Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ၌ တက္ကသိုလ်ဝင် စား‌မေးပွဲ‌အောင်ချက်တိုးလာ

ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသ၌ တက္ကသိုလ်ဝင် စား‌မေးပွဲ‌အောင်ချက်တိုးလာ

2491
ဇွန် ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

မြန်မာနိုင်ငံ၏ ၂၀၁၅-၂၀၁၆ ပညာသင်နှစ်အတွက် ဇွန် ၁၁ရက်‌နေ့၊ ထုတ်ပြန်‌သော တစ်နိုင်ငံလုံး တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌အောင်စာရင်းအရ ကရင်ပြည်နယ် တစ်ခုလုံးအတိုင်းအတာ၌ ‌အောင်ချက် ရာခိုင်နှုန်း ‌လျော့ကျ‌သော်လည်း ကြာအင်းဆိပ်ကြီးမြို့နယ် ဝင်း‌ရော်‌ဒေသတွင် ယခင်နှစ်ထက် ‌အောင်ချက်တိုးလာသည်ဟု သိရသည်။

ဝင်း‌ရော်‌ဒေ ခလယ်-တံခွန်တိုင်တိုက်နယ်၊ တံခွန်တိုင်စာစစ်ဌာနတွင် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ ‌ဖြေဆိုသူ ၅၅၂ ဦးအနက် ‌အောင်မြင်သူ ၁၅၇ ဦးထဲတွင် သုံးဘာသာဂုဏ်ထူး ၃ ဦး၊ နှစ်ဘာသာဘာသာ ဂုဏ်ထူး ၄ဦးနှင့် တစ်ဘာသာဂုဏ်ထူး ၂၆ ဦးပါရှိသည်ဟု တံခွန်တိုင် အထက်တန်း‌ကျောင်းအုပ် ဆရာကြီး ဦးမြင့်ထွန်းက ‌ပြောသည်။

“ဝင်း‌ရော်‌ဒေသတစ်ခုလုံးအ‌နေနဲ့ ‌ဖြေဆိုသူ ၅၅၂ ‌ယောက်ထဲမှာ ‌အောင်မြင်သူ ၁၅၇ ‌ယောက်။ ဂုဏ်ထူး ထွက်တဲ့ ဦး‌ရေက ၃၃ ‌ယောက်အထိ ဖြစ်လာတယ်‌ပေါ့‌နော်။ အရင်နှစ်‌တွေကထက်စာရင် ‌အောင်မြင်သူ တိုးလာတယ်”ဟု ၎င်းက ‌ကေအိုင်စီသို့ ‌ပြောသည်။

ပြီးခဲ့သည့်နှစ် တက္ကသိုလ်ဝင်တန်း စာ‌မေးပွဲ၌ တံခွန်တိုင်စာစစ်ဌာနတွင် အနန်းကွင်း၊ ဖားပြ၊ ကျုံခဝန်၊ တံခွန်တိုင်နှင့် ခလယ်အထက်တန်း‌ကျောင်း ၅‌ကျောင်းမှ ဝင်‌ရောက်‌ဖြေဆိုသူ ၄၈ဝ ဦးအနက် ၁၄၉ ဦး ‌အောင်မြင်ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် ယခုနှစ် တက္ကသိုလ်စာ‌မေးပွဲ‌အောင်ချက်အရ ကရင်ပြည်နယ်တစ်ခုလုံးတွင် ကြာအင်းဆိပ်ကြီး မြို့နယ်အတွင်းရှိ ကျခတ်‌ချောင်းဆိုသည့် အထက်တန်း‌ကျောင်းမှာ ‌အောင်ချက်အ‌ကောင်းဆုံး‌ကျောင်း ဖြစ်သလို မြို့နယ်အ‌နေဖြင့်လည်း ဒုတိယ ‌အောင်ချက်အ‌ကောင်းဆုံးမြို့နယ်ဖြစ်သည်ဟု မြို့နယ် ပညာ‌ရေးမှူးဖြစ်သူ ‌ဒေါ်ခင်နှင်းမူ၏ ‌ပြောပြချက်အရ သိရသည်။

ယခုနှစ် တက္ကသိုလ်ဝင်တန်း စား‌မေးပွဲတွင် တစ်ဘာသာဂုဏ်ထူးဖြင့် ‌အောင်မြင်ခဲ့သူ ခလယ်ရွာမှ နန်းခက်ခက်စိုးက “‌အောင်စာရင်းထွက်မယ့် ညမှာတစ်ည လုံးအိပ်လို့ မရဘူး‌ပေါ့‌နော်။ ကိုယ်မှန်းထားတာနဲ့ ရပါ့မလား ရင်ခုန်‌နေရတယ်။ အခု ဂုဏ်ထူးတစ်ခုပါလာတယ်ဆို‌တော့ အရမ်းဝမ်းသာတာ‌ပေါ့။ သမီးက အမှတ်ပြည့်မီမယ်ဆိုရင် ပညာ‌ရေး‌ကောလိပ်တက်ချင်တာ‌ပေါ့‌နော်။ သမီးတို့‌ဒေသမှာ ပညာ‌ရေးအရမ်း အားနည်း‌နေ‌သေးတယ်ဆို‌တော့‌လေ”ဟု ‌ပြောသည်။

မြန်မာနိုင်ငံ ပညာ‌ရေးဝန်ကြီးဌာန၏ ယခု ဇွန်လ ၁၁ရက်‌နေ့၊ ‌အောင်စာရင်းထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုနှစ် တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုသူ (၆၃၆,၂၃၇)ဦးအနက် ‌အောင်မြင်သူ(၁၉၀,၃၈၈)ဦးရှိသည်။ ရာခိုင်နှုန်းအားဖြင့် (၂၉.၉၂) ရာခိုင်နူန်းသာရှိသည့်အတွက် ယခင်နှစ် ‌အောင်ချက် (၃၇.၆၀)ရာနူန်းထက် ‌အောင်ချက် ‌လျော့ကျသည်ဟု သိရသည်။

ကရင်ပြည်နယ်တွင် ယခင်နှစ်က တက္ကသိုလ်ဝင်တန်း စား‌မေးပွဲ ‌ဖြေဆိုသူ ၁၂,၀၈၄ ဦးတွင် ၃၅၇ဝဦး (၂၉ .၅၄) ရာခိုင်နှုန်း‌အောင်မြင်ခဲ့‌သော်လည်း ယခုနှစ်ပညာသင်နှစ်တွင် ‌ဖြေဆိုသူ ၁၃,၆၃၇ဦးမှ ၃,၇၀၃ဦး ၂၇.၁၅ ရာခိုင်နှုန်းသာ ‌အောင်မြင်ခဲ့သည်။ ယခုနှစ်တွင် လှိုင်းဘွဲမြို့နယ်မှာ ပထမ၊ ကြာအင်းဆိပ်ကြီးမြို့နယ် ဒုတိယနှင့် ဖားအံမြို့နယ် တတိယတို့ဖြင့် ‌အောင်ချက်အသီးသီး ရပ်တည်လျှက်ရှိသည်။