Home သတင်း မန်းကျည်း‌ချောင်းဝ‌ကျေးရွာသား နှစ်ဦးအသတ်ခံရမှု ပွင့်လင်းမြင်သာမှုရှိရန် ‌ပြောဆို

မန်းကျည်း‌ချောင်းဝ‌ကျေးရွာသား နှစ်ဦးအသတ်ခံရမှု ပွင့်လင်းမြင်သာမှုရှိရန် ‌ပြောဆို

1961

စက်တင်ဘာ ၉ ရက်၊ ၂၀၁၆ ခုနှစ်။ စအိုင်ဆူး

မွန်ပြည်နယ်၊ ‌ရေးမြို့နယ်၊ ‌ခေါဇာမြို့နယ်ခွဲ မန်းကျည်း‌ချောင်းဝ‌ကျေးရွာအတွင်း မတ်လ ၈ရက်‌နေ့က အစိုးရ တပ်မ‌တော်မှ ‌ကျေးရွာသားနှစ်ဦးအား ပစ်သတ်ခဲ့မှုကိစ္စမှာ ပွင့်လင်းမြင်သာသည့် အ‌ရေးယူ‌ဆောင်ရွက်မှု ပြုလုပ်‌ပေးရန် အမှုမှန်‌ပေါ်‌ပေါက်‌ရေး‌ဆောင်ရွက်‌ပေး‌နေသူများက စက်တင်ဘာ ၈ရက်‌နေ့၊ ‌မော်လမြိုင်မြို့၌ ပြုလုပ်သည့် ဒုတိယအကြိမ် သတင်းစာရှင်းလင်းပွဲတွင် ‌ပြောဆိုခဲ့သည်။

အဆိုပါ ပစ်သတ်ခံခဲ့ရသူ ဦးမိုးနှင့် တူဖြစ်သူ ‌မောင်ချစ်စိုးနှစ်ဦးတို့၏ အမှုကို မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အ‌ရေး‌ကော်မရှင်နှင့် မှုခင်းစစ်‌ဆေး‌ရေး အထူးတပ်ဖွဲ့တို့မှ စုံစမ်းစစ်‌ဆေးမှုပြုလုပ်ခဲ့‌သော်လည်း ‌ခြောက်လတာကြာမြင့်သွားသည်အထိ အမှုအ‌ပေါ် ပွင့်လင်းမြင်သာသည့် အ‌ရေးယူ‌ဆောက်ရွက်မှု မရှိ‌သေးသည့်အတွက် အမှုမှန်‌ပေါ်‌ပေါက်‌ရေး‌ဆောင်ရွက်‌ပေး‌နေသူများက ယခုလို ‌ပြောဆိုခြင်းဖြစ်သည်။

အမှုမှန်‌ပေါ်‌ပေါက်‌ရေး‌ဆောင်ရွက်‌ပေး‌နေသူ ကိုမင်းစိုးသိန်းက “ဒီ‌နေ့ဆို ‌ခြောက်လပြည့်သွားပြီး‌လေ။ အမှန် တကယ် အ‌ရေးယူမယ်ဆိုရင် ‌ဒေသခံ‌တွေကို အသိ‌ပေးအ‌ကြောင်းကြားတာ မဟုတ်ရင်‌တောင်မှ ကာယ ကံရှင်‌တွေကို အ‌ရေးယူထားပြီဖြစ်‌ကြောင်းကို စာပြန်‌ပေးရမယ်လို့ မြင်တယ်။ အခုစာနဲ့ အ‌ကြောင်းပြန်တာ မရှိဘူး။ သက်‌သေခံထွက်ဆိုချက်‌ကောက်ယူတာလည်း မရှိ‌သေးဘူး”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယခုအမှုနှင့်ပတ်သက်၍ တပ်မ‌တော်မှ ကိုင်တွယ်‌ဖြေရှင်းသည့် ပုံစံကို အများပြည်သူသိရှိ‌အောင် ပွင့်လင်း မြင်သာစွာ ချပြ‌ပေးသွားရန် လိုအပ်သလို မြန်မာနိုင်ငံလူ့အခွင့်အ‌ရေး‌ကော်မရှင်အ‌နေဖြင့် အမှုမှန်‌ပေါ်‌ပေါက် သည်အထိ ကိုင်တွယ်‌ဖြေရှင်း‌ပေးရန်လို‌ကြောင်းလည်း ကိုမင်းစိုးသိန်းက ဆက်‌ပြောသည်။

ထို့အပြင် အမှုကို ‌မေလ ၁၉ရက်‌နေ့က စစ်တရားရုံးတွင် စစ်‌ဆေးမှုလုပ်ပြီး လူ့အခွင့်အ‌ရေး‌ကော်မရှင်ရုံးသို့ ‌မေလ ၂၆ရက်‌နေ့က အ‌ကြောင်းပြန်ထားမှု‌ကြောင့် ဆက်လက်စုံစမ်းမှု မပြု‌တော့ဘဲ စစ်တရားရုံးအ‌နေဖြင့် အ‌ရေးယူမှုအ‌ပေါ် ထုတ်ပြန်‌ကြေညာသွားရန် တပ်မ‌တော်ဘက်ထံ အ‌ကြောင်းကြားထားသည်ဟု မြန်မာနို်င်ငံအမျိုးသားလူ့အခွင့်အ‌ရေး‌ကေ်ာမရှင်မှ သိရ‌ကြောင်း ကိုမင်းစိုးသိန်းက ဖြည့်စွက်‌ပြောသည်။

‌မော်လမြိုင်၌ ပြုလုပ်သည့် ၎င်းသတင်းစာရှင်းလင်းပွဲသည် လူ့အခွင့်အ‌ရေးတရားမျှတ‌ရေး စွမ်း‌ဆောင်သူ များအဖွဲ့-HIJI နှင့် အမှုမှန်‌ပေါ်‌ပေါက်‌ရေးလှုပ်ရှာ‌နေသူများက ဦး‌ဆောင်ခဲ့ပြီး ရှင်းလင်းပွဲသို့ မြန်မာနို်င်ငံ အမျိုးသားလူ့အခွင့်အ‌ရေး‌ကေ်ာမရှင်မှ ‌ဒေါက်တာဉာဏ်‌ဇော်နှင့် ‌သေဆုံးသူ မိသားစုဝင်များ၊ ‌ဒေသခံများ တက်‌ရောက်‌သော်လည်း ဖိတ်ကြားထားသည့် ‌ဒေသခံအာဏာပိုင်များ တက်‌ရောက်ခြင်းမရှိဟု သိရသည်။

ပစ်သတ်ခံခဲ့ရသည့် ဦးမိုး၏ အစ်ကိုဖြစ်သူ ဦးဘရီက “အခုအ‌ခြေအ‌နေအရ ကျ‌နော်တို့ ဘာသတင်းမှ မရဘူး။ သတင်းမရလို့ ဘာမှ မသိရ‌သေးလို့လည်း သတင်းစာရှင်းလင်းပွဲ ကျ‌နော်တို့ လုပ်‌နေပါတယ်။ နိုင်ငံ‌တော်က ‌ပေးတဲ့အပြစ်ဒဏ်ကို မချမချင်း သတင်းရှင်းလင်းပွဲ ဆက်လုပ်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့် မတ်လ ၈ရက်‌နေ့က အစိုးရ တပ်မ‌တော် ‌ခြေမြန်တပ်ရင်း-ခမရ (၂၈၀)မှ ဗိုလ်ကြီး ‌ဇော်မျိုးထက် နှင့် တပ်သား ၆ဦးတို့သည် မန်းကျည်း‌ချောင်းဝ‌ကျေးရွာရှိ ‌ခြေ‌ထောက်တစ်ဖက်သာရှိသည့် ဦးမိုး နှင့် ၎င်း၏တူဖြစ်သူ ‌မောင်ချစ်စိုးနှစ်ဦးတို့ကို ‌သေနတ်ဖြင့် ပစ်သတ်ခဲ့ခြင်း ဖြစ်သည်။

ယင်းပစ်သတ်မှုဖြစ်စဉ် ဖြစ်ပွားခဲ့ပြီး‌နောက် အမှုမှန်‌ပေါ်‌ပေါက်ရန် အမှုမှန်‌ပေါ်‌ပေါက်‌ရေး ‌ဆောင်ရွက်‌ပေး‌နေ သူများက သတင်းစာရှင်းလင်းပွဲကို ယခုနှစ်၊ ဧပြီလ ၈ရက်‌နေ့တွင် ပထမအကြိမ် ပြုလုပ်ခဲ့ပြီးဖြစ်သည်။