Home တွေ့ဆုံမေးမြန်းခန်း “မျက်ကွယ်ပြုခံရ‌သော အခွင့်အ‌ရေးနှင့် ရုန်းကန်မှုများ” အစီရင်ခံစာနှင့် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG) ဒါရိုက်တာ ‌နော်ထူးထူးအား ‌တွေ့ဆုံ‌မေးမြန်းခြင်း

“မျက်ကွယ်ပြုခံရ‌သော အခွင့်အ‌ရေးနှင့် ရုန်းကန်မှုများ” အစီရင်ခံစာနှင့် ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG) ဒါရိုက်တာ ‌နော်ထူးထူးအား ‌တွေ့ဆုံ‌မေးမြန်းခြင်း

1499

ဩဂုတ် ၃ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ (KHRG)သည် မြန်မာပြည်အ‌ရှေ့‌တောင်ပိုင်းရှိ အမျိုးသမီးများ၏ အသံနှင့် အ‌တွေ့အကြုံများကို မီး‌မောင်းထိုးပြထားသည့် “မျက်ကွယ်ပြုခံရ‌သော အခွင့်အ‌ရေးနှင့် ရုန်းကန်မှုများ” (Hidden Strengths, Hidden Struggles;)အမည်ရှိ စာမျက်နှာ ၁၀၀‌ကျော်ပါ အစီရင်ခံစာတစ်‌စောင်ကိုု ဩဂုတ်လ ၃ရက်‌နေ့ရက်စွဲဖြင့် ထုတ်ပြန်လိုက်သည်။

၎င်းအစီရင်ခံစာပါ အချက်အလက်များကို ၂၀၁၂ခုနှစ် ဇန်နဝါရီလမှ ၂၀၁၆ ခုနှစ်၊ မတ်လအတွင်း ကရင်လူ့အခွင့် အ‌ရေးအဖွဲ့မှ စု‌ဆောင်းထား‌သော အမျိုးသမီးများကြုံ‌တွေ့‌နေရသည့် လူ့အခွင့်အ‌ရေးချိုး‌ဖောက်မှုများနှင့် ဘဝ ဖြတ်သန်းမှုများကို အ‌ခြေခံကာ မြန်မာနှင့် အဂင်္လိပ် နှစ်ဘာသာပြန် ‌ရေးသားပြုစုပြီး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အစီရင်ခံစာကို ထုတ်ပြန်ရခြင်း အ‌ကြောင်းအရင်းနှင့် ပတ်သက်ပြီး ကရင်လူ့အခွင့်အ‌ရေးအဖွဲ့ KHRG ၏ ဒါရိုက်တာဖြစ်သူ ‌နော်ထူးထူးကို ကရင်သတင်းဋ္ဌာန(‌ကေအိုင်စီ)မှ ‌တွေ့ဆုံ‌မေးမြန်းထားသည်။

‌မေး။ ။ ပထမဦးဆုံး ယခုအစီရင်ခံစာကို ထုတ်ပြန်ရတဲ့ရည်ရွယ်ချက်‌လေး ‌ပြောပြ‌ပေးပါ။
ဒီ အစီရင်ခံစာက မြန်မာပြည်အ‌ရှေ့‌တောင်ဘက်မှာရှိတဲ့ အမျိုးသမီး‌တွေရဲ့အသံ၊ အ‌ခြေအ‌နေနဲ့ သူတို့ရဲ့ အ‌တွေ့အကြုံ‌တွေကို ပြည်သူ‌တွေ သိ‌အောင် ‌ဖော်ပြချင်တယ်။ ဒါ‌တွေ မကဘူး။ လွန်ခဲ့တဲ့ ဆယ်နှစ်တုန်းက KHRGက အမျိုးသမီးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ တစ်‌စောင် ထုတ်ပြန်ခဲ့တယ်။ အစီရင်ခံစာရဲ့အမည်က “Dignity in the Shadow Oppression” ဖြစ်တယ်။ အခု ၂၀၁၆ခုနှစ်မှာဆိုရင် (၁၀)နှစ်ပြည့်ဖြစ်တယ်။ အမျိုးသမီးကဏ္ဍနဲ့ ပတ်သက်ပြီး အစီရင်ခံစာ‌ဟောင်းမှာ အမျိုးသမီး‌တွေ ဖိနှိပ်ခံရတာ‌တွေကို ပြန်သုံးသပ်တယ်။ ၂၀၁၆မှာ ဘာ‌တွေ‌ပြောင်းလဲမှုရှိလာသလဲဆိုတာ‌တွေကို ပြန်သုံးသပ်တယ်။ ကျမတို့ရဲ့ ကွင်းဆင်းလုပ်‌ဖော် ကိုင်ဖက်‌တွေက အသစ်အသစ်‌တွေကို ‌ဖော်ထုတ်ပြီး ‌ပြောင်းလဲလာတဲ့အ‌ပေါ်မှာ ကျမတို့ အသစ်တဖန် ပြန်‌ဖော်ပြလိုက်တာပါ။

‌မေး။ ။ အခု ထုတ်‌ဝေလိုက်တဲ့ အစီရင်ခံစာထဲမှာ အဓိက ဘာ‌တွေ ‌ဖော်ပြထားသလဲ။
ဒီအစီရင်ခံစာထဲမှာ အမျိုးသမီး‌တွေရဲ့အ‌တွေ့အကြုံ‌တွေ မကဘူး။ ကျန်းမာ‌ရေး၊ ပညာ‌ရေးနဲ့ ပတ်သက်တဲ့ အမျိုးသမီး‌တွေရဲ့ အမြင်‌တွေ၊ သူတို့ရဲ့ ‌နေ့တဓူဝ သွားလာလှုပ်ရှားမှု (livelihood)၊ သူတို့ရဲ့အခက်အခဲ၊ ‌မြေယာနဲ့ ပတ်သက်ပြီး ဖိနှိပ်ခံရတာ‌တွေ၊ ပြီး‌တော့ ကျား၊ မ ခွဲခြားဆက်ဆံတာ‌တွေ၊ အကြမ်းဖက်ခံရ‌တွေက အမျိုးသားနဲ့ နှိုင်းယှဉ်မယ်ဆိုရင် အမျိုးသမီး‌တွေက ပိုပြီး‌တော့ ခံစားကြရတယ်။ အဲဒါ‌တွေကို ကျမတို့က ဒီအစီရင်ခံစာထဲမှာ မီး‌မောင်းထိုးပြထားတယ်။

‌မေး။ ။ အမျိုးသမီး‌တွေ ကြုံ‌တွေ့‌နေရတဲ့ အ‌ခြေအ‌နေ‌တွေက ဘယ်‌လောက်ထိ ဆိုးရွား‌နေလဲ။
သူတို့ရဲ့ခံစားမှုကို ဘယ်‌လောက်အထိရှိနစ်နာသလဲဆိုတာ ‌ပေတံနဲ့‌တော့တိုင်းလို့မရဘူး။ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ သူတို့ရဲ့ ခံစားချက်‌တွေက အများကြီးရှိပါတယ်။ အ‌ရေးယူ‌ပေးတာ‌တွေလည်း အတိအကျ မရှိဘူး။ ဒါ‌ပေမယ့် ဘယ်‌လောက်ထိ နစ်နာလဲဆိုတာကို‌တော့ တိုင်းတာလို့မရဘူး။ ဥပမာ- ‌မြေယာပြဿနာနဲ့ ပတ်သက်လာလို့ အမျိုးသမီးနဲ့ အမျိုးသား နှိုင်းယှဉ်ရင် အမျိုးသမီးတစ်‌ယောက်က ဥပ‌ဒေ‌ကြောင်းအရ တစ်ဆင့်ပြီးတစ်ဆင့် တိုင်းတန်းဖို့အတွက် သွားလာရာမှာ အခက်အခဲ အမျိုးမျိုးရှိတယ်။ တစ်ခုခု ဖြစ်လာပြီး ဆိုရင် အမျိုးသမီး‌တွေက အမျိုးသား‌တွေထက် စိတ်ပို်င်းဆိုင်ရာ‌ရော၊ ရုပ်ပိုင်းဆိုင်ရာဘက်မှာ‌တွေက ပိုပြီး ခံစားရတယ်။

‌မေး။ ။ အခု အစီရင်ခံစာက‌တော့ အမျိုးသမီး‌တွေကြုံ‌တွေ့‌နေတာ‌တွေကိုပဲ အဓိက မီး‌မောင်းထိုးပြထားတယ် ‌ပေါ့။ အခြား‌သော အ‌ထွေ‌ထွေ လူထု‌တွေအ‌နေနဲ့က‌ရော ဘာကွာခြားမှု‌တွေရှိတာ ‌တွေ့ရလဲ။
အမျိုးသမီး‌တွေကလည်း ပြည်သူ‌တွေပါပဲ။ သူတို့ရဲ့ ခံစားချက်‌တွေကို တူညီ‌ကောင်း တူညီလိမ့်မယ်။ ဒါ‌ပေမယ့် မတူညီတာကို ‌ပြောချင်တာက ပတ်ဝန်းကျင် ဓ‌လေ့ထုံးတမ်း‌ပေါ့။ ဓ‌လေ့ထုံးတမ်းအရ အမျိုးသမီး‌တွေက ဦးစား‌ပေး မခံရဘူး။ အခက်အခဲတစုံတရာနဲ့ ရင်ဆိုင်ရမယ်ဆိုရင် သူတို့ကို အထင်အမြင်‌သေးကြတယ်။ သူတို့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အခက်အခဲတစ်ခုခုနဲ့ ရင်ဆိုင်ရမယ်ဆိုရင် မ‌နေတတ် မထိုင်တတ်ဘူးဆိုပြီး အပြစ်တင်တတ်ကြတယ်။ ဒါ‌ကြောင့်မို့ ကျမတို့ သာမန်ပြည်သူ ‌ယေကျ်ားသား‌တွေနဲ့ နှိုင်းယှဉ်မယ်ဆိုရင် နစ်နာတာချင်းတူ‌ပေမယ့် မိန်းက‌လေး‌တွေအ‌ပေါ်အပြစ်မြင်၊ အပြစ်တင်တာက ပိုများတယ်။

‌မေး။ ။ အစီရင်ခံစာမှာ ‌တွေ့ရှိတာက အပစ်ရပ်‌နောက်ပိုင်း အမျိုးသမီး‌တွေက အုပ်ချုပ်‌ရေး ရာထူးရာခံက‌နေ ဖယ်ရှားခြင်းခံရသွားတာတို့၊ ပညာသင်ယူမှုမှာ ခံစားခွင့် မတူတာတို့ဆိုတာ ဘာ‌ကြောင့် ဒီလိုဖြစ်ရတာလဲ။
ပဋိပက္ခဖြစ်ခဲ့အချိန်တုန်းက အမျိုးသား‌တွေက အခြား‌နေရာကို ‌ရှောင်ပြီး ထွက်‌ပြေးကြတယ်။ ပြီး‌တော့ ရွာထဲမှာ အမျိုးသမီး‌တွေပဲ ကျန်တယ်။ ဒါ‌ကြောင့်မို့ သူတို့က သူတို့ရဲ့ ရွာကို ဦးစီးဦး‌ဆောင်ဖို့ တာဝန်ယူရတယ်။ ရွာထဲမှာ၊ အမျိုးသား‌တွေ ထွက်‌ပြေးတိမ်း‌ရှောင်တုန်းက ‌ကျေးရွာလူကြီးတို့၊ ‌ကျေးရွာ‌ခေါင်း‌ဆောင်တို့တာဝန်ယူကြရတယ်။ ဒါ‌ပေမယ့် ပစ်ခတ်ရပ်စဲပြီးလို့ အ‌ခြေအ‌နေ‌တွေ ‌ကောင်းလာ‌တော့ အမျိုးသား‌တွေက ရွာထဲကို ပြန်လာကြတယ်။ အပစ်ခတ်ရပ်စဲပြီး ရွာလူကြီး‌တွေကို ‌ရွေး‌ကောက်တဲ့အခါမှာ အမျိုးသား‌တွေ ပြန်လာပြီးဖြစ်တဲ့အတွက် အမျိုးသား‌တွေကိုပဲ ဦးစား‌ပေး ‌ရွေး‌ကောက်‌တော့တယ်။ အမျိုးသမီး‌တွေကို မ‌ရွေး‌ကောက်‌တော့တဲ့အတွက် အမျိုးသမီး‌တွေရဲ့ ဦး‌ဆောင်မှုကဏ္ဍက ‌လျော့နည်းလာတယ်။ ပညာ‌ရေးပိုင်းမှာဆိုရင်လည်း မိန်းက‌လေး ငယ်‌တွေက အပစ်ခတ်ရပ်စဲအချိန်ဖြစ်‌ပေမယ့် ‌ကျောင်းတက်ရမှာ အလှမ်း‌ဝေးတဲ့အတွက် မိဘ‌တွေက စိတ်ပူကြတယ်။ မိန်းက‌လေးငယ်‌တွေ ‌ကျောင်းတက်ရတာ ‌ဝေးတဲ့အတွက် လမ်းမှာ စစ်တပ်‌တွေရှိ‌နေမလား ဒါမှမဟုတ် တစ်ခုခု ဖြစ်‌နေမလားဆိုပြီး‌တော့ ဓ‌လေ့ထုံးတမ်းအရ စိတ်မချတာ‌တွေ ရှိတယ်။ အခြားတစ်ဖက်ကလည်း မိန်းက‌လေး‌တွေက အိမ်‌ထောင်‌စော‌စော ပြုရမယ်။ ဒါ‌ကြောင့်မို့ မိန်းက‌လေး‌တွေ ‌ရှေ့ဆက် ‌ကျောင်းတက်ဖို့အတွက် ဦးစားမ‌ပေး‌တော့ဘူး။ မိဘ‌တွေရဲ့ စိတ်မချမှုနဲ့ ဓ‌လေ့ထုံးထမ်း‌တွေက မိန်းက‌လေး‌တွေ ပညာသင်တဲ့အခွင့်အ‌ရေးအတွက် အဟန့်အတား ဖြစ်‌စေတယ်။ ဒါ‌ကြောင့်မို့ မိန်းက‌လေး‌တွေ ပညာသင်ကြားရဖို့ အင်မတန်ခက်ခဲတဲ့ အ‌ခြေအ‌နေပါပဲ။

‌မေး။ ။ ‌နောက်ပြီး‌တော့ အစီရင်ခံစာမှာ ‌ဖော်ပြထားတာက စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ကြတဲ့ အမျိုးသမီး‌တွေက အကြမ်းဖက်ခံရမှုဒဏ်ကို ပိုပြီး ခံစားရတယ်ဆိုတာက ဘယ်လိုအ‌နေအထား‌တွေကို ဆိုလိုချင်တာလဲ။
ရွာ‌တွေမှာဆိုရင် စိတ်ပိုင်းဆိုင်ရာ ချို့တဲ့ကြတဲ့ အမျိုးသမီး‌တွေဆို တစ်ခုခုဖြစ်ပြီးဆိုရင် အမျိုးသမီးကိုပဲ အပြစ်တင် ‌ဝေဖန်ကြတယ်။ သူမ နားမလည်ဘူး၊ သူမ အရင်စလို့‌ပေါ့။ ဖြစ်သမျှ သူမကိုပဲ အပြစ်ဖို့ကြတယ်။ အမျိုးသား‌တွေဘက်က အပြစ်ကို မမြင်ကြဘူး။ တကယ်တမ်းကျ‌တော့ ဒီအမျိုးသမီးဟာ အပြစ်မရှိဘူး။ သူမရဲ့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက် ရှိတဲ့အတွက် သူမကို မဟုတ်တာ တစုံတခု လုပ်တာသိလည်း တိုင်လို့ မရဲကြဘူး။ သွားတိုင်မယ်ဆိုရင် ဘယ်လိုလုပ်ပစ်မယ်လို့ ‌ပြောဆိုခံရတယ်ဆိုရင် မတိုင်ရဲဘူး။ ဒါ‌ကြောင့်မို့ စိတ်ပိုင်းဆိုင်ရာ အားနည်းချက်ရှိတဲ့ မိန်းက‌လေး‌တွေက သာမန် မိန်းက‌လေး‌တွေထက် နစ်နာကြတယ်။

‌မေး။ ။ အစီရင်ခံစာမှာ ‌ဖော်ပြထားတဲ့အကြံပြုချက်‌တွေက အများကြီး‌တွေ့ရတယ်။ ဒီအချက်‌တွေ အများကြီးထဲမှာ ဘာ‌တွေကို အဓိက မီး‌မောင်းထို်း အကြံပြု ‌ပြောချင်ပါသလဲ။
အကြံ‌ပေးချင်တာ အများကြီး ရှိပါတယ်။ ဒါ‌ပေမယ့် အနည်းငယ်ပဲ အကြံပြု တင်ပြပါမယ်။
(၁) တရားဥပ‌ဒေစိုးမိုး‌ရေး ပွင့်လင်းမြင်သာမှုရှိလာ‌စေဖို့နဲ့ အ‌ခြေအ‌နေ တိုးတက်လာ‌စေဖို့
(၂) ကျား၊ မအ‌ခြေပြု ခွဲခြားဆက်ဆံခြင်းနဲ့ အကြမ်းဖက်မှုပ‌ပျောက်ဖို့
(၃) အမျိုးသမီးနဲ့ အမျိုးသား တန်းတူအခွင့်အ‌ရေးရရှိဖို့
(၄) ‌ဒေသခံ အသိုက်အဝန်း‌တွေအတွက် မရှိမဖြစ်လိုအပ်တဲ့ ဝန်‌ဆောင်မှု‌တွေ လုပ်‌ဆောင်‌ပေး‌နေတဲ့ အဖွဲ့အစည်း‌တွေကို ‌ငွေ‌ကြေး‌ထောက်ပံ့‌ပေးဖို့
(၅) ကျန်းမာ‌ရေးနဲ့ ပညာ‌ရေး တိုးတက်‌စေဖို့ အဲဒီအချက်‌တွေကို လုပ်‌ဆောင်‌ပေးဖို့ အဓိက အကြံပြု ‌ပြောချင်ပါတယ်။

‌မေး။ ။ အခု ထုတ်‌ဝေလိုက်တဲ့ ဒီအစီခံစာက‌နေ အမျိုးသမီး‌တွေ ကြုံ‌တွေ့‌နေရတဲ့ အခွင့်အ‌ရေး ချိုး‌ဖောက်ခံမှု‌တွေကို ‌လျော့နည်းသွား‌အောင် ဘယ်‌လောက် အ‌နေအထားထိ ‌မျှော်မှန်းထားလဲ။
အမျိုးသမီး‌တွေအ‌ပေါ်အကြမ်းဖက်မှု ရာခိုင်နှုန်း ဘယ်‌လောက်‌လျော့နည်းလိမ့်မယ်လို့ အတိအကျ‌တော့ ‌ပြောလို့မရဘူး။ ဒါ‌ပေမယ့် ခုနက အကြံပြုတဲ့အားလုံးထဲမှာ Humanitarian Aid ဆိုင်ရာ အဖွဲ့အစည်းနဲ့ ပူး‌ပေါင်း လုပ်‌ဆောင်ချင်တဲ့သူ‌တွေ၊ အစိုးရ‌တွေက ‌စေတနာအမှန်နဲ့ လုပ်‌ဆောင်မယ်ဆိုရင် အမျိုးသမီးအခွင့်အ‌ရေးနဲ့ ပတ်သက်ပြီး ‌ပြောင်းလဲမှု ရှိလာမယ်လို့ ကျမတို့ ‌မျှော်လင့်တယ်။

‌မေး။ ။ ဒီအစီရင်ခံစာကို အ‌ခြေခံပြီး ‌မေးမြန်းတဲ့အထဲမှာမပါပဲ သီးသန့် ဘာများဖြည့်စွက် ‌ပြောချင်ပါသလဲ။
ကျမထပ်ဖြည့်စွက် ‌ပြောချင်တာ‌တော့ ကျမတို့ KHRG က ထုတ်‌ဝေတဲ့ အမျိုးသမီးအခန်းကဏ္ဍ အစီရင်ခံစာကို ဖတ်ကြပါ။ ပြည်တွင်းမှာ ဖြစ်ပျက်‌နေတဲ့ အမျိုးသမီး‌တွေရဲ့ နစ်နာမှု‌တွေကို ဒီအစီရင်ခံစာကို ဖတ်ခြင်းအားဖြင့် သိ‌စေချင်တယ်။