အခုကျ‌တော့ အစိုးရက သင်ရိုးဝင်ဘာသာရပ်အ‌နေနဲ့ ပြဌာန်းလိုက်ပြီး။ အစိုးရဖွဲ့က မသင်မ‌နေရ ညွှန်ကြား ‌ပေးရင်‌တော့ သူတို့သင်ရမှာ‌ပေါ့။ အခုဆိုရင် Grade-1 မှာ စပြီး တိုင်းရင်းသား စာ‌ပေသင်ရိုးညွှန်းတမ်း ထည့်ထားတယ်။ ဒီနှစ် ‌တော့ မဖြစ်နို်င်‌တော့ဘူး။ ‌နောက်နှစ်ကျရင်‌တော့ စတင် သင်ရမှာ‌ပေါ့”ဟု ‌ပြောသည်။

ကရင်ပြည်နယ်အတွင်း၌ ကရင်လူမျိုးများအပြင်၊ မွန်၊ ပအိုဝ်းတိုင်းရင်းသားများလည်း ‌နေထိုင်သည့်အတွက် ‌ဒေသအ‌ပေါ်မူတည် ၍ အစိုးရစာသင်‌ကျောင်းများတွင် တိုင်းရင်းသားစာ‌ပေ သင်ကြား‌ပေး‌နေသလို ပြည်နယ်အတွင်း အ‌ခြေခံပညာ‌ကျောင်း‌ပေါင်း ၁,၆၉၁‌ကျောင်းရှိသည့်အနက် ၁,၀၄၄‌ကျောင်းတွင် တိုင်းရင်းသားစာ‌ပေ သင်ကြား‌နေသည်ဟု ပြည်နယ်စာယဉ်က ပြုစုထား သည့် စာရင်းများအရ သိရသည်။