ဩဂုတ် ၉ရက်၊ ၂၀၁၆ခုနှစ်။ နန်းဝေဖြိုးဇာ
မည်သည့်အလုပ်မဆို ခိုင်မာစွာ လုပ်ဆောင်မှ ရမည်ဖြစ်သလို ငြိမ်းချမ်းရေးလက်မှတ်ထိုးရာတွင်လည်း ခိုင်မာသည့် အစိုးရလုပ် မှသာ ခိုင်မာသည့် ငြိမ်းချမ်းရေရမည်ဟု ကရင်ပြည်နယ်ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ဩဂုတ်လ ၇ရက်နေ့၊ တော်ဝင်ရတနာ ဟိုတယ်၌ ကျင်းပသည့် ပြည်နယ်အစိုးရ၊ ပြည်နယ်လွှတ်တော်၊ အရပ်ဖက်လူမှုအဖွဲ့နှင့် ပြည်သူလုထုများတွေ့ဆုံပွဲတွင် ပြော ကြားခဲ့သည်။
ယခု အစိုးရသက်တမ်းသည် လပိုင်းသာ ရှိနေသေးသည့်အတွက် မည်သည့်အလုပ်ကိုမှ ခိုင်မာစွာ လုပ်ဆောင်ရန် မရနိုင်သေး သောကြောင့် ယခင်အစိုးရအဆက်ဆက်မှ မလုပ်ဆောင်ဘဲထားသည့် ကိစ္စများကို ခိုင်မာစွာ လုပ်ဆောင်ရမည်ဟု ကရင်ပြည် နယ်ဝန်ကြီးချုပ်က တွေဆုံပွဲတွင် ထိုသို့ ပြောကြားလိုက်ခြင်းဖြစ်သည်။
“ကျမတို့ ကြွေးကြော်လာခဲ့တဲ့ ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးလည်း ဖြစ်ပေါ်လာမယ်။ ငြိမ်းချမ်းရေးဆိုတာလည်း ခိုင်မာတဲ့ အစိုးရ ဦးဆောင်မှပဲ ခိုင်ခိုင်မာမာနဲ့ ဒီလိုမျိုး ငြိမ်းချမ်းရေးဖြစ်လာမှာပဲ။ မခိုင်မာတဲ့ အစိုးရဆွဲပေးလိုက်တဲ့ ကတိကဝတ်စာချုပ် တွေဟာလည်း မခိုင်မမာနဲ့ ရပ်တည်မှာပဲ။ အဲဒီတော့ ဘယ်သူတွေ နစ်နာမလဲဆိုရင် မြန်မာနိုင်ငံမှာရှိတဲ့သူတွေပဲ နစ်နာမယ်”ဟု တွေ့ဆုံပွဲတွင် ဝန်ကြီးချုပ် နန်းခင်ထွေးမြင့်က ပြောသည်။
၎င်းတွေ့ဆုံပွဲတွင် ကရင်ပြည်နယ်အစိုးရနှင့် ပြည်နယ်လွှတ်တော် လုပ်ဆောင်ပြီးသည့်အရာများနှင့် ဆက်လက်လုပ်ဆောင်ရမည့် အခန်းကဏ္ဍများ၊ အစိုးသစ်၏ လိုအပ်ချက်များကို တက်ရောက်သည့် အရပ်ဖက်အဖွဲ့များနှင့် ပြည်သူလူထုများသို့ ချပြကာ အပြန် အလှန် အမေးအဖြေများ ပြုလုပ်ခဲ့ကြသည်။
ဆွေးနွေးပွဲ တက်ရောက်သည့် နောင်ကမြိုင်ရွာမှ စောအောင်သိန်းမှ “ဒိလိုလုပ်တာ ကျနော်တို့ကြိုက်တယ်။ ဘာဖြစ်လဲဆိုတော့ ကျနော်တို့မှာ ဖြစ်နေတဲ့ဟာတွေကို အစိုးရနဲ့မျက်နှာချင်းဆိုင်ပြောပြပြီး မေးခွင့်ရလို့ သူတို့ဖြေတာ မှားတာတွေရှိတယ်။ ဒါပေ မယ့် ရတယ်။ ကျနော်တို့မှာ ဖြစ်နေတဲ့ဟာတွေကို သူတို့ရှေ့မှာ၊ ပြီးတော့ တက်ရောက်သူအများရှေ့မှာ ပြောခွင့်ရပြီးဆိုတော့ ကျေနပ်တယ်”ဟု ကေအိုင်စီသို့ ပြောသည်။
အရပ်ဖက်လူမှုအဖွဲ့နှင့် ဒေသခံများက ကရင်ပြည်နယ်တွင် လက်ရှိ ခံစားနေရသည့် လယ်ယာမြေပြဿနာ၊ ထုံးကျောက်တောင် ပြဿနာ၊ မူးယစ်ဆေးဝါးပြဿနာများနှင့် ဖုန်းဆက်သွယ်ရေး တာဝါတိုင်ထောင်ခြင်းကြောင့် ထိခိုက်နစ်နာသူများ ပြဿနာများ ကို တွေ့ဆုံပွဲတွင် အများဆုံး မေးမြန်းခဲ့ကြသည်ဟုလည်း သိရသည်။
ယခုတွေ့ဆုံပွဲကို BAYDA Institute မှ ဦးစီးပြုလုပ်ခြင်းဖြစ်ပြီး ကရင်ပြည်နယ်ဝန်ကြီးချုပ်အပါအဝင် ပြည်နယ်အတွင်းရှိ ဌာနအ သီးသီး ဝန်ကြီးများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဖက်လူမှုအဖွဲ့များနှင့် ပြည်သူလူထုများ စုစုပေါင်း ၂၀၀ကျော် တက် ရောက်ခဲ့ကြကာ အလားတူ တွေ့ဆုံပွဲမျိုးကို သုံးလတစ်ကြိမ် ကျင်းပပေးရန် တက်ရောက်သူများက တောင်းဆိုထားသည်။