Home သတင်း စံချိန်မမှီသည့် ‌ကျောင်း‌ဆောင်သစ်များကို ပြင်ဆင်တည်‌ဆောက်‌ပေးရန် ကွင်းဆင်းစစ်‌ဆေး

စံချိန်မမှီသည့် ‌ကျောင်း‌ဆောင်သစ်များကို ပြင်ဆင်တည်‌ဆောက်‌ပေးရန် ကွင်းဆင်းစစ်‌ဆေး

1791
ဩဂုတ် ၁၇ရက်၊ ၂၀၁၆ခုနှစ်။ က‌ဆောဝါး

‌ကော့ကရိတ်မြို့နယ်အတွင်း ပညာ‌ရေးဆိုင်ရာ ၂၀၁၆/၁၇ ဘတ်ဂျက်နှစ်အတွက် တည်‌ဆောက်ခွင့်ပြုထား‌သော ‌ကျောင်း ‌ဆောင်သစ် ၂၅‌ကျောင်းတွင် စံချိန်စံညွန်းပြည့်မမှီဘဲ ‌ဆောက်လုပ်ဆဲ ‌ကျောင်း‌ဆောင်သစ်များကို မြို့နယ်အဆင့် ကြီးကြပ်မှု ‌ကော်မတီမှ လိုက်လံစစ်‌ဆေးကာ ပြန်လည်ပြင်ဆင်တည်‌ဆောက်‌ပေးရန် ‌ဒေသခံရပ်မိရပ်ဖများနှင့်အတူ ကွင်းဆင်းစစ်‌ဆေးမှုများ ပြုလုပ်‌နေ‌ကြောင်း သိရှိရသည်။

ဩဂုတ်လ ၂ရက်မှစ၍ ၁၄ရက်‌နေ့အထိ တည်‌ဆောက်ဆဲဖြစ်‌သော ထို‌ကျောင်း‌ဆောင်သစ်များကို စစ်‌ဆေးရန် မြို့နယ် ပညာ‌ရေးမှူးများ၊ အင်ဂျင်နီယာများ၊ အုပ်ချုပ်‌ရေးအရာရှိများ၊ စည်ပင်အ‌ထောက်အကူပြုအဖွဲ့များနှင့် လွှတ်‌တော်ကိုယ်စားလှယ်များ၊ ကုမ္ပဏီတာဝန်ခံများက ‌ဒေသခံရပ်မိရပ်ဖများအား ချိတ်ဆက်ခဲ့ပြီး‌နောက် မြို့နယ်အဆင့် ကြီးကြပ်မှု‌ကော်မတီနှင့်အတူ ယင်းကဲ့သို့ ကွင်းဆင်းလိုက်လံ စစ်‌ဆေးခဲ့ခြင်းဖြစ်သည်။

စစ်‌ဆေးမှုတွင် ပါဝင်သူ မြို့နယ်အင်ဂျင်နီယာမှူး ဦးမြ‌သောင်းက “စစ်‌ဆေးမှုမှာ ‌ဖောင်‌ဒေးရှင်း မှန်မှန်ကန်ကန် မလုပ်တာ‌တွေ ‌တွေ့ရတယ်။ တိုင်‌တွေ နည်းစနစ်ကျကျ ကွန်ကရစ်‌လောင်းထားတာ မ‌တွေ့ရဘူး။ အမှန်က စံညွန်းနဲ့အညီ သုံးရမယ်။ သံ‌ချောင်း နဲ့ အခြားလုပ်ငန်းသုံး တည်‌ဆောက်မှု ပုံစံပါအတိုင်း မ‌ဆောက်လုပ်ထားတာ‌တွေ စစ်‌ဆေး‌တွေ့ရှိလို့ ကုမ္ပဏီဘက်က တာဝန်ရှိသူ အင်ဂျင်နီယာ‌တွေကို စံချိန်စံညွန်း ပြည့်မှီ‌အောင် ‌ဆောက်လုပ်‌ပေးဖို့ ကျ‌နော်တို့ လမ်းညွန်ထားတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ထို့အပြင် ‌ဒေသတွင်းရှိ ‌ကျောင်း ၁၀‌ကျောင်းကို ကနဦး စစ်‌ဆေးသည့်အခါ ဖားကျနှင့် အုန်းနှစ်ပင် မူလတန်း‌ကျောင်းတို့မှာ အရည်အ‌သွေးပြည့်မှီ၍ ဆက်လက် ‌ဆောက်လုပ်‌စေခဲ့‌သော်လည်း ကျန် မူလတန်း‌ကျောင်းများဖြစ်သည့် အမှတ်(၁) ‌ကော့က ရိတ်၊ ဆိတ်ဖူးကုန်း၊ ‌လေးတိုင်၊ ‌နောင်တလာ၊ ကမ်းနီ၊ ခရစ်နွားခြံကုန်း၊ ‌ကော့ဘိန်း၊ ‌တောင်‌ပေါ်ရပ်၊ ‌ကော့ကရိတ် စသည့် ‌ကျောင်းများမှာ သတ်မှတ် စံချိန်စံညွှန်းအတိုင်း မပြည့်မှီ‌ကြောင်း သိရသည်။

“‌ကျောင်း‌တွေ‌ဆောက်တာကို ‌စောင့်ကြည့်‌ပေး‌နေတယ်။ ဒါမှ က‌လေး‌တွေအတွက် ‌ရေရှည်စိတ်ချရမယ်။ အခုလို ပုံစံအတိုင်း မ‌ဆောက်လုပ်တာ ‌တွေ့ရရင်‌တော့ တာဝန်ရှိသူ‌တွေကို အ‌ကြောင်းကြားတာ‌ပေါ့။ လာ‌ဆောက်တဲ့သူ‌တွေအ‌နေနဲ့ တာဝန်ယူမှု အပြည့်နဲ့ ‌ဆောက်‌ပေး‌စေချင်တယ်။ အရင်က ‌ဆောက်ခဲ့တာ အရည်အ‌သွေး နိမ့်ကျလွန်း‌တော့ က‌လေး‌တွေ အဆင်မ‌ပြေဘူး။ ‌ကျောင်း‌ဆောင်သစ် ရဖို့ဆိုတာ မလွယ်ဘူး။ ‌ကောင်း‌ကောင်းမွန်မွန်နဲ့ ‌ဆောက်‌ပေးမှ တာရှည်ခံမယ်”ဟု ရပ်မိရပ်ဖတစ်ဦးဖြစ်သူ ကိုဝင်း‌ဆွေ‌အောင်က ‌ပြောဆိုသည်။

‌ကော့ကရိတ်မြို့နယ်တွင်း ‌ကျောင်း‌ဆောင်သစ် တည်‌ဆောက်ခွင့်ရှိထား‌သော ကုမ္ပဏီများမှာ Myanmar art ၊ ပြည့်ဝစံ၊ Myawaddy Lion၊ ကြီးမြတ်‌သော ကျက်သ‌ရေနှင့် Grace aes ကုမ္ပဏီတို့ဖြစ်ပြီး ထိုအထဲတွင် ပြည့်ဝစံ၊ Myawaddy lion၊ Grace aes ကုမ္ပဏီတို့ တည်‌ဆောက်‌သော အ‌ဆောက်အဦးများမှာ အရည်အ‌သွေး မပြည့်မှီမှုများရှိ‌ကြောင်း ‌ကော့ကရိတ်မြို့ နယ် ပညာ‌ရေးဌာနထံမှ သိရှိရသည်။