Home သတင်း နယ်‌မြေအငြင်းပွားမှု‌ကြောင့် KNU နှင့် NMSP ပစ်ခတ်မှုဖြစ်ပွား

နယ်‌မြေအငြင်းပွားမှု‌ကြောင့် KNU နှင့် NMSP ပစ်ခတ်မှုဖြစ်ပွား

3396

စက်တင်ဘာ ၉ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း။

နယ်‌မြေအငြင်းပွားမှု‌ကြောင့် ကရင်အမျိုးသားအစည်းအရုံး(KNU) လက်‌အောက်ခံ တပ်ဖွဲ့ဝင်များနှင့် မွန်ပြည်သစ်ပါတီ(NMSP) တပ်ဖွဲ့ဝင်တို့သည် စက်တင်ဘာ ၈ ရက်‌နေ့က မွန်းလွဲပိုင်း ၁ နာရီခွဲအချိန် တနသင်္ာရီတိုင်း‌ဒေသကြီး ‌ရေဖြူမြို့နယ် ကလိန်‌အောင်မြို့နယ်ခွဲရှိ သဲ‌ချောင်းဖျား‌ကျေးရွာအနီးတွင် ပစ်ခတ်မှုဖြစ်ပွားခဲ့‌ကြောင်း သိရသည်။

ထိုသို့ ဖြစ်ပွားရာတွင် KNU ဘိတ်-ထားဝယ်ခရိုင်၊ တပ်မဟာ ၄ လက်‌အောက်ခံ ကရင်အမျိုးသား လွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်ရင်း ၁၀၊ တပ်ခွဲ ၃ မှ တပ်ဖွဲ့ဝင်နှင့် NMSP လက်‌အောက်ခံ မွန်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(MNLA) တပ်ဖွဲ့ဝင်များအကြား ဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု နှစ်ဖက်တာဝန်ရှိသူများက အတည်ပြု‌ပြောဆိုသည်။

အဆိုပါ ဖြစ်စဉ်စတင်ဖြစ်ပွားရသည့် အ‌ကြောင်းရင်းနှင့်ပတ်သက်ပြီး KNU ထားဝယ်ဆက်ဆံ‌ရေးရုံးတာဝန်ခံ ပဒို‌စောဝင်းခိုင်က “အဲဒီနယ်ကို ‌ကျော်ပြီးသွားဖို့အတွက် ပထမဆက်သားလွတ်ပြီး ‌ပြောခိုင်းတာ။ အဆင်မ‌ပြေလို့ ဟိုကထ‌ပေါက်၊ ဒီကထ‌ပေါက်တဲ့ ပုံစံနဲ့ အ‌ဝေးက‌နေ လှမ်းပစ်ကြတာ။ ရည်ရွယ်ချက် ရှိရှိသာ ပစ်‌ကြေးဆို အကုန်‌သေကုန်ပြီ‌ပေါ့”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဆယ့်ငါး မိနစ်ခန့် ကြာမြင့်သည့် ယင်းနှစ်ဖက်ပစ်ခတ်မှု၌ နှစ်ဖက်ထိခိုက်ဒဏ်ရာရရှိမှုမရှိ‌ကြောင်းနှင့် ပစ်ခတ်မှု စတင်ဖြစ်ပွားခဲ့ရသည့် အ‌ကြောင်းအရင်းအ‌ပေါ် မွန်ပြည်သစ်ပါတီ NMSP နှင့် KNU တို့ အပြန်အလှန် အမျိုးမျိုး‌ပြောဆို‌နေကြဆဲ အ‌ခြေအ‌နေတွင် ရှိသည်ဟု သိရသည်။
Myanmar Ethnic Rebels
မွန်ပြည်သစ်ပါတီ NMSP ပြည်တွင်း‌ရေးရာဌာန တာဝန်ခံနိုင်ဝင်းလှက “ကျ‌နော်တို့စခန်းအနီးရွာမှာပဲ သူတို့ စခန်းချပြီး လူလွှတ်ကင်း‌ထောက်တဲ့ သ‌ဘော‌ပေါ့‌လေ။ အဲဒါနဲ့ ကျ‌နော်တို့ဘက်ကလည်း နှစ်‌ယောက်ပြန်ပြီး ကင်း‌ထောက်တဲ့ သ‌ဘောပါပဲ။ အဲဒီမှာ မ‌တော်တဆ ဖြစ်ကြတာ။ ည‌နေပိုင်း‌ရောက်‌တော့ သူတို့လည်း ပြန်သွားတယ်။ အခုက အားလုံးငြိမ်ငြိမ်သက်သက်ပါပဲ။ ဘာမှလည်း စိုးရိမ်ရတဲ့အ‌ခြေအ‌နေ ထပ်မရှိ‌တော့ဘူး‌လေ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုပစ်ခတ်မှုဖြစ်ပွားရာ‌နေရာအတွင်း၌ KNU ဘိတ်-ထားဝယ်ခရိုင် လယ်ဒိုစိုးမြို့နယ်နှင့် NMSP ထားဝယ်ခရိုင် ‌ရေဖြူမြို့နယ်တွင် ဖြစ်ပြီး အုပ်ချုပ်‌ရေးနယ်‌မြေများအရ အပြန်အလှန်အငြင်းပွားမှုများ ရှိ‌နေသည့် နယ်‌မြေများဖြစ်သည်ဟု နှစ်ဖက်တာဝန်ရှိသူများက ‌ပြောဆိုသည်။

KNU ဘက်မှ ယင်း‌နေရာများမှာ ယခင်က ၎င်းတို့အုပ်ချုပ်လှုပ်ရှားခဲ့သည့် ‌နေရာများဖြစ်သည်ဟု ‌ပြောဆိုထားပြီး NMSP ဘက်မှလည်း ၎င်းတို့၏ အုပ်ချုပ်မှု‌အောက်တွင်ရှိသည့် နယ်‌မြေများဖြစ်သည်ဟု ‌ပြောဆို‌နေကြခြင်းဖြစ်သည်။

နယ်‌မြေပြဿနာများ‌ကြောင့် KNU နှင့် NMSP တို့သည် ပြီးခဲ့သည့် ၁၉၈၈ ခုနှစ်က ဘုရားသုံးဆူ‌ဒေသတွင် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားခဲ့ပြီး‌နောက်ပိုင်း နှစ်‌ပေါင်း ၂ဝ ‌ကျော်အတွင်း နယ်‌မြေအငြင်းပွားမှု‌ကြောင့် ပထမဆုံးအကြိမ် ပစ်ခတ်မှုပြန်လည်ဖြစ်ပွားခြင်းဖြစ်သည်။