Home သတင်း ရန်ကုန် ကရင်နှစ်သစ်ကူး ဗဟို‌ကော်မတီ အဖွဲ့အသစ် ပြန်ဖွဲ့စည်း

ရန်ကုန် ကရင်နှစ်သစ်ကူး ဗဟို‌ကော်မတီ အဖွဲ့အသစ် ပြန်ဖွဲ့စည်း

2907

‌အောက်တိုဘာ ၃ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောထွန်းလင်း

ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော် ကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်) နှစ်ပတ်လည် စုံညီအစည်း အ‌ဝေးကို ‌အောက်တိုဘာ ၂ ရက်၊ ‌နေ့လည် ၁ နာရီတွင် ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်၊ မဟာ‌ဆေးဝဂင်္ဘာ အာလိန်ငါးဆင့်‌ကျောင်းတိုက်၌ ကျင်းပခဲ့ပြီး အစည်းအ‌ဝေးတွင် ၂၇၅၆ ခုနှစ်အတွက် ဗဟိုအလုပ်မှု‌ဆောင် ‌ကော်မတီသစ်ကို ‌ရွေးချယ် ဖွဲ့စည်းလိုက်သည်။

၂၇၅၆ ခုနှစ် ကရင်အမျိုးသားနှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟိုအလုပ်အမှု‌ဆောင်‌ကော်မတီ ဥက္ကဌအဖြစ် ယခင် ဥက္ကဌ ပါ‌မောက္ခမန်း‌ရွှေပြည်‌အေးကို ပြန်လည်‌ရွေးချယ်ခဲ့ပြီး၊ ဒုဥက္ကဌများအဖြစ် ပါ‌မောက္ခ‌ဒေါက်တာ‌နော်မူမူ‌အေး၊ မန်းစံမြဲတင်၊ ‌စောတာက‌ပေါတို့ အ‌ပြောင်းအလဲမရှိ ပြန်အ‌ရွေးခံရသလို ယခင်‌ကော်မတီ ဒုဥက္ကဌ ‌ဒေါက်တာ ‌နော်ရီဘက်ခါထင် ‌နေရာတွင် မန်းသန်းဝင်းဦးကို ဒုဥက္ကဌ အဖြစ် အများသ‌ဘောတူ ‌ရွေးချယ်ခဲ့သည်။

အများစိတ်ဝင်စား‌နေသည့် ‌ကော်မတီအ‌ထွေ‌ထွေအတွင်း‌ရေးမှူး‌နေရာအတွက် အစည်းအ‌ဝေးတွင် ‌ကော်မတီ အတွင်း‌ရေးမှူး အဖွဲ့ငါးဦးကို ကနဦးအများဆန္ဒဖြင့် ‌ရွေးချယ်ခဲ့ရာ မန်း‌ကျော်ညွှန့်၊ မန်းဖိုး‌စော၊ မန်း‌ကျော်စွာ၊ ‌စောညီညီလွင်နှင့် ‌နော်ယမင်းသူဇာ‌အောင်တို့အများဆန္ဒဖြင့် ‌ရွေးချယ်ခံရပြီး ယင်းငါးဦးမှ အ‌ထွေ‌ထွေအတွင်း ‌ရေးမှူးအဖြစ် မန်းဖိုး‌စောကို တစ်ဆင့်ပြန်‌ရွေးချယ်တာဝန်‌ပေးသည့်အတွက် ‌ကော်မတီ အ‌ထွေ‌ထွေအတွင်း ‌ရေးမှူးအဖြစ် မန်းဖိုး‌စောက တာဝန်ယူသွားမည်ဖြစ်သည်။

‌ကော်မတီ အ‌ထွေ‌ထွေအတွင်း‌ရေးမှူးဖြစ်လာသူ မန်းဖိုး‌စောက “ ဒါက ကျ‌နော်တို့‌ခေတ်နဲ့ စနစ်နဲ့ ဒီမိုက‌ရေစီ နည်းကျကျ ‌ဆောင်ရွက်သွားတဲ့ အ‌နေအထားအရ ဆိုလို့ရှိရင်၊ ဒါအများက တင်‌မြှောက်တာဖြစ်တဲ့အတွက် ကျ‌နော့်အ‌နေနဲ့ဆက်လက်ပြီး ကရင်အမျိုးသားနှစ်သစ်ကူးကျင်းပ ‌ရေးဗဟို‌ကော်မတီ လာမယ့် ၂၇၅၆ ခုနှစ်မှာ ကျ‌နော်အ‌ထွေ‌ထွေအတွင်း‌ရေးမှူးတာဝန်ကို ‌ကျေပွန်စွာ ထမ်း‌ဆောင်သွားပါမယ်လို့ ကတိပြုပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

၎င်းနှစ်ပတ်လည် စုံညီအစည်းအ‌ဝေးသို့ ကရင်နိုင်ငံ‌ရေးပါတီများ၊ ‌ကော်မတီနာယကများ ‌ကော်မတီအဖွဲ့ဝင် ‌ဟောင်းများနှင့် ကရင်လူငယ်များ အပါအဝင် စုစု‌ပေါင်း လူ ၁၀ဝ ခန့် တက်‌ရောက်ခဲ့ပြီး ဆပ်‌ကော်မတီအလိုက် ဥက္ကဌနှင့် အတွင်း‌ရေးမှူး‌နေရာများကိုလည်း ‌ရွေးချယ်တာဝန်‌ပေးခဲ့ရာ အများစုမှာ ယခင် ဆပ်‌ကော်မတီဥက္ကဌ များသာ ပြန်တာဝန်‌ပေးခြင်းခံခဲ့ရသည်။

‌ကော်မတီဥက္ကဌ ပါ‌မောက္ခမန်း‌ရွှေပြည်‌အေးက “‌နေရာယူတာ ‌နေရာယူထားရုံပဲ ဟုတ်ပါဘူး။ ဒီ‌နေရာမှာ ‌ပေးဆပ်ဖို့အတွက် ဖြစ်ပါတယ်။ ပြန်လည်ရယူခြင်း ကင်းမဲ့‌သော ‌ပေးဆပ်ခြင်းပါ။ ဒီ‌နေရာမှာ ကျ‌နော်တို့အလုပ် လုပ်တာ ငါကဥက္ကဌ သူကအတွင်း‌ရေးမှူး လခ တပြားမှ ရတာမဟုတ်ပါဘူး။ ကိုယ့်အမျိုးသား ကရင်နှစ်သစ်ကူး ‌နေ့ကို ထိုက်ထိုက်တန်တန် ကျင်းပဖို့ စုစည်းဖွဲ့စည်းတာ ဖြစ်ပါတယ်။ ဒါ‌ကြောင့် အမှု‌ဆောင်သစ်များ အားလုံး လာမဲ့ ၂၇၅၆ ကရင်အမျိုးသားနှစ်သစ်ကူး‌နေ့ကို ကျ‌နော်တို့ ဘယ်လိုဖြည့်ဆည်းကြမလဲဆိုတာ ‌ဖော်ပြ‌ပေးဖို့ တိုက်တွန်းပါတယ်”ဟု ‌ပြောသည်။

ကရင်အမျိုးသား နှစ်သစ်ကူးပွဲ‌တော်ကျင်းပ‌ရေး ဗဟို‌ကော်မတီ(မဟာရန်ကုန်)ကို ၁၉၆၄ ခုနှစ်တွင် ကရင် နှစ်သစ်ကူးပွဲ‌တော် ကျင်းပရန် အတွက် လူထုအစည်းအ‌ဝေးပွဲ‌ခေါ်ယူကာ စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး ‌ကော်မတီ အ‌နေဖြင့် နှစ်စဉ် ‌ကော်မတီသစ်ကို ‌ရွေးချယ်ဖွဲ့စည်းကာ နှစ်သစ်ကူး‌နေ့ကို ဦး‌ဆောင်ကျင်းပခဲ့ကြသည်။