Home သတင်း ငပု‌တောမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် ချည်ဖြူဖွဲ့မဂင်္လာ အခမ်းအနား ကျင်းပ

ငပု‌တောမြို့နယ်လုံးဆိုင်ရာ တတိယအကြိမ် ချည်ဖြူဖွဲ့မဂင်္လာ အခမ်းအနား ကျင်းပ

1834

ဩဂုတ် ၉ရက်၊ ၂၀၁၆ခုနှစ်။ နန့်သွာ‌ဖောင်

လူငယ်များ အမျိုးသားယဉ်‌ကျေးမှုကို နားလည်တန်ဖိုး ထားတတ်ရန် ရည်ရွယ်၍ ငပု‌တောမြို့နယ်စုံ နယ်‌မြေကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု‌ကော်မတီ(စာယဉ်)က ဦးစီးကာ ဧရာဝတီတိုင်း‌ဒေသကြီး၊ ငပု‌တောမြို့နယ်၊ တာမန်‌ချောင်း‌ကျေးရွာတွင် တတိယ အကြိမ်‌မြောက် ကရင်ချည်ဖြူဖွဲ့ မဂင်္လာ အခမ်းအနားကို ဩဂုတ်လ ၇ရက်‌နေ့တွင် ပြုလုပ်ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ ဧရာဝတီတိုင်း တိုင်းရင်းသား‌ရေးရာဝန်ကြီး ဂါ့မိုးမြတ်မြတ်သူ၊ ဧရာဝတီတိုင်း ပညာ‌ရေးဌာန လက် ‌ထောက်ညွှန်ကြား‌ရေးမှူး မန်းသိန်း‌ဇော်၊ ပုသိမ်၊ ‌မြောင်းမြ၊ ငပု‌တော စသည့် ကရင်စာ‌ပေနှင့် ယဉ်‌ကျေးမှု ‌ကော်မတီများ၊ ကရင် လူငယ် အဆို‌တော်များနှင့် ‌ဒေသခံများ အပါအဝင် လူဦး‌ရေ ၁၀၀ဝနီးပါး တက်‌ရောက်ခဲ့‌ကြောင်း သိရသည်။

ပွဲကျင်းပ‌ရေး ‌ကော်မတီ ဥက္ကဌ မန်းစိုးလှိုင်က “အခုဆို ကျ‌နော်တို့ တိုင်းရင်းသားယဉ်‌ကျေးမှု၊ ရိုးရာဓ‌လေ့‌တွေက တိမ်‌ကော ‌ပျောက်ကွယ်စပြုလာတဲ့အတွက် က‌လေး‌တွေ၊ ‌ကျောင်းသား/‌ကျောင်းသူ‌တွေ၊ လူငယ်‌တွေ ယဉ်‌ကျေးမှု အစစ်အမှန်‌တွေသိပြီး ထိန်းသိမ်းလာ‌စေချင်လို့ ဒါကို ကျင်းပတာပါ။ ကျ‌နော်တို့လည်း နှစ်တိုင်းပြုလုပ်နိုင်ဖို့ ကြိုးစား‌နေတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြော သည်။

ရိုးရာယဉ်‌ကျေးမှုကို တန်ဖိုးထား ထိန်းသိမ်းမြှင့်တင်ရန်၊ အချင်းချင်း ညီညွှတ်ကြရန်နှင့် အခြားတိုင်းရင်းသားများနှင့်လည်း ဥမကွဲ၊ သိုက်မပျက် ‌အေးအတူပူအမျှ ‌နေထိုင်ကြရန် တိုင်းရင်းသား‌ရေးရာဝန်ကြီးက အမှာစကားတွင် ထည့်သွင်း‌ပြောဆိုသွား‌ကြောင်း မန်းစိုးလှိုင်က ဆက်‌ပြောသည်။

အခမ်းအနား တက်‌ရောက်သည့် ပန်းတ‌နော်မြို့နယ်မှ လူငယ်ကရင်အဆို‌တော် စ‌အောင်ကိုဝင်းက “ကျ‌နော်တို့ လက်ချည်တယ် ဆိုတာ ‌ရှေးဘိုးဘွား‌တွေထားခဲ့တဲ့ ယဉ်‌ကျေးမှုဖြစ်တဲ့အတွက် ဘိုးဘွား‌တွေ ရင်ခွင်မှာ နားခိုရသလိုပါပဲ။ ဒါ‌ကြောင့် ပန်းတ‌နော်က ‌နေ ဒီငပု‌တောအထိ သူတို့လည်း ဖိတ်တယ်၊ ကျ‌နော်လည်း လာချင်တာနဲ့ မိသားစု‌တွေလို ‌ပျော်‌ပျော်ပါးပါး သိုက်သိုက်ဝန်းဝန်းနဲ့ ဒီပွဲမှာ လာ‌ရောက်အားဖြည့်တာပါ”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယ‌နေ့‌ခေတ် လူငယ်များသည် ‌ကျောင်းပညာ‌ရေးနှင့်ပတ်သက်၍ သူငယ်တန်းမှ ဘွဲ့ယူသည့်အထိ ‌ကျောင်းပညာ‌ရေးဖြင့်သာ အချိန်ကုန်‌နေသလို အမျိုးသား‌ရေးအသိ အားနည်းလာခြင်း‌ကြောင့် အနာဂတ်ကာလတွင် လူငယ်များအတွက် အမျိုးသား‌ရေး လုပ်ငန်းများကို ပိုမို တက်ကြွစွာ လုပ်‌ဆောင်လာရန် လူကြီးများ၏ တွန်းအား‌ပေးမှုများ လိုအပ်‌ကြောင်းလည်း ၎င်းက ဆိုသည်။

ဧရာဝတီတိုင်း၊ ငပု‌တောမြိ့နယ်တွင် ကရင်ရိုးရာလက်ချည်ပွဲကို အစဉ်အလာမပျက်ကျင်းပလာသည်မှာ ယခုဆို သုံးကြိမ်‌မြောက် ရှိပြီး လာမည့်နှစ်မှာလည်း ဆက်လက်ကျင်းပနိုင်ရန် လုပ်‌ဆောင်သွားမည်ဟု ပွဲဖြစ်‌မြောက်‌ရေး စီစဉ်သူများထံမှ သိရသည်။