Home သတင်း မြဝတီ-မဲ‌ဆောက် ယာယီနယ်စပ် ဖြတ်‌ကျော်ခွင့်လက်မှတ်ကို တစ်ပတ်အထိ ရက်တိုးသတ်မှတ်

မြဝတီ-မဲ‌ဆောက် ယာယီနယ်စပ် ဖြတ်‌ကျော်ခွင့်လက်မှတ်ကို တစ်ပတ်အထိ ရက်တိုးသတ်မှတ်

2169

‌အောက်တိုဘာ ၄ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ထိုင်း-မြန်မာနှစ်နိုင်ငံ သ‌ဘောတူညီချက်အရ မြန်မာဘက်ခြမ်း၊ မြဝတီမြို့ရှိ နယ်စပ်ဂိတ်မှ ထိုင်းနိုင်ငံ မဲ‌ဆောက်မြို့အတွင်း သွား လာမည့်သူများအတွက် နယ်စပ်ဖြတ်‌ကျော်ခွင့်ကို ၂၀၁၆ခုနှစ်၊ ‌အောက်တိုဘာလ ၁ရက်‌နေ့မှစတင်ကာ ရက်သတ္တပတ်အထိ တိုး မြှင့်သတ်မှတ်လိုက်‌ကြောင်း သိရသည်။

မြန်မာနိုင်ငံအလုပ်သမား၊ လူဝင်မှုကြီးကြပ်‌ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဋ္ဌာနနှင့် ထိုင်းနိုင်ငံ ပြည်ထဲ‌ရေးဝန်ကြီးဋ္ဌာန၊ ‌တော်ဝင် လူဝင်မှုကြီးကြပ်‌ရေးဦးစီးဋ္ဌာနတို့မှ နှစ်နိုင်ငံအစိုးရကိုယ်စား တာဝန်ယူ ပူး‌ပေါင်း‌ဆောင်ရွက်ခြင်းဖြစ်သည်ဟုသိရပြီး မဲ‌ဆောက်မြို့ အတွင်း ၆ညအိပ် ၇ရက် ‌နေထိုင်သွားလာခွင့်ရှိမည်ဖြစ်သည်။

ယခင်က အဆိုပါ နယ်စပ်ဖြတ်‌ကျော်ခွင့်ကို နယ်စပ်တံတားစဖွင့်သည့် မနက် ၆နာရီမှ ည‌နေ ၆နာရီအထိ တစ်ရက်သာ ခွင့်ပြု‌ပေး ထားပြီး ထိုသို့ ရက်တိုးသတ်မှတ်လိုက်သည့်အတွက် ပိုမိုအဆင်‌ပြေ‌ကြောင်း နယ်စပ်ဖြတ်‌ကျော်သူ မြန်မာနိုင်ငံသားများက ‌ပြော ဆို‌နေကြသည်။

မြဝတီ-မဲ‌ဆောက်ကား‌ပြေးဆွဲသူ ကိုထွန်းထွန်းက“ဒီလိုခွင့်ပြု‌ပေးလိုက်တာ အလည်လာချင်တဲ့သူ‌တွေ၊ ‌ဆေးလာကုတဲ့သူ‌တွေအ တွက်က‌တော့ ‌တော်‌တော်အဆင်‌ပြေတယ်။ တစ်ပတ်စာ ‌နေခွင့်‌ရော၊ မဲ‌ဆောက်တစ်ဝိုက် ကြိုက်သလိုသွားခွင့်ရတယ်။ ဒါ‌ပေမဲ့ ဒီလ ၁ရက်‌နေ့ကစပြီးလုပ်တဲ့ တစ်ပတ်စာ လက်မှတ်က ရက်‌ကျော်သွားရင် ဒဏ်‌ငွေထိုင်းဘတ်နဲ့ တစ်ရက်ကို ၅၀ဝလို့‌တော့ ကြားတယ်”ဟု ‌ပြောသည်။

ယာယီနယ်စပ်ဖြတ်‌ကျော်ခွင့် လက်မှတ်ကို ပြုလုပ်ရာတွင် မြန်မာနိုင်ငံသား စိစစ်‌ရေးကတ်ပြားနှင့်အတူ ယင်းလက်မှတ်အတွက် မြန်မာ(လဝက)ဋ္ဌာနတွင် ကျပ်‌ငွေ ၁၅၀ဝ အပြင် ထိုင်းဘက်ခြမ်းတွင် ဘတ် ၂ဝကုန်ကျမည်ဖြစ်ပြီး မဲ‌ဆောက်မြို့အတွင်းရှိ ဖုတ် ဖရနှင့် မယ်ရမမြို့နယ်များအထိ လွတ်လပ်စွာ သွားခွင့်ရှိမည်ဖြစ်သည်။

၎င်းအပြင် မြဝတီမှတစ်ဆင့် ကိုယ်ပိုင်ကားဖြင့် လာ‌ရောက်မည့်သူများအ‌နေဖြင့် မြန်မာကျပ်‌ငွေ ၂၅၀၀ဝ ကုန်ကျမည်ဖြစ်‌သော် လည်း ဖုတ်ဖရနှင့် မယ်ရမမြို့နယ်များသို့မူ သွားလာခွင့်ရှိမည်မဟုတ်ဘဲ မဲ‌ဆောက်မြို့ စည်ပင်နယ်နိမိတ်အတွင်းသာ သွားလာ နိုင်‌ကြောင်း သိရသည်။

မြဝတီမြို့မှတစ်ဆင့် နယ်စပ်တံတားကို ဖြတ်‌ကျော်ကာ မဲ‌ဆောက်မြို့အတွင်းသို့ ‌နေ့စား လာ‌ရောက်လုပ်ကိုင်သူများ၊ ‌ဈေးဝယ်သူ များ၊ ‌ဆေးလာ‌ရောက်ကုသမှုများနှင့် အလည်အပတ် လာ‌ရောက်သူများ ‌နေ့စဉ်ရှိ‌နေပြီး ယခုလက်မှတ်မှာ မြဝတီ-မဲ‌ဆောက်နယ် စပ်တံတားမှ တရားဝင် ဝင်‌ရောက်လာသူများအတွက်သာ အကျုံးဝင်သည်ဟု သိရသည်။

မြန်မာပြည်သားများအ‌ရေး ပူးတွဲလှုပ်ရှားမှု‌ကော်မတီ-JACBA ဥက္ကဌ-ဦးမိုးကြိုးက “ဒီဟာက မဲ‌ဆောက်ကို အ‌ကြောင်းအမျိုးမျိုး ‌ကြောင့် လာတဲ့သူ‌တွေအတွက် ဝမ်းသာစရာဖြစ်ပါတယ်။ ဒါ‌ပေမဲ့ အထူးပန်ကြားလိုတာက အခု ထိုင်းနိုင်ငံက အရပ်သား ဒီမိုက ‌ရေစီအစိုးရ မဟုတ်ဘူး။ စစ်အစိုးရဆိုတာ မ‌မေ့ကြဖို့နဲ့၊ ‌ရွှေ့‌ပြောင်းအလုပ်သမား လာလုပ်မယ့်သူ‌တွေအတွက် ထိုင်းနိုင်ငံက ပြဋ္ဌာန်းထားတဲ့ ဥပ‌ဒေ‌တွေကို တ‌စေ့တ‌စောင်း ‌လေ့လာထားကြဖို့ လိုအပ်တယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယာယီနယ်စပ်ဖြတ်သန်းခွင့် ရက်တိုးသတ်မှတ်ခြင်းကို ကရင်ပြည်နယ်အတွင်း မတည်ငြိမ်မှုများ‌ကြောင့် ယခုမှသာ အ‌ကောင်အ ထည်‌ဖော် ‌ဆောင်ရွက်နိုင်ခြင်းဖြစ်‌သော်လည်း လက်ရှိ ထိုင်း-မြန်မာနယ်စပ်တစ်‌လျှောက်မှ နယ်စပ်ဂိတ်များဖြစ်‌သော တာချီ လိတ်၊ မြဝတီ၊ ဘုရားသုံးဆူ၊ ‌မော‌တောင်၊ ထီးခီးနှင့် ‌ကော့‌သောင်း စသည့်နယ်စပ်ဂိတ် (၆)ခုရှိ‌ကြောင်း သိရသည်။