Home တွေ့ဆုံမေးမြန်းခန်း ပဒို‌စောကွယ်ထူးဝင်းနှင့် ‌ကေအိုင်စီသတင်း‌ထောက် ‌တွေ့ဆုံ‌မေးမြန်းခြင်း

ပဒို‌စောကွယ်ထူးဝင်းနှင့် ‌ကေအိုင်စီသတင်း‌ထောက် ‌တွေ့ဆုံ‌မေးမြန်းခြင်း

2406

‌ဒေါ်‌အောင်ဆန်းစုကြည်အစိုးရ ဦး‌ဆောင်ပြီး ‌နေပြည်‌တော်၊ (MICC 2)ခန်းမတွင် ဩဂုတ်လ ၃၁ရက်‌နေ့မှ စက်တင်ဘာလ ၃ရက်‌နေ့အထိ ‌လေးရက်တိုင်တိုင် ပြည်‌ထောင်စုုငြိမ်းချမ်း‌ရေးညီလာခံ ၂၁ ရာစုပင်လုုံ ပထမအကြိမ် အစည်းအ‌ဝေး ကျင်းပခဲ့ သည်။ ညီလာခံတွင် ရရှိလိုက်သည့် ရလဒ်များနှင့်ပတ်သက်၍ ကရင်အမျိုးသားအစည်းအရုံး(KNU) အ‌ထွေ‌ထွေအတွင်း‌ရေးမှူး ပဒို‌စောကွယ်ထူးဝင်းအား ‌တွေ့ဆုံ‌မေးမြန်းထားသည်။

‌ကေအိုင်စီ ။ ။ အခုကျင်းပပြီးစီးသွားတဲ့ ဒီညီလာခံက‌နေ ဘာသ‌ဘောတူညီချက်၊ ရလဒ်‌တွေ ရလိုက်လဲ။
‌စောကွယ်ထူးဝင်း ။ ။ ဒီညီလာခံက‌နေ ကျ‌နော်တို့ ‌တောင်းဆို‌နေတဲ့ နိုင်ငံ‌ရေး‌တွေ့ဆုံ‌ဆွေး‌နွေးပွဲစတင်နိုင်ဖို့အတွက် ကျင်းပတဲ့ ညီလာခံလို့ ‌ပြောလို့ရတာ‌ပေါ့။ ကျ‌နော်တို့ ဒီအပစ်အခတ်ရပ်စဲ‌ရေး လုပ်ပြီးတဲ့‌နောက်ပိုင်းမှာ ကရင့်အမျိုးသား‌တွေရဲ့ လိုလားချက် ဆန္ဒ‌တွေကို တင်ပြ‌ပေးဖို့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို စတင်ဖို့အတွက် အစပဲဖြစ်တယ်။ သို့‌သော်လည်းပဲ ကျ‌နော်တို့ ၂၀၁၅ခုနှစ် ‌အောက်တိုဘာလမှ လက်မှတ်‌ရေးထိုးပြီး ပထမအကြိမ် ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေးညီလာခံ ကျင်းပခဲ့‌ပေမဲ့ ကျ‌နော်တို့ နို်င်ငံ‌ရေး ‌ဆွေး‌နွေးပွဲကို မစတင်နိုင်ခဲ့ဘူး။
ဒီတစ်ကြိမ်မှာ‌တော့ ဒီပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး‌ဆွေး‌နွေးမှု ‌ကော်မတီရဲ့ ‌နောက်ဆုံးအစည်းအ‌ဝေးမှာ အမျိုးသားအဆင့် နိုင်ငံ ‌ရေး‌ဆွေး‌နွေးပွဲ စတင်မယ်ဆိုတာကို ကျ‌နော်တို့ ဆုံးဖြတ်ထားတယ်။ ဆိုလိုတာက နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲကို ကျ‌နော်တို့‌ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ဒါ‌ကြောင့်မို့ ဒီညီလာခံမှာ ကျ‌နော်တို့ ပြည်‌ထောင်စု ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးမှု ပူးတွဲ‌ကော်မတီမှာလည်းပဲ ဆုံးဖြတ်ထားတာက အားလုံးပိုင်ဆိုင်ပြီး‌တော့ အားလုံးပါဝင်တဲ့ နိုင်ငံ‌ရေးဖြစ်စဉ်တစ်ခုကို စတင်နိုင်ဖို့အတွက်ဖြစ်ပါတယ်။ ဒီညီ လာခံမှာက ပထမဦးဆုံး ကျ‌နော်တို့ ‌တောင်းဆို‌နေတဲ့ နို်င်ငံ‌ရေး‌ဆွေး‌နွေးပွဲ စတင်နိုင်ဖို့အတွက်ကို ဒါကလည်း ‌အောင်မြင်မှုတစ်ခု ဖြစ်ပါတယ်။
‌နောက်တစ်ခုက ဒီညီလာခံမှာ တက်‌ရောက်တဲ့ အဖွဲ့အစည်းအသီးသီး‌တွေက သူတို့ရဲ့အနာဂတ် မြန်မာနို်င်ငံကို ဘယ်လိုပုံ‌ဖော် မလဲ၊ ဆုံးရှုံးသွားတဲ့အခွင့်အ‌ရေး‌တွေက ဘာ‌တွေဖြစ်သလဲ၊ ငြိမ်းချမ်းမှုကို တည်‌ဆောက်တဲ့အခါ ဘယ်အချိန်မှာ တည်‌ဆောက်မ လဲဆိုတဲ့ အဖွဲ့အစည်း‌တွေရဲ့သ‌ဘောထားအမြင်‌တွေကို ပွင့်ပွင့်လင်းလင်း တင်ပြနိုင်တဲ့အ‌ပေါ်မှာလည်းပဲ ဒါဟာ ‌ကောင်းမွန်တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ဘယ်လိုမှလည်း တားဆီးပိတ်ပင်မှုမရှိဘူး။ ပွင်းပွင်းလင်းလင်း တင်ပြခွင့်ရှိတဲ့အတွက်လည်း ဒါက ‌ကောင်းမွန်တဲ့ အလားအလာတစ်ခု ဖြစ်ပါတယ်။ ‌နောက်ပြီးလို့ရှိရင် နို်င်ငံ‌ရေး‌ဆွေး‌နွေးပွဲကို စတင်ရမှာဖြစ်တဲ့အတွက်‌ကြောင့် ကျ‌နော်တို့ အမျိုးသားအဆင့် နို်င်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ အ‌ကြောင်းအရာလိုက်၊ လူမျိုးအလိုက်၊ ‌ဒေသလိုက်‌ဆွေး‌နွေးမှာဆို‌တော့ အခုက ကျ‌နော်တို့ တစ်မျိုးသားလုံးပူး‌ပေါင်းနိုင်တဲ့ အ‌နေအထားတစ်ခု လမ်းပွင့်သွားတဲ့သ‌ဘောတစ်ခုဖြစ်ပါတယ်။

‌ကေအိုင်စီ။ ။ ဒီညီလာခံမှာ အားရ‌ကျေနပ်မှုအဖြစ် ဘယ်‌လောက်ထိ အားရ‌ကျေနပ်မှု ရရှိသလဲ။
ပဒို‌စောကွယ်ထူးဝင်း။ ။ ဒါက ဒီ‌ဆွေး‌နွေးပွဲမှာ အဖွဲ့အစည်းအသီးသီးရဲ့ သ‌ဘောထား‌တွေကို တင်ပြကြတယ်။ တူညီတဲ့ အချက် ‌တွေရှိသလို မတူညီတဲ့အချက်‌တွေလည်းရှိပါတယ်။ ညီလာခံဆိုတာ မတူညီတဲ့သ‌ဘောထား‌တွေကို ညှိနှိုင်းဖို့ဖြစ်တဲ့အတွက် ‌ကြောင့် ဒီမတူညီမှုအ‌ပေါ်ကို အ‌ခြေခံပြီး ကျ‌နော်တို့ နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ ‌ဆွေး‌နွေးညှိနှိုင်းရမှာ ဖြစ်တယ်။ သ‌ဘောတူညီမှု ရှိ တဲ့အပိုင်း‌တွေကျ ညှိစရာမလို‌တော့ဘူး။ မတူတဲ့အပိုင်း‌တွေကို ညှိဖို့အတွက် နို်င်ငံ‌ရေး‌ဆွေး‌နွေးပွဲလုပ်တာဖြစ်တယ်။ မတူညီတဲ့ သ‌ဘောထား‌တွေရှိလို့လည်း ညီလာခံ‌တွေကျင်းပရခြင်းဖြစ်တယ်။ ညီလာခံကျင်းပတဲ့ ရည်ရွယ်ချက်ကလည်း မတူညီတဲ့သ‌ဘော ထား‌တွေကို ညှိနှိုင်းအ‌ဖြေရှာဖို့ ဖြစ်တဲ့အတွက်‌ကြောင့် ဒါက ဓမ္မတာပဲဖြစ်တယ်။ ဒီညီလာခံကျင်းပတာက ဒီရည်ရွယ်ချက်အ‌ပေါ် မှာ ဖြစ်တဲ့အတွက်‌ကြောင့် ကျ‌နော်တို့ ‌အောင်မြင်မှုရှိတယ်လို့ ‌ပြောလို့ရမှာပါ။ တူညီတဲ့ အပိုင်း‌တွေရှာလို့ရတယ်။ မတူညီတဲ့အ ပိုင်း‌တွေ သိရတဲ့အတွက်‌ကြောင့်မို့ ဘယ်လိုဆက်ပြီးညှိနှိုင်းသွားမယ်ဆိုတာက ကျ‌နော်တို့ ‌ဆောင်ရွက်သွားမှာ ဖြစ်တဲ့အတွက် ‌ကြောင့်မို့လို့ ဒါက ‌ကောင်းမွန်တဲ့ညီလာခံတစ်ခုပဲဖြစ်တယ်လို့ ကျ‌နော်တို့‌ပြောလို့ရတာ‌ပေါ့။
‌နောက်ပြီး လွှတ်‌တော်ရဲ့သ‌ဘော၊ တိုင်းရင်းသားလက်နက်ကိုင်‌တွေရဲ့သ‌ဘော၊ တပ်မ‌တော်ရဲ့ သ‌ဘောထား‌တွေကိုသိရ‌တော့ ငြိမ်းချမ်း‌ရေးကို သွားနိုင်ဖို့ကအ‌ဖြေရှာရတာ ပိုမိုပြီး‌တော့ ကြိုတင်ပြင်ဆင်နို်င်တဲ့ အ‌နေအထားဖြစ်တယ်။ ဆိုလိုတာက အကုန် လုံးသိရ‌တော့ အကုန်လုံးသွားရမယ်ဆိုတာက သွားကြမယ်။ ငြိမ်းချမ်း‌ရေးကို ဘယ်လိုတည်‌ဆောက်မလဲဆိုတာ‌တော့ ကွာ တယ်။ အကုန်လုံး‌တော့ မတူဘူး။ တူတဲ့အပိုင်း‌တွေရှိသလို မတူတဲ့အပိုင်း‌တွေရှိတယ်။ ဒါက‌တော့ ‌ကောင်းမွန်တဲ့ရလဒ်တစ်ခုပဲ လို့ ‌ပြောလို့ရပါတယ်။

‌ကေအိုင်စီ။ ။ ‌ကေအဲန်ယူ အပါအဝင် ကရင်လက်နက်ကိုင် သုံးဖွဲ့က‌နေပြီး‌တော့ ဒီညီလာခံမှာ သ‌ဘောထား စာတမ်းတင်ခဲ့တယ်လို့ သိရတယ်။ စာတမ်းထဲမှာ ဘာ‌တွေ အဓိကပါဝင်ပြီး‌တော့ ဘယ်‌လောက်အထိ ‌မျှော်လင့်ထားသလဲ။
ပဒို‌စောကွယ်ထူးဝင်း ။ ။ ကျ‌နော်တို့ ဒီကရင်လက်နက်ကိုင် သုံးဖွဲ့ဆိုတာက အရင်းခံအားဖြင့် တစ်ဖွဲ့တည်းပါ။ ကျ‌နော်တို့ ကရင် အမျိုးသား လက်နက်ကိုင်သုံးဖွဲ့ရဲ့အမြင်‌တွေ သ‌ဘောထား‌တွေကို တင်ပြခဲ့တယ်။ တင်းပြတဲ့အချက်က အဓိကအချက် ငါးချက် ပဲ။ အခု နို်င်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ တင်ပြမဲ့အချက်ငါးချက်ကိုပဲ ကျ‌နော်တို့ တင်ပြတယ်။ နိုင်ငံ‌ရေးဆိုင်ရာကိစ္စမှာ ဖက်ဒရယ်စနစ်ကို တည်‌ဆောက်တဲ့‌နေရာမှာ ဘယ်လိုအ‌ခြေခံမူ‌တွေနဲ့ တည်‌ဆောက်ကြမလဲ။ အာဏာ ခွဲ‌ဝေမှုကိစ္စ‌တွေ၊ အရင်းအမြစ်ခွဲ‌ဝေ‌ရေးကိစ္စ ‌တွေ ပါတယ်။ လုံခြုံ‌ရေးဆိုင်ရာကိစ္စ‌တွေ အထူးသဖြင့် လုံခြုံ‌ရေးနဲ့ကာကွယ်‌ရေးကိစ္စ‌တွေ‌ပေါ့။ အနာဂတ်နိုင်ငံ‌တော် လုံခြုံ‌ရေးအ တွက် လုံခြုံ‌ရေးကိစ္စကိုတင်ပြတယ်။ ‌နောက်ပြီး‌တော့ စီးပွား‌ရေးဆိုင်ရာကိစ္စ၊ လူမှု‌ရေးဆိုင်ရာကိစ္စ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ကိစ္စ အခုလာမဲ့ နို်င်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာ ‌ဆွေး‌နွေးမဲ့အ‌ကြောင်းအရာ ငါးခုအပြင် အ‌ကြောင်းအရာအငယ်‌လေး‌တွေကိုလည်း ထည့် သွင်းတင်ပြခဲ့တယ်။ တခြား အပြင်သ‌ဘောထားတင်ပြချက်‌တွေ‌တော့ မပါပါဘူး။

‌ကေအိုင်စီ။ ။ ဒီညီလာခံက‌နေ တိုင်းရင်းသားအားလုံးရဲ့ တင်ပြချက်‌တွေကို လာမယ့်နို်င်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေမှာ ထည့်သွင်း မစဉ်း စား၊ မကျင့်သုံးဘူးဆိုရင် စိန်‌ခေါ်မှု တစ်စုံတစ်ရာ ဖြစ်လာနို်င်စရာရှိမလား။
ပဒို‌စောကွယ်ထူးဝင်း။ ။ မကျင့်သုံးဘူးဆိုတာက‌တော့ ကျ‌နော်အဲ့လိုသ‌ဘောမ‌ပေါက်ဘူး။ အခုနိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာက ဒီအဖွဲ့အ စည်း‌တွေရဲ့ ဒီသ‌ဘောထားချက်‌တွေကိုပဲ‌ဆွေး‌နွေးမှာပဲ။ ဒါ‌ပေမယ့် ‌ဆွေး‌နွေးမဲ့‌ခေါင်းစဉ်‌တော့ရှိမှာ‌ပေါ့။ ဒီ‌ခေါင်းစဉ်‌အောက်မှာ ဘယ်လို‌ဆွေး‌နွေးမလဲဆိုတဲ့ သူ့ရဲ့‌ဆွေး‌နွေးမှုနည်းနာ‌တွေကျ‌တော့ ‌ရေးအုံးမှာ‌ပေါ့။ ဘာဖြစ်လဲဆို‌တော့ ‌ဆွေး‌နွေးဖို့ ကိုယ့်သ‌ဘော ထားအမြင်‌တွေကို တင်ပြရတာဆို‌တော့ ဒါ‌တွေကိုပဲ ‌ဆွေး‌နွေးဖို့ပဲရှိတာ‌ပေါ့။ မ‌ဆွေး‌နွေးဖူးဆိုတာက‌တော့ ဒါကို‌တော့ ကျ‌နော် လည်း သ‌ဘောမ‌ပေါက်ဘူး။ ဒါက အခုက ‌ဆွေး‌နွေးပွဲ မဟုတ်ဘူး။ သ‌ဘောထားတင်ပြချက်ဖြစ်တယ်။ တကယ့်‌ဆွေး‌နွေးပွဲက ‌အောက်‌ခြေက စမယ်။ လာမယ့် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံက စမယ်။ အခုက သ‌ဘောထား‌တွေတင်ပြကြတယ်။ ဒီသ‌ဘောထားမှာပဲ ဆက်ပြီး‌တော့‌ဆွေး‌နွေးကြမှာပဲ။

‌ကေအိုင်စီ။ ။ ဒီညီလာခံကို အပစ်ရပ်လက်မှတ်ထိုးတဲ့အဖွဲ့နဲ့ မထိုးတဲ့အဖွဲ့‌တွေလည်း တက်‌ရောက်တဲ့အတွက်‌ကြောင့် ဒီညီလာခံက ‌နေ ဘုံသ‌ဘောတူညီချက် အ‌ဖြေတစ်ခုခုကို ထုတ်နို်င်မယ်လို့ ‌မျှော်လင့်ထားသလား။
ပဒို‌စောကွယ်ထူးဝင်း။ ။ ကျ‌နော်တို့ အခုပွဲက ညီလာခံ‌ပေမဲ့လည်း တကယ့်ဆုံးဖြတ်‌ပေးမဲ့ညီလာခံမဟုတ်ဘူး။ ကျ‌နော်တင်ပြခဲ့သ လိုပဲ ဒီညီလာခံကြီးက အားလုံးပိုင်ဆိုင်ပြီး‌တော့ အားလုံးပါဝင်နို်င်မယ့် ငြိမ်းချမ်း‌ရေးဖြစ်စဉ်တစ်ခုကို စတင်နိုင်ဖို့အတွက် နိုင်ငံ‌ရေး ‌ဆွေး‌နွေးပွဲကို ဆက်သွားမယ်။ အားလုံး ပါဝင်နိုင်ဖို့အတွက် ကျ‌နော်တို့ ပုံမှန် ‌ဆွေး‌နွေးတင်ပြ လုပ်‌နေကြညီလာခံလို စာတမ်း‌တွေ တင်ပြ၊ အဲ့စာတမ်းအ‌ပေါ်မှာ ‌ဆွေး‌နွေးညှိနှိုင်းဆုံးဖြတ်ချက်ချရတဲ့ ညီလာခံမဟုတ်ဘူး။ အခုက သ‌ဘောထား‌တွေတင်တဲ့အ‌ပေါ် မှာ အကုန်လုံးပါလာနိုင်ဖို့အတွက် စတင်ကျင်းပတဲ့ ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးက‌နေ ၂၁ရာစုပင်လုံမှာ မူလ ပထမ‌ဆွေး‌နွေးတုန်း က လက်မှတ်‌ရေးထိုးတဲ့ ၈ဖွဲ့ပဲတက်တယ်။ အဲ့အချိန်တုန်းကလည်း လက်မှတ်မ‌ရေးထိုးတဲ့အဖွဲ့‌တွေကိုလည်း ဖိတ်တယ်။ သူတို့ မတက်ဘူး။ ဒီတစ်‌ခေါက်မှာကျ‌တော့ သူတို့ပူး‌ပေါင်းပါဝင်မှုက ပိုပြီး‌တော့အဆင့်မြင့်လာတယ်လို့‌တော့ ‌ပြောလို့ရပါတယ်။ (၁)တစ်ချက်က သူတို့ လက်မှတ်မ‌ရေးထိုး‌သေးတဲ့အဖွဲ့က ဒီမှာပါဝင်တယ်။ ပါဝင်တာမကဘူး။ ကျင်းပ‌ရေးပူးတွဲ‌ကော်မတီထဲမှာ ‌တောင် လက်မှတ်မ‌ရေးထိုးတဲ့အဖွဲ့‌တွေ UNFC အဖွဲ့‌တွေ၊ DPN‌တွေပါတယ်။ မိုင်းလားအဖွဲ့‌တွေ ပါတယ်။ ဒါက တိုးတက်မှုတစ်ခု အားလုံးပါလာနိုင်ဖို့အတွက် လမ်းစတစ်ခုဖွင့်ထားတာ ဖြစ်ပါတယ်။ ဘာမှစည်း‌နှောင်မှုမှ မရှိဘူး။ ပြီးလို့ရှိရင် ညီလာခံတက်ပြီးတဲ့ ‌နောက်မှာ သူတို့အဖွဲ့ လက်မှတ်မ‌ရေးထိုးဖူးလား၊ ထိုးမလားဆိုတာက သူတို့ ဆုံးဖြတ်ရမယ့်ကိစ္စဖြစ်တယ်။ လက်မှတ်မ‌ရေးထိုး ဘူးဆိုရင် ပြည်‌ထောင်စုငြိမ်းချမ်း‌ရေး ကျင်းပ‌ရေးပူးတွဲ‌ကော်မတီမှာ ပါလာမဲ့ အ‌နေအထားမရှိဘူး။ အမျိုးသားအဆင့်နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲမှာလည်း ပါလာနို်င်တဲ့အ‌နေအထားမရှိဘူး။ ‌နောက်လာမယ့်ညီလာခံအတွင်းမှာ ဆုံး ဖြတ်နိုင်တဲ့ အ‌နေအထားမရှိဘူး။ ကွာဟမှု‌တွေ၊ ကွာခြားမှု‌တွေ‌တော့ ရှိတာ‌ပေါ့‌နော်။

‌ကေအိုင်စီ။ ။ဒီညီလာခံမှာ အ‌ခြေခံပြီး လက်မှတ်မ‌ရေးထိုး‌သေးတဲ့ အဖွဲ့‌တွေ လာမယ့် ‌ဆွေး‌နွေးပွဲ‌တွေမှာ လက်မှတ်‌ရေးထိုးဖို့ အလားအလာ ‌တွေ့မြင်ရသလား။
ပဒို‌စောကွယ်ထူးဝင်း။ ။ဒါက‌တော့ ဒီညီလာခံမှာတက်လာပြီး‌တော့ သူတို့‌လေ့လာမှာ‌ပေါ့‌နော်။ သူတို့သိ‌နေတာပဲ။ ဘယ်လို ‌ဆောင်ရွက်သလဲ။ ဘယ်လိုပွင့်ပွင့်လင်းလင်း ‌ဆွေး‌နွေးရသလဲဆိုတာကို သူတို့သိလို့ရှိရင်လည်း များ‌သောအားဖြင့်ဖြစ်တာက လက်နက်ကိုင်ပဋိပက္ခ ကြာရှည်တဲ့အ‌ပေါ်မှာ သူတို့က ယုံကြည်မှုမရှိဘူး။ ဒါက‌တော့ ဒီလိုတက်‌ရောက်ခြင်းဖြင့် သူတို့ပိုမိုသိရှိ ‌လေ့လာပြီးဆိုလို့ရှိရင် သူတို့က ဆုံးဖြတ်နို်င်ဖို့က ပိုမိုပြီး‌တော့မှ ခိုင်မာလာမယ်လို့‌တော့ ကျ‌နော်က‌တော့ ယုံကြည်တယ်။ အမျိုး သားအဆင့် နိုင်ငံ‌ရေး‌ဆွေး‌နွေးပွဲ‌တွေ စုစည်းရမှာတို့‌ပေါ့‌နော်။

‌ကေအိုင်စီ။ ။ လာမယ့် ဒုတိယအကြိမ် ပင်လုံညီလာခံကို ဘယ်‌တော့ ကျင်းပသွားဖို့ ဆုံးဖြတ်ထားသလဲ။
ပဒို‌စောကွယ်ထူးဝင်း။ ။ ညီလာခံက ဆုံးဖြတ်ချက်မှတ်တမ်းထဲကလိုပဲ ၆လတစ်ကြိမ်သတ်မှတ်တာ‌တော့ ရှိတယ်။။ ဒါ‌ပေမဲ့ ကြား ကာလမှာ အ‌ပြောင်းအလဲရှိရင်လည်း ရှိနိုင်တယ်။ မရှိရင်လည်း သတ်မှတ်ကာလမှာ ဆက်လက်ပြီး‌တော့ ‌ဆောင်ရွက်သွားမှာ လည်း ဖြစ်တယ်။ သို့‌သော်လည်း ဒီကြားကာလ အ‌တောအတွင်း ၆လတာကာလမှာ‌တော့ လုပ်စရာ‌တွေ အများကြီး‌တော့ ရှိတာ ‌ပေါ့‌နော်။