Home သတင်း စစ်‌ဘေး‌ရှောင်များအတွက် ကျပ်သိန်း ၁၀ဝ ‌ကျော်တန်ဖိုးရှိ ပစ္စည်းများ PEDU သွား‌ရောက်လှူဒါန်း

စစ်‌ဘေး‌ရှောင်များအတွက် ကျပ်သိန်း ၁၀ဝ ‌ကျော်တန်ဖိုးရှိ ပစ္စည်းများ PEDU သွား‌ရောက်လှူဒါန်း

2416

စက်တင်ဘာ ၁၃ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောညွှန့်‌သောင်း

ကရင်ပြည်နယ်၊ လှိုင်းဘွဲ မြို့နယ်၊ မယ်သ‌ဝေါ ‌ဒေသတွင် ဖြစ်ပွား‌နေသည့် တိုက်ပွဲများ‌ကြောင့် မြိုင်ကြီးငူသို ့ ‌ရောက်ရှိလာသည့် စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် ကျပ်သိန်း ၁၀ဝ ‌ကျော် တန်ဖိုးရှိ အစားအ‌သောက်၊ အသုံးအ‌ဆောင်ပစ္စည်များကို ဖားအံမြို့အ‌ခြေစိုက် ဖလုံ ပညာဖွံ့ဖြိုးတိုးတက်‌ရေး အဖွဲ့ (PEDU)က စက်တင် ဘာ ၁၂ ရက်‌နေ ့တွင်သွား‌ရောက်လှူဒါန်းခဲ့သည်ဟု အဖွဲ့ဦး‌ဆောင်သူ နန်းခင်သက်မာဝင်းက ‌ကေအိုင်စီသို ့ ‌ပြေသည်။

“ ကျမတို့ PEDU အဖွဲ့အ‌နေနဲ့ ၁၂ ရက်‌နေ့မှာ မြိုင်ကြီးငူမှာ‌ရောက်ရှိလာတဲ့ စစ်‌ဘေး‌ရှောင်ပြည်သူများအတွက် ဆန်း ၃၀၂ အိတ်၊ စား‌သောက်ကုန်နဲ့ အခြားပစ္စည်း‌တွေ စုစု‌ပေါင်း သိန်းတစ်ရာ‌ကျော်တန်ဖိုးရှိတဲ့ ပစ္စည်း‌တွေကို သွား‌ရောက် လှူဒါန်းပါတယ်။ ကျမတို့ ‌ရောက်သွား‌တော့ သူတို့အတွက် ဘာ‌တွေ အ‌ရေးကြီးလို အပ်‌နေလည်း ဆို‌တော့ ခြင်‌ထောင်ရယ်၊ ‌စောင်ရယ်၊ အဝတ်အစား‌တွေ အ‌ရေးကြီးလိုအပ်‌နေတာ ‌တွေ့ရပါတယ်” ဟု နန်းခင်သက်မာဝင်းက ‌ပြောသည်။

စက်တင်ဘာလဆန်းပိုင်းကတည်းက စတင်ဖြစ်ပွာ‌နေသည့် အဆိုပါတိုက်ပွဲများ‌ကြောင့် မြိုင်ကြီးငူသို ့လက်ရှိ အချိန်ထိ စစ်‌ဘေး‌ရှောင်း ပြည်သူ ၃,၈၀ဝ ‌ကျော်လာ‌ရောက်ခိုလုံ‌နေရပြီး ယင်းတို ့အတွက် အစားအ‌သောက် အပြင် အသုံးအ‌ဆောင်ပစ္စည်းများ လိုအပ်‌နေသည်ကို ‌တွေ့ရသည်ဟု နန်းခင်သက်မာဝင်းက ဆက်‌ပြောသည်။

ထိုမြိုင်ကြီးငူသို့ ‌ရောက်ရှိလာသည့် စစ်‌ဘေး‌ရှောက်ပြည်သူအများစုသည် အမျိုးသမီးများ သက်ကြီးရွယ်အိုများ ပါဝင်သလို အများစုမှာ က‌လေးငယ်များဖြစ်သည်ကို ‌တွေ့ရပြီး စစ်‌ဘေး‌ရှောင်းက‌လေးငယ်များ ပညာဆက် သင်ကြားနိုင်ရန်လိုအပ်လျက်ရှိသည်ဟု PEDU အဖွဲ့ဝင်များနှင့် အတူ မြိုင်ကြီးငူသို ့သွား‌ရောက်လှူဒါန်းခဲ့သူ ‌တောင်က‌လေး(ဘ.က) ဘုန်း‌တော်ကြီးသင်ပညာ‌ရေး ‌ကျောင်းအုပ် အရှင်ဥတ္တမက ‌ကေအိုင်စီသို ့ယခုလို မိန် ့ကြားသည်။

“စစ်‌ဘေး‌ရှောင်သူ‌တွေအများစုက‌တော့ က‌လေးသူငယ်များဖြစ်တာကို‌တွေ့ရတယ်။ သူတို့ရဲ့မျက်‌တွေက မရွှင် လန်းကြဘူး။ ညိုးငယ်‌နေကြတယ်။ သူတို့ စာမသင်ရ‌တော့ဘူး။ သူတို့အတွက် ဆက်ပြီး စာသင်ကြားနိုင်ဖို့ အတွက် စီစဉ်‌ပေးဖို့လည်း လိုအပ်တယ်” ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ကရင်ပြည်နယ်ရှိ ဖလုံပညာဖွံ့ဖြိုးတိုးတက်‌ရေးအဖွဲ့(PEDU) ကို ကရင်ပြည်နယ်၊ ဖားအံမြို့နယ်ရှိ ‌တောင်က‌လေး ဆရာ‌တော် ‌ဒေါက်တာ အရှင်ပညာသာမိ(‌တောမှီရဟန်)က စတင်ဦး‌ဆောင်ဖွဲ့ စည်းသည့်အဖွဲ့ဖြစ်ကာ လွန်ခဲ့ သည့် ၂၀၀၈ ခုနှစ် နာဂစ်မှန်တိုင်းသင့်ခဲ့သည့် ဧရာဝတီတိုင်း‌ဒေသကြီးသို့လည်း အလားတူသွား‌ရောက် လှူဒါန်း ခဲ့ဖူး‌ကြောင်းသိရသည်။