Home ထိပ်တန်းသတင်း ၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ရန်ကုန်ကရင်လူငယ်များ စု‌ပေါင်းကျင်းပမည်

၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌နေ့ အခမ်းအနားကို ရန်ကုန်ကရင်လူငယ်များ စု‌ပေါင်းကျင်းပမည်

3317

ဇန်နဝါရီ ၂၆ ရက်၊ ၂၀၁၇ ခုနှစ်။ ‌စောထွန်းလင်း

‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ ့တွင်ကျ‌ရောက်မည့် ၆၉ နှစ်‌မြောက် ကရင်အမျိုးသား‌နေ ့အခမ်းအနားကို ရန်ကုန်မြို့ ‌ပေါ်ရှိ ကရင်လူငယ်များ စု‌ပေါင်းဦး‌ဆောင်ကျင်းပသွားမည်ဟု အခမ်းအနားကျင်းပ‌ရေး ဦး‌ဆောင်စီစဉ်‌နေသူ တစ်ဦးဖြစ်သည့် နန့်စန္ဒာက ‌ကေအိုင်စီသို့ ယ‌နေ့ (ဇန်နဝါရီ ၂၆)တွင် ‌ပြောသည်။

သူမက “ လာမဲ့ ကရင်အမျိုးသား‌နေ့ကို ရန်ကုန်မြို့၊ အင်းစိန်မြို့နယ် စိန့်ပီတာ စိန်‌ပေါလ် ဘုရား‌ကျောင်းမှာ ကျင်းပသွားမယ်။ အခမ်းအနားဖြစ်‌မြောက်ဖို့အတွက် ရန်ကုန်မှာရှိတဲ့ကရင်လူငယ်‌တွေ ‌တွေ့ဆုံညှိနှိုင်းပြီး‌တော့ တာဝန်‌တွေခွဲ‌ဝေထားတယ်။ ဘယ်အဖွဲ့အစည်း၊ ဘယ်သူတစ်ဦးတစ်‌ယောက်ရဲ့‌ငွေ‌ကြေးနဲ့ မဟုတ်ပဲ ရန်ကုန်မြို့ခံ ကရင်လူထုဆီက‌နေ အလှူ‌ငွေ‌ကောက်မယ်။ ရလာတဲ့‌ငွေ‌ကြေးနဲ့စနစ်တကျ လုပ်သွားဖို့ စီစဉ်‌နေတယ်” ဟု ‌ပြောသည်။

အဆိုပါ ကရင်အမျိုးသား‌နေ့ကို ကရင်လူမျိုးများ မိမိတို့အမျိုးသား‌နေ ့ဖြစ်‌ပေါ်လာပုံသမိုင်းကို သိရှိပြီး မိမိတို့ ‌နေ့ထူး‌နေ့ မြတ်များကို ပြန်လည်‌ဖော်ထုတ်ကာ စုစည်းညီညွတ်မှုရှိ‌စေရန် ရည်ရွယ်ကျင်းပခြင်းဖြစ်သည်ဟု ဦး‌ဆောင်စီစဉ်‌နေသူ တစ်ဦးဖြစ်သူ ‌နော်အုန်းလှက ဖြည့်စွက်‌ပြောသည်။

၆၉ နှစ်‌မြောက်ကရင်အမျိုးသား‌နေ ့အခမ်းအနားကို အင်းစိန်မြို့နယ်၊ နံ့သာကုန်းရပ်ကွက်၊ ဘူတာရုံလမ်း အမှတ် ၂၁၂၉ ရှိ စိန် ့ပီတာ စိန်‌ပေါလ် ဘုရား‌ကျောင်းဝင်း၌ ၂၀၁၇ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်၊ နံနက် ၉ နာရီမှ ‌နေ့လည် ၁ နာရီထိ ပြုလုပ်သွားမည်ဖြစ်ပြီး အခမ်းအနားတွင် အမျိုးသား‌နေ ့ဖြစ်‌ပေါ်လာပုံသမိုင်းနှင့် အမျိုးသား ‌နေ့နှင့်သက်ဆိုင်သည့် ‌ဟော‌ပြောခြင်းအစီအစဉ်များ ထည့်သွင်းကျင်းပရန် လျာထား‌ကြောင်း အခမ်းအနားစီစဉ် ‌နေသူများထံမှ သိရသည်။

ထို့အပြင် ယခင်နှစ် ၆၈ နှစ်‌မြောက် ကရင်အမျိုးသား‌နေ ့အခမ်းအနားကို ရန်ကုန်မြို့‌ပေါ်တွင်ပြုလုပ်ရန် စီစဉ် ခဲ့ဖူး‌သော်လည်း သက်ဆိုင်ရာက ခွင့်မပြုသည့်အတွက် ရန်ကုန်မြို့‌ပေါ်တွင် အခမ်းအနားမပြုလုပ်နိုင်ခဲ့ ဖူးသည့် အ‌ပေါ် ယခုနှစ်တွင် အလားတူ အဖြစ်မျိုးမဖြစ်‌အောင် စီစဉ်ထားသည်ဟု ဦး‌ဆောင်စီစဉ်သူများက ‌ပြောသည်။

လွပ်လပ်‌ရေးရပြီးစ မြန်မာနိုင်ငံတွင် ကရင်ပြည် ရရှိ‌ရေးအတွက် ဦးနု ဦး‌ဆောင်သည့် ဖဆပလ အစိုးရထံ ကရင် လူထု‌လေးသိန်း‌ကျော်က ၁၉၄၈ ခုနှစ်၊ ‌ဖေ‌ဖော်ဝါရီ ၁၁ ရက်‌နေ့တွင် ရန်ကုန်မြို့၌ ဆန္ဒထုတ်‌ဖော်ခဲ့သည့်‌နေ့ကို အစွဲပြုပြီး ‌ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံးက ၁၉၅၃ ခုနှစ်၊ နိုဝင်ဘာ ၂၃ ရက်‌နေ့တွင် ပြုလုပ်သည့် ပြည်လုံးဆိုင်ရာ ‌ကော်သူး‌လေ ကွန်ဂရက်တွင် ယင်း‌နေ့ကို ကရင်အမျိုးသား‌နေ့အဖြစ် သတ်မှတ်ခဲ့ခြင်း ဖြစ် သည်။

နှစ်စဉ် ‌ဖေ‌ဖော်ဝါရီလ ၁၁ရက်‌နေ့တွင် ကရင်အမျိုးသား‌နေ့ အခမ်းအနားများကို ‌ကေအဲန်ယူ ထိန်းချုပ်နယ်‌မြေ အသီးသီးတွင် ပြုလုပ်‌လေ့ရှိပြီး ရန်ကုန်မြို့၌ ယမန်နှစ်က ပြုလုပ်ရန် စီစဉ်ထားခဲ့‌သော်လည်း သက်ဆိုင်ရာက ခွင့်မပြုသဖြင့် ရန်ကုန်တိုင်း‌ဒေသ ကြီး၊ ကွမ်းခြံကုန်းမြို့နယ်၊ မန်းကလိပ်‌ကျေးရွာ ဘုန်း‌တော်ကြီး‌ကျောင်းသို့ ‌ပြောင်း‌ရွှေ့ပြုလုပ်ခဲ့ရ‌ကြောင်း သိရသည်။