Home သတင်း ၁၆ ကြိမ်‌မြောက် မြန်မာ့အသင်း ဥက္ကဌဖလား ‌ဘောလုံးပြိုင်ပွဲတွင် ကရင်လူငယ်(K.Y.O)အဖွဲ့မှ ထပ်မံဗိုလ်စွဲလ်စွဲ

၁၆ ကြိမ်‌မြောက် မြန်မာ့အသင်း ဥက္ကဌဖလား ‌ဘောလုံးပြိုင်ပွဲတွင် ကရင်လူငယ်(K.Y.O)အဖွဲ့မှ ထပ်မံဗိုလ်စွဲလ်စွဲ

2010

စက်တင်ဘာလ ၁၅ ရက်၊ ၂၀၁၆ ခုနှစ်။ စဖန်း‌ရှောင်း

‌တောင်ကိုရီးယားနိုင်ငံ၊ ဖူချွန် မြို့တွင် ကျင်းပသည့် ၁၆ ကြိမ်‌မြောက် မြန်မာအသင်း(ကိုရီးယား) ဖလားပြိုင်ပွဲ ‌နောက်ဆုံးဗိုလ်လုပွဲကို စက်တင်ဘာ ၁၄ ရက်‌နေ့ တွင် ကျင်းပခဲ့ရာ ကရင်လူငယ်အသင်းက All Star အသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရရှိကာ ထပ်မံဗိုလ်စွဲသွားသည်။

အဆိုပါ ‌ဘောလုံးပြိုင်ပွဲကို ‌တောင်ကိုရီးယားနိုင်ငံရှိ မြန်မာအသင်းအဖွဲ့က ဦး‌ဆောင်ပြီး ဇူလိုင် ၃ ရက်‌နေ ့မှ စတင်ကျင်းပခဲ့ခြင်းဖြစ်ပြီး ပြိုင်ပွဲသို ့အသင်း ၂၆ သင်း ဝင်‌ရောက်ယှဉ်ပြိုင်ခဲ့ရာ ‌တောင်ကိုရီးယား‌ရောက် ကရင်လူငယ်များဖြင့် စုဖွဲ့ထားသည့် ကရင်လူငယ် အစည်းအရုံး(KYO-ကိုရီးယား) ကိုယ်စားပြု ကရင် လူငယ်အသင်းက ဗိုလ်စွဲခဲ့ခြင်းဖြစ်သည်ဟု အဖွဲ့အတွင်း‌ရေးမှူး ‌စောထွန်းထွန်းက ယခုလို ‌ပြောသည်။

“ အရမ်းဝမ်းသာတာ‌ပေါ့။ KYO ကိုရီးယားအဖွဲ့က ညီအကို‌တွေရဲ့ စည်းလုံးမှုကို ပြတာလဲဖြစ်ပါတယ်။ အခုလိုဖလားရတာဟာ KYO ကိုရီးယားအဖွဲ့တင်မက ကျွန်‌တော်တို့ကရင် လူမျိူ း‌တွေရဲ့ ဂုဏ်သိက္ခာပါ မြှင့်တင်သွားတဲ့အတွက် အရမ်းဝမ်းသာမိပါတယ်” ဟု ၎င်းက ‌ကေအိုင်စီသို ့‌ပြောသည်။
14359264_250993725296386_6680241970129759684_n
အဆိုပါ ‌ဘောလုံးပြိုင်ပွဲတွင် ကရင်လူငယ်အသင်းဗိုလ်စွဲခဲ့သလို၊ ALL Star အသင်းက ဒုတိယနှင့် ဥဿာ အသင်းက တတိယအသီးသီးရရှိသွားပြီး ပွဲစဉ်တ‌လျှောက် အ‌ကောင်းဆုံး သမားဆုကို ကရင်ပြည်နယ် ဖားအံမြို့၊ ‌ကော့ကူး‌ကျေးရွာသား ‌စောဂနိုင်‌စော၊ ‌ရှေ့တန်း အ‌ကောင်းဆုံး သမားဆုကို ဖားအံမြို့‌ကော့ကူး ‌ကျေးရွာမှ ‌စောဘူး(‌ခေါ်)‌စောညဏ်လင်း တို့ရရှိခဲ့သည်။

၁၆ ကြိမ်‌မြောက်မြန်မာအသင်း(ကိုရီးယား) ဖလားပြိုင်ပွဲသို ့ ကရင်လူငယ်အသင်းအပါအဝင် အခြား‌သော ချင်း၊ ထားဝယ်၊ ရခိုင်၊ ပအိုဝ့် စသည့် ကိုရီးယားနိုင်ငံ‌ရောက် မြန်မာတိုင်း ရင်းသားများဖြင့်ဖွဲ့စည်း ထားသည့် အသင်းများလည်း ပါဝင်ယှဉ်ပြိုင်ကစားခဲ့‌ကြောင်း သိရသည်။

ပထမဆုရရှိသွားသည့် ကရင်လူငယ်အသင်းမှာ ဖလားအပါအဝင် ဆု‌ကြေး‌ငွေ ကိုရီးယားဝမ် ၅သိန်း (ကျပ်၄ သိန်း ၇ ‌သောင်းခန့်)ကို ဆွတ်ခူးရရှိသွားသလို ပြီးခဲ့သည့် ၂၀၁၄ ခုနှစ် ၁၄ ကြိမ်‌မြောက် မြန်မာအသင်း (ကိုရီးယား) ဖလား‌ဘောလုံးပြိုင်ပွဲတွင်လည်း ကရင်လူငယ်အသင်းက ဗိုလ်စွဲခဲ့ဖူး‌ကြောင်း သိရသည်။