Home သတင်း ‌ကော့လုံကျွန်း ‌ဒေသခံများ စု‌ပေါင်း၍ ပန်းပင်နှင့် သစ်ပင်များစိုက်ပျိုးပွဲ ပြုလုပ်

‌ကော့လုံကျွန်း ‌ဒေသခံများ စု‌ပေါင်း၍ ပန်းပင်နှင့် သစ်ပင်များစိုက်ပျိုးပွဲ ပြုလုပ်

2052

ဩဂုတ် ၉ရက်၊ ၂၀၁၆ခုနှစ်။ ‌စောခါးစူးညား

ပတ်ဝန်းကျင် စိမ်းလန်းသာယာ‌ရေးအတွက် ရည်ရွယ်၍ ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ် ‌ကော့လုံကျွန်း‌ပေါ်ရှိ ‌ကျေးရွာများ စု‌ပေါင်းကာ ငှက်‌ပျော‌တော‌ကျေးရွာ ‌ကျေးလက်ကျန်းမာ‌ရေးဌာနတည်‌ဆောက်ရန် မူလက သ‌ဘောတူထားသည့်‌နေရာတွင် ပန်းပင်နှင့် သစ်ပင်များစိုက်ပျိုးပွဲ အခမ်းအနားတစ်ခုကို ဩဂုတ်လ ၉ရက်‌နေ့၊ နံနက် ၉နာရီမှ ၁၂နာရီအထိ ကျင်းပပြုလုပ်ခဲ့ သည်။

‌ကော့လုံကျွန်း‌ပေါ်ရှိ ကို‌မောင်အုပ်စုနှင့် မြလင်းအုပ်စုအတွင်း ‌ကျေးရွာ‌ပေါင်း ၁ဝရွာ‌ကျော်မှ အဆိုပါ ပန်းပင်နှင့် သစ်ပင်များ စိုက် ပျိုးပွဲကို စု‌ပေါင်းပြုလုပ်ခြင်းဖြစ်ပြီး ယခုလို စု‌ပေါင်းပါဝင်ခြင်းဖြင့် စည်းလုံးညီညွှတ်မှုကို ဖြစ်‌စေသလို ‌နောင်လာ‌နောက်သားများအတွက် များစွာ အကျိုးဖြစ်ထွန်းမည်ဖြစ်သည်ဟု အခမ်းအနားဖြစ်‌မြောက်‌ရေး ဦး‌ဆောင်သူတစ်ဦးဖြစ်သည့် ငှက်‌ပျော‌တော‌ကျေး ရွာ အုပ်ချုပ်‌ရေးမှူး ‌စောသန်းဦးက ‌ကေအိုင်စီသို့ ‌ပြောသည်။

“ဒီ‌နေရာဟာ ကျ‌နော်တို့ စု‌ပေါင်းဝယ်ထားတာ ၂နှစ်ရှိပါပြီ။ ဒါ‌ပေမယ့် ကွင်း‌ပြောင်ပဲ ရှိ‌သေးတယ်။ ကျန်းမာ‌ရေးဌာန ‌ဆောက်ဖြစ် မယ်ဆိုရင် ဒီ‌နေရာမှာ စိမ်းလန်းပြီး ကြည့်လို့‌ကောင်း‌အောင် ကျ‌နော်တို့ ‌ကော့လုံကျွန်း ‌ဒေသခံ‌တွေ စု‌ပေါင်းပြီး သစ်ပင်‌တွေ၊ ပန်း ပင်‌တွေကို အခုလို စိုက်ပျိုးကြတာ ဖြစ်ပါတယ်”ဟု ‌စောသန်းဦးက ‌ပြောသည်။

အဆိုပါ စိုက်ပျိုးပွဲ အခမ်းအနားတွင် ‌ကော့လုံကျွန်း‌ပေါ်ရှိ ‌ကျေးရွာတာဝန်ရှိသူများနှင့် ‌ကျေးရွာသူရွာသားများ အပါအဝင် ကရင် သဘာဝပတ်ဝန်းကျင်နှင့် လူမှု‌ရေးဆိုင်ရာ လှုပ်ရှားမှုကွန်ရက်(KESAN)၊ လှိုင်းဘွဲမြို့နယ် သက်ဆိုင်ရာ ရဲနှင့် နတလ တာဝန်ရှိသူ များ စုစု‌ပေါင်း လူဦး‌ရေ ၃၀၀‌ကျော် တက်‌ရောက်ခဲ့ကြသည်။

အခမ်းအနား တက်‌ရောက်သည့် ‌ကော့လုံကျွန်း‌ဒေသခံဖြစ်သူ နန်းနွယ်နွယ်ဝင်းက “ဒီ‌နေရာဟာ ‌ကျေးလက်ကျန်းမာ‌ရေးဌာန တည်‌ဆောက်ဖို့ ထားထားခဲ့တဲ့ ‌နေရာဖြစ်ပါတယ်။ ကျမတို့ရွာ ဖွံ့ဖြိုးတိုးတက်ဖို့ အပင်လာစိုက်တာ အရမ်းဝမ်းသာတယ်။ ‌နောင်လာမယ့် က‌လေး‌တွေ ဒါကို‌တွေ့ရင် ကျမတို့ရဲ့ လုပ်‌ဆောင်ချက်‌တွေကို နားလည်သ‌ဘော‌ပေါက်၊ အတုယူစရာ‌တွေ ဖြစ်လာမှာ ဖြစ်ပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ယင်းသို့ အပင်များ စိုက်ပျိုးရာတွင် နှင်းဆီ၊ တရုတ်စကား၊ ခ‌ရေ၊ စိန်ပန်း၊ ကံ့‌ကော်၊ သ‌ပြေ၊ ရွက်လှပန်း အမျိုးမျိုးအပြင် သီးစားပင် များဖြစ်သည့် သရက်၊ ဓညင်း၊ ပိန္နဲ၊ မရမ်း၊ ကြက်‌မောက်၊ ကွမ်းပင်၊ အုန်းပင်၊ မာလကာ၊ သစ်တိုနှင့် ကျွန်း၊ ပျဉ်းကတိုး၊ ဗန်ဒါပင် များကိုလည်း စိုက်ပျိုးခဲ့ကြသည်။ ၎င်းအပြင် ‌ကော့လုံကျွန်း‌ပေါ်ရှိ ‌ကျေးရွာများအချင်းချင်းကြား ချစ်ကြည်ရင်းနှီးမှု ပိုမို ရရှိလာ‌စေ ရန် အမျိုးသားငယ်များ၏ ‌ဘောလုံးပွဲ အပါအဝင် ကရင်‌ကျောင်းသားလူငယ်များက ရိုးရာဒုံး ကပြ‌ဖျော်‌ဖြေခြင်းနှင့် ဧည့်ခံ‌ကျွေး ‌မွေးခြင်းများလည်း ပြုလုပ်ခဲ့ကြသည်။

‌ကော့လုံကျွန်း‌ပေါ်ရှိ ကို‌မောင်အုပ်စုတွင် ငှက်‌ပျော‌တော၊ ‌ကော့စိန်အထက်၊ ‌ကော့စိတ်အလယ်၊ ‌ကော့စိန် ‌ချောင်းဝ၊ ခရမ်းကျွတ်၊ ရှမ်းစု၊ ဖိုးတလိုင်း၊ ကျွန်းမီး(၁)၊ ကျွန်းမီး(၂)နှင့် မြလင်းအုပ်စုတွင် ကျွန်းထိပ်ရွာကြီး၊ ကျွန်းထိပ်ရွာ‌လေး၊ ရွာသာ‌အေး၊ ပြည်‌အေး၊ အလန်းကြီး၊ အလန်း‌လေး စသည့်‌ကျေးရွာများ တည်ရှိပြီး ယခုကဲ့သို့ ပန်းပင်၊ သစ်ပင်များစိုက်ပျိုးပွဲကို စု‌ပေါင်းကျင်းပသည်မှာ ပထမဆုံးအကြိမ်ဖြစ်သည်။