Home ဆောင်းပါး လက်နက်ချပါ့မယ်လို့ ကတိပြု ‌ကြေညာသူများသာ ပါဝင်နိုင်တဲ့ “အားလုံးပါဝင်‌ရေး”လား

လက်နက်ချပါ့မယ်လို့ ကတိပြု ‌ကြေညာသူများသာ ပါဝင်နိုင်တဲ့ “အားလုံးပါဝင်‌ရေး”လား

2234

‌မောင်‌ကျော်စွာ

(၂၀၁၆ခုနှစ်၊ ဩဂုတ်လ ၁၁ရက်)

“ပြည်‌ထောင်စုငြိမ်းချမ်း‌ရေးညီလာခံ – ၂၁ရာစုပင်လုံ ပထမအကြိမ်အစည်းအ‌ဝေး” ကို လာမည့် “ ဩဂုတ်လ ၃၁ ရက်‌နေ့” တွင် စတင်မည်ဟု ဩဂုတ်လ ၈ ရက်‌နေ့မှာ တရားဝင် ထုတ်‌ဖော်‌ပြောဆိုလိုက်ပြီ။

“ပထမအကြိမ်” လို့ဆိုထားတဲ့အတွက် ဒုတိယအကြိမ်၊ တတိယအကြိမ် — စသဖြင့် ‌နောက်ဆက်တွဲ‌တွေ ဆက်လာဦးမယ် ဆိုတာ အားလုံး သိမြင်ကြပါလိမ့်မယ်။

ဒီ‌နေရာမှာ သတိပြုရမှာက နိုင်ငံ‌တော်အတိုင်ပင်ခံပုဂ္ဂိုလ်ရဲ့ပိုင်းဖြတ်ချက်ဖြစ်ပါတယ်။
သတ်မှတ်ရက်ကို ‌ရွှေ့ဆိုင်းမယ့်လက္ခဏာမရှိဘူး ဆိုတဲ့အချက်ဖြစ်ပါတယ်။ ဒါ‌ကြောင့် ဩဂုတ်လ ၃၁ရက်‌နေ့မှာ “၂၁ရာစုပင်လုံ ပထမအကြိမ် အစည်းအ‌ဝေး” စဖြစ်‌အောင် စတင်လိမ့်မယ်လို့ ယူဆပါတယ်။

ဒါ‌ကြောင့် (DPN) ခူဦးရယ် ‌ပြော‌နေတဲ့ “အချိန်အရ” သူတို့ဘက်က အဆင်သင့်မဖြစ်‌သေးဘူးဆိုတာ‌ကြောင့် “၂၁ ပင်လုံ” စတင် မယ့်ရက်ကို ညှိနှိုင်း‌ရွှေ့ဆိုင်းလိမ့်မယ် မဟုတ်ဘူးလို့မြင်ပါတယ်။ “အချိန်အရ” ဆိုတာကလည်း တကယ်‌တော့ အားနည်းလှတဲ့ အ‌ကြောင်းပြချက်တစ်ခုသာ ဖြစ်‌နေပါတယ်။ အဆင်သင့် ဘာ‌ကြောင့်မဖြစ်‌သေးသလဲ/ မဖြစ်ရ‌သေးသလဲဆိုတာ တိကျရှင်းလင်း စွာ ‌ပြောဖို့ လိုအပ်ပါတယ်။

‌နောက်တစ်ချက်က‌တော့ မိုင်းလားမှာ ဩဂုတ်လ ၉ရက်‌နေ့က ‌ဆွေး‌နွေးခဲ့ကြတဲ့ “ငြိမ်း‌ကော်မရှင်” နဲ့ ၃ဖွဲ့ ‌တွေ့ဆုံ‌ရေးမှာလည်း “စကားလုံး နှစ်လုံး/သုံးလုံးညှိနှိုင်းမရတဲ့အတွက်‌ကြောင့်” သ‌ဘောတူညီချက်မရဘဲ ပြီးဆုံးသွားခဲ့ပါတယ်။ ဒါ‌ကြောင့် ဒီအဖွဲ့သုံးဖွဲ့ [ရခိုင်တပ်မ‌တော်(AA)၊ တအာင်းအဖွဲ့(PSLF/TNLA)၊ ကိုးကန့်အဖွဲ့(MNDAA)] ပါဝင်တက်‌ရောက်‌ရေးဟာ မ‌ရေရာ ဖြစ်‌နေပါ တယ်။

အ‌ရှေ့‌မြောက်‌ဒေသက လက်နက်ကိုင်တိုင်းရင်းသားအဖွဲ့ ၂ဖွဲ့ဖြစ်တဲ့ ဝအဖွဲ့ (UWSP)နဲ့ မိုင်းလားအဖွဲ့ (အထူး‌ဒေသ ၂နဲ့ အထူး ‌ဒေသ ၄)တို့ တက်‌ရောက်‌ရေးကလည်း အခုထိ မ‌သေချာ‌သေးပါဘူး။ အတိုင်ပင်ခံပုဂ္ဂိုလ်နဲ့ လာ‌ရောက်‌တွေ့ဆုံခဲ့ကြ‌ပေမယ့် တက်‌ရောက် မယ်/မတက်‌ရောက်ဖူးဆိုတာ ယတိပြတ် အ‌ဖြေ‌ပေးမသွားခဲ့ပါဘူး။

ဒါ့အပြင် မိုင်းလားအဖွဲ့ (အထူး‌ဒေသ ၄)က‌ပြောသွားတာမှာ သူတို့အ‌နေနဲ့ ပြည်‌ထောင်စုအဆင့်‌ရော ပြည်နယ်အဆင့်မှာပါ လက် မှတ်ထိုးခဲ့ကြပြီးဖြစ်တယ်။ အပစ်အခပ်ရပ်စဲ‌ရေးကိုလည်း ၂၇နှစ် မကျိုးမ‌ပေါက်‌အောင် ထိန်းသိမ်းခဲ့ကြတယ်တဲ့။ ဒီအချက်အချက် ၂ချက်နဲ့ ပတ်သက်လို့ ဗိုလ်ခင်‌ဇော်ဦးတို့ ဘာမှပြန်‌ပြောနိုင်ပုံမရဘူး။ ဒီ ၂ချက်ကို “မိုင်းလား”ဘက်က အ‌လေးတင်း ‌ပြော‌နေတာ ဟာ (NCA)လက်မှတ်ထိုးပြီးမှ ၂၁ပင်လုံ တက်ရမယ်ဆိုတဲ့ ကြိုတင်စည်းကမ်း သတ်မှတ်ချက်ကို လက်မခံဘူးလို့ ‌ပြော‌နေတာ လို့ ယူဆတယ်။ ဒီသ‌ဘောထားဟာ မိုင်းလားရဲ့သ‌ဘောထားတင် မကပါဘူး။ ဝ အဖွဲ့ (UWSP)ရဲ့ သ‌ဘောထားလည်း ဖြစ်ပုံရပါ တယ်။

ဒါ‌ကြောင့် မူ‌ဘောင်သုံးသပ်‌ရေး‌ဆွေး‌နွေးပွဲ “ စိတ်ဝင်စားတယ်/တက်‌ရောက်ဖို့ ကြိုးစားမယ်”လို့ ဗိုလ်ခင်‌ဇော်ဦးတို့ကို အချိုသပ်ပြီး သွားတာလို့ယူဆပါတယ်။ မိုင်းလားမှာ ဩဂုတ်လ ၉ရက်‌နေ့က ‌ဆွေး‌နွေးတာ စကားလုံးကိစ္စ ‌ပြေလည်မှုမရဘူးဆိုတာနဲ့ ဆက် စပ်လိုက်‌တော့။ ဝနဲ့ မိုင်းလားက မူ‌ဘောင်သုံးသပ်‌ရေးမှာ ‌လေ့လာသူ‌တောင် ‌စေလွှတ်ပါ့မလားဆိုတာ စဉ်းစားစရာပါ။

သုံးဖွဲ့ [ရခိုင့်တပ်မ‌တော် (AA)၊ တအာန်းအဖွဲ့(PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA)]နဲ့ မ‌ပြေလည်တဲ့ “စကားလုံးကိစ္စ”ကို ကြည့်‌တော့လည်း “လက်နက်ချ‌ရေးကိစ္စဖြစ်‌နေတယ်”။
စစ်တပ်က ကိုင်စွဲထားတဲ့ လက်နက်ချ‌ရေးဆိုတာ ရခိုင်တပ်မ‌တော်(AA)၊ တအာင်းအဖွဲ့(PSLF/TNLA)၊ ကိုးကန့်အဖွဲ့ (MNDAA) တို့ကိုသာ ကန့်သတ်ပြီး၊ ကွက်ပြီး ‌တောင်းဆို‌နေတာ မဟုတ်ပါဘူး။ လက်နက်ကိုင်ထားတဲ့ တိုင်းရင်းသားအဖွဲ့အစည်း အားလုံး လိုက်ပါလုပ်‌ဆောင်ရမယ့်အလုပ် ဖြစ်ပါတယ်။

လက်နက်ချရမယ်။ လက်နက်ချမှသာ နိုင်ငံ‌ရေး‌ဆွေး‌နွေးခွင့်‌ပေးမယ်ဆိုတဲ့ သ‌ဘောထားရပ်တည်ချက်ကို စစ်တပ်ဘက်က အ‌လျှော့မ‌ပေးစတမ်း၊ အ‌သေကိုင်ထားတာ ထင်ရှားတယ်။ စကားလုံးဘယ်လို‌ပြောင်းသုံးသုံး အနှစ်သာရက လက်နက်ချ‌ရေးသာ ဖြစ်မြဲဖြစ်‌နေတယ်။

နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် မတိုင်ခင်က ငြိမ်းချမ်း‌ရေး ‌ဆွေး‌နွေးပွဲဆိုတာမှာလည်း တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့‌တွေထံ က‌နေ စစ်တပ်ကဘက်က‌တောင်းဆိုခဲ့တာက လက်နက်ချ‌ရေးဖြစ်တယ်။ လက်နက်နဲ့လက်ပ်‌တော့ လဲလှယ်‌ရေး၊ လက်နက်နဲ့ ကားပါမစ်နဲ့ လဲလှယ်‌ရေးဖြစ်တယ်။ အခုလည်း နိုင်ငံ‌တော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ပါဝင်ကြိုးပမ်း‌နေတဲ့ ငြိမ်းချမ်း‌ရေးမှာလည်း စစ် တပ်က လက်နက်ချ‌ရေးကို အ‌လျှော့မ‌ပေးစတမ်းစွဲကိုင်၊ လက်နက်ချစကား တွင်တွင်‌ပြော‌နေ‌လေ‌တော့ ငြိမ်းချမ်း‌ရေးမဖြစ် ‌မြောက်‌အောင် တမင်တကာ ကပျက်ယပျက် လုပ်‌နေသူဟာ စစ်တပ်ဖြစ်တယ်ဆိုတာ ထင်ရှားပါတယ်။

ဒီ‌တော့ ဒီအဆင့်မှာတင် “ အားလုံးပါဝင်နိုင်‌ရေး” ဆိုတာက တစ်ဆို့‌နေပြီ။
စစ်တပ်ဘက်က‌ပြော‌နေတဲ့ “အားလုံးပါဝင်နိုင်‌ရေး” ဆိုတာက လက်နက်ချတဲ့လူ‌တွေအားလုံး၊ လက်နက်စွ့န်မယ်လို့ ကတိပြုထား တဲ့သူ‌တွေအားလုံး၊ လက်နက်စွန့်မှာပါလို့ တိုင်းသိပြည်သိ ထုတ်ပြန်‌ကြေညာထားသူများအားလုံး ပါဝင်နိုင်‌ရေးဖြစ်ပါတယ်။

ဒီလိုထုတ်‌ဖော်‌ကြေညာခြင်းမပြုရင် ပါဝင်ခွင့်ပြုမှာမဟုတ်ဘူးဆိုတာ “ဩဂုတ်လ ၉ရက်” မိုင်းလား‌ဆွေး‌နွေးပွဲက သက်‌သေခံ‌နေပြီ။
တကယ်ဖြစ်သင့်တာက‌တော့ “နိုင်ငံ‌ရေးမှာ၊ အ‌ခြေခံဥပ‌ဒေမှာ၊ လွှတ်‌တော်အဆင့်ဆင့်မှာ၊ အစိုးရအဖွဲ့မှာ၊ စီးပွား‌ရေးမှာ စစ်တပ် က လွှမ်းမိုးပါဝင်စွက်ဖက်‌နေတာ‌တွေအားလုံးကို အပြီးအပိုင် စွန့်လွှတ်လိုက်ပြီဖြစ်‌ကြောင်း “ကာချုပ်”ကိုယ်တိုင် စံပြအဖြစ် တိုင်း သိပြည်သိ၊ ကမ္ဘာသိထုတ်‌ဖော်‌ကြေညာပြီး တပြိုင်နက်ထဲမှာလည်း ကျန်တဲ့တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း‌တွေက လည်း လက်နက်စွန့်မယ်၊ လက်နက်ချမယ်လို့ ‌ကြေညာကြရမှာပါ။

ဒါဆို တစ်ပြည်လုံးက လက်ခုပ်လက်ဝါးတီးပြီး ကြိုဆိုကြမှာပါ။ ဒီလို‌ကြေညာပြီး‌နောက် တိုင်းသူပြည်သားများအတွက် ဒုက္ခအ ‌ပေးဆုံး၊ အန္တရာယ်အ‌ပေးဆုံးကိစ္စ‌တွေကို အမြန်ဆန်ဆုံးနဲ့ အထိ‌ရောက်ဆုံး ကိုင်တွယ်‌ဖြေရှင်းကြဖို့ပါပဲ။

(NCA)စာချုပ်ဆိုတာကို ဖန်တီးခဲ့ကြသူ‌တွေထဲမှာ (NLD) မပါဝင်ပါဘူး။ (NCA)စာချုပ်မှာ “ပြည်တွင်းအသိသက်‌သေများ”အဖြစ် ‌တော့ ဦးဝင်းထိန် လက်မှတ်ထိုးတာပဲ ရှိပါတယ်။

ဩဂုတ် ၁၂ရက်နဲ့ ၁၃ရက်မှာ ကျင်းပမယ်လို့ဆို‌နေတဲ့ နိုင်ငံ‌ရေးမူ‌ဘောင်သုံးသပ်‌ရေး ‌ဆွေး‌နွေးပွဲကို ဘယ်သူ‌တွေ/ဘယ်အဖွဲ့‌တွေ တက်‌ရောက်ကြသလဲ၊ ဘယ်လိုအချက်‌တွေသုံးသပ်ရရှိသလဲဆိုတာ ဆက်လက် ‌စောင့်ကြည့် ‌လေ့လာကြပါဦးစို့။