Home သတင်း ကျုံခဝန်-ဖားပြလမ်း အမြန်ပြန်ပြင်‌ပေးရန် ‌ဒေသခံများ လိုလား

ကျုံခဝန်-ဖားပြလမ်း အမြန်ပြန်ပြင်‌ပေးရန် ‌ဒေသခံများ လိုလား

3240

စက်တင်ဘာ ၁၄ ရက်၊ ၂၀၁၆ ခုနှစ်။ ‌စောမြတ်ဦးသာ

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်-ဖားပြ ‌ကျေးရွာလမ်းမှာ ယခုနှစ်မိုးရာသီတွင် လမ်းပျက်စီးပြီး သွားလာ‌ရေး ခက်ခဲသည့်အတွက် အမြန်လာ‌ရောက်ပြုပြင်‌ပေးရန်လိုလားသည်ဟု ဖားပြရွာသား ‌စောမျိုးဆက်သစ်က ‌ကေအိုင်စီသို ့ ‌ပြောသည်။

“ကျုံခဝန်နဲ့ ဖားပြကြားလမ်းက သွားလို့အဆင်မ‌ပြေပါဘူး ဗွက်၊ ရွှံ‌တွေသက်သက်ပဲ ဆိုင်ကယ်နဲ့သွားရင် အ‌နောက်က‌နေတစ်‌ယောက်က တွန်း‌ပေးရတယ်။ ကားက‌လေး‌တွေ‌တော့ လုံးဝသွားလို့ မရဘူး။ ခုလို မိုးတွင်း ဆိုရွာသား‌တွေ ‌တော်‌တော်ဒုက္ခ‌ရောက်တယ်။ တာဝန်ရှိသူ‌တွေအ‌နေနဲ့ သွားလာဖို့ အဆင်‌ပြေ ‌အောင်လာ‌ရောက် ပြုပြင်‌ပေး‌စေခြင်တယ်” ဟု ‌ဒေသခံ ‌စောမျိုးဆက်သစ်က စက်တင်ဘာ ၁၁ ရက်‌နေ ့တွင် ‌ပြောသည်။

အဆိုပါ လမ်းမှာ ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်၊ ဖားပြ၊ တညင်၊ အနန်းကွင်းမှ ထိုင်း-မြန်မာနယ်စပ် ဘုရားသုံးဆူမြို့အထိ၊ ဆက်သွယ်ထားသည့် လမ်းဖြစ်ကာ လက်ရှိတွင် ဆိုင်ကယ်၊ ကား‌သေးများ သွားမရ သည့်အထိ ပျက်စီး‌နေ‌ကြောင်း သိရသည်။

အဆိုပါ လမ်းပြုပြင်ရန် အစိုးရက ဘတ်ဂျက်ချထား‌ပေးပြီးဖြစ်‌သော်လည်း မိုးရာသီဖြစ်‌နေသည့်အတွက် လမ်းပြုပြင်၍ မရဖြစ်‌နေကာ လာမည့်ပွင့်လင်းရာသီတွင် လမ်းပြုပြင်‌ပေးသွားရန် အစီစဉ်ရှိသည်ဟု ကြာအင်းဆိပ်ကြီးမြို့နယ်၊ လမ်းဦးစီးဌာနမှူး ‌စောသိန်း‌ဇော်‌ဌေးက ယခုလို‌ပြောသည်။

“ဇွန်၊ ဇူလိုင်လကတည်းက ဒီလမ်း‌တွေ ကတ္တာရာလမ်းအ‌နေနဲ့ ‌ဖောက်လုပ်ဖို ့ဘတ်ဂျက်ကျထားပါတယ်။ မိုးတွင်းလည်းဖြစ်‌နေ‌တော့ ဘယ်လိုမှလုပ်လို့မရဘူး။ ကတ္တာရာဆီပုံး‌တွေလဲ ‌ရောက်‌နေပြီး မိုးကုန်တာနဲ့ ချက်ချင်းစလုပ်မယ်” ဟု ‌ကေအိုင်စီသို ့ယ‌နေ ့(စက်တင်ဘာ၁၄)တွင် ‌ပြောသည်။
14365484_1577752889199570_308014286_n
လက်ရှိ လမ်းပျက်စီးမှု အ‌ခြေအ‌နေများကို ယခင်လမ်း‌ဆောက်ခဲ့သည့် ကုမ္ပဏီများကို အသိ‌ပေးထားပြီး ဖြစ်ကာ ကြာအင်းဆိပ်ကြီး-ဘုရားသုံးဆူလမ်း ကတ္တရာ(၁၀)မိုင်နှင့် ဘုရားငါးဆူ-အနန်းကွင်းလမ်း ကတ္တရာ(၃)မိုင်ကို ပြုပြင်‌ဖောက်လုပ်ရန် အစိုးရက ယခုနှစ်အတွက် ဘတ်ဂျက်ချထားပြီးဖြစ်သည်ဟု ၎င်းက ဆက်‌ပြောသည်။

အလားတူ ခရီးသွားပြည်သူတစ်ဦးဖြစ်သည့် ‌စောထွန်းရဲက “ လမ်းနဲ့‌တောင်မတူ‌တော့ဘူး။ ကားကြီး‌တွေ အမြဲ သွား‌နေ‌တော့ လမ်းကနက်လာတယ်။ ‌မြောင်းထဲမှာ ဆိုင်ကယ်‌မောင်း‌နေရသလိုဘဲ။ ခရီးသည်‌တွေ ‌တော်‌တော် ဒုက္ခဖြစ်ရတယ်။ တာဝန်ရှိသူ‌တွေလဲ လာ‌ရောက်ကြည့်‌ပေးကြပါ” ဟု ‌ပြောသည်။

အဆိုပါ လမ်းမှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊ ဘုရားငါးဆူမှ ကျုံခဝန်-ဖားပြ-အနန်းကွင်းအထိ လမ်းအရှည် ၃၂ မိုင်ရှိပြီး ယခုဘဏ္ဍာ‌ရေးနှစ်တွင် တံတား ၁၁ စင်းအပါအဝင် လမ်းပြုပြင်ရန်အတွက် ကျပ်
၁၆၉၁ ဒသမ၂ သန်း အစိုးရက ဘတ်ဂျက်ချထား‌ပေး‌ကြောင်း မြို့နယ်လမ်းဦးစီးဌာနမှ သိရသည်။