Home သတင်း ဆို၊ က၊ ‌ရေး၊ တီး ပြိုင်ပွဲတွင် ကရင်ရိုးရာဒုံးအကကို စတင်ထည့်သွင်း

ဆို၊ က၊ ‌ရေး၊ တီး ပြိုင်ပွဲတွင် ကရင်ရိုးရာဒုံးအကကို စတင်ထည့်သွင်း

3743

စက်တင်ဘာ ၁၅ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

နှစ်‌ပေါင်းနှစ်ဆယ်‌ကျော် သက်တမ်းရှိလာပြီဖြစ်သည့် အဆို၊ အက၊ အ‌ရေး၊ အတီးပြိုင်ပွဲတွင် ကရင်ရိုးရာ ဒုံးအကကို ထည့်သွင်း လိုက်ပြီဖြစ်‌ကြောင်း သာသနာ‌ရေးနှင့် ယဉ်‌ကျေးမှုဝန်ကြီးဌာန အရာရှိကြီးတစ်ဦးထံမှ ဗုဒ္ဓဟူး‌နေ့တွင် သိရသည်။

မကြာ‌သေးခင် ပြုလုပ်ခဲ့သည့် ပြိုင်ပွဲကျင်းပ‌ရေး‌ကော်မတီ အစည်းအ‌ဝေး တက်‌ရောက်သူများက တိုင်းရင်းသားရိုးရာ အကများ ကို ထည့်သွင်း‌စေချင်သည်ဟု တင်ပြကြ‌ကြောင်း၊ အလှည့်ကျ ထည့်သွင်းမည့် အကအမျိုးအစားကို မဲနှိုက်‌ရွေးချယ်ရာ ကရင်နှင့် ရခိုင်အကများမှာ ‌ရွေးချယ်ခံရ‌ကြောင်း အနုပညာဦးစီးဌာန၏ ညွှန်ကြား‌ရေးမှူးတစ်ဦးဖြစ်သည့် ဦးလှခိုင်က ‌ပြောသည်။

“‌ဒေသ‌တွေကိုလည်း စာပို့ အ‌ကြောင်းကြားထားပါတယ်။ အကဲဖြတ်ဒိုင်‌တွေကိုလည်း တိုင်းရင်းသားအလိုက် သုံး‌ယောက်စီ ‌ရွေး ထားတယ်”ဟု ညွှန်ကြား‌ရေးမှူးက ရှင်းပြသည်။

ယခုနှစ်အတွက် အဆို၊ အက၊ အ‌ရေး၊ အတီးပြိုင်ပွဲများကို လာမည့်လ ‌နေပြည်‌တော်တွင် ပြုလုပ်‌တော့မည်ဖြစ်‌သော်လည်း တစ် နိုင်ငံလုံး အတိုင်းအတာဖြင့် ဝင်‌ရောက် ယှဉ်ပြိုင်ကြသည့် ယဉ်‌ကျေးမှုဆိုင်ရာပြိုင်ပွဲတွင် ကရင်ဒုံးအက ပါဝင်သည်ဟူ‌သော သတင်းကို မကြားမိ၊ မသိ‌သေး‌ကြောင်း ကရင်ပြည်နယ်၊ စာ‌ပေယဉ်‌ကျေးမှု‌ကော်မတီ ဥက္ကဋ္ဌ မန်း‌စော‌အေးမြက ‌ပြောသည်။

ကရင်ပြည်နယ်၊ ဖားအံမြို့မှ ဒုံးယိမ်းဆရာ စ‌အောင်‌ကျော်ငြိမ်းကလည်း “ဆို၊ က၊ ‌ရေး၊ တီးနဲ့ ပတ်သက်ပြီး ဘယ်သူမှလည်း ‌ပြော တာ မကြား‌သေးပါဘူး”ဟု ‌ကေအိုင်စီသို့ ဆိုသည်။

ဧရာဝတီတိုင်း‌ဒေသကြီး၊ ‌မြောင်းမြမြို့နယ်၊ စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီ အတွင်း‌ရေးမှူး မန်းထွန်းလင်းက“အခုချိန်ထိ‌တော့ ကျ‌နော်တို့ကို အ‌ကြောင်းကြားတာ မရှိ‌သေးဘူး။ လိုအပ်ရင်‌တော့ ကျ‌နော်တို့ကို ခရိုင်က အ‌ကြောင်းကြားမယ် ထင်ပါတယ်”ဟု ဆိုသည်။

ကရင်ဒုံးအကပြိုင်ပွဲများအတွက် သီဆို၊ တီးမှုတ်၊ ကခုန်ရာတွင် လူအများအပြား ပါဝင်သည့် ဒုံးအဖွဲ့ကို ဖွဲ့စည်းရန် လိုအပ်သည့် လူဦး‌ရေ စု‌ဆောင်းရခြင်းဖြစ်ရာ လူငယ်လူရွယ်များမှာ ‌ရွှေ့‌ပြောင်းသွားလာပြီး အလုပ်လုပ်ကိုင်‌နေကြသည့် အခက်အခဲအပြင်
ဆက်သွယ်‌ရေးလည်း ခက်ခဲ‌ကြောင်း ကရင်တိုင်းရင်းသားအချို့ထံမှ သိရသည်။

စည်းလုံးညီညွတ်စွာ အားမာန်ဖြင့် ‌ဖျော်‌ဖြေတင်ဆက်ရ‌သော ယဉ်‌ကျေးမှုအကတစ်မျိုးဖြစ်‌သော ကရင်ဒုံးအကကို အခြားတိုင်း ရင်းသားများကပါ နှစ်သက်ကြပြီး ကရင်၊ မွန်၊ ဧရာဝတီ၊ ရန်ကုန်နှင့် အခြား‌ဒေသများတွင် ‌တွေ့ရ‌လေ့ရှိသည်။

မြန်မာနိုင်ငံတွင် အဆို၊ အက၊ အ‌ရေး၊ အတီး ပြိုင်ပွဲများကို နှစ်စဉ် ပြုလုပ်‌တော့မည်မဟုတ်ဘဲ ၂နှစ်လျှင်တစ်ကြိမ် ကျင်းပသွား ရန်နှင့် တိုင်းရင်းသားလူမျိုးစုအသီးသီး၏ အကများကိုလည်း အလှည့်ကျ ထည့်သွင်းကျင်းပသွားရန် မကြာ‌သေးမီက ပြုလုပ်ခဲ့ သည့် ပြိုင်ပွဲကျင်းပ‌ရေး‌ကော်မတီ အစည်းအ‌ဝေးတစ်ခုတွင် ဆုံးဖြတ်ခဲ့‌ကြောင်း သိရသည်။