Home သတင်း ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်‌ကျေးရွာအဝင် နွတ်မီ‌ခေါင်းတံတား အချိန်မီ ပြုပြင်‌ပေး‌စေလို

ကြာအင်းဆိပ်ကြီးမြို့နယ်၊ ကျုံခဝန်‌ကျေးရွာအဝင် နွတ်မီ‌ခေါင်းတံတား အချိန်မီ ပြုပြင်‌ပေး‌စေလို

2048
ဇွန် ၁၁ရက်၊ ၂၀၁၆ခုနှစ်။ ‌စောမြတ်ဦးသာ

‌ဆောက်လုပ်‌ရေး ဦးစီးဌာနမှ တည်‌ဆောက်ထားသည့် ကြာအင်းဆိပ်ကြီးမြို့နယ် ကျုံခဝန်‌ကျေးရွာအဝင်ရှိ ခလယ်-တံခွန်တိုင်၊ ဖားပြ၊ အနန်းကွင်း‌ကျေးရွာအထိ ဆက်သွယ်ထား‌သော နွတ်မီ‌ခေါင်းတံတားမှာ ပြိုကျနိုင်မည့် အ‌ခြေအ‌နေ‌ကြောင့် ဇွန်လ မကုန်ခင် အချိန်မီပြန်လည်ပြင်ဆင်‌ပေးရန် ‌ဒေသခံများက လိုလားကြသည်။

ယခင် အစိုးရလက်ထက် ကြာအင်းဆိပ်ကြီးမြို့နယ် ‌ဆောက်လုပ်‌ရေးဦးစီးဌာန ဦးစီးမှူးမှ ၂၀၁၅ ခုနှစ်က တည်‌ဆောက်‌ပေး‌သော ၎င်းတံတားသည် ပြီးစီးသည့် နှစ်မှာပင် တစ်ခြမ်းပြိုကျခဲ့ပြီး ယခုနှစ်အတွင်း အချိန်မီ မပြုပြင်နိုင်ပါက မိုးရွာလျှင် ‌တောင်ကျ‌ရေစီးဆင်းကာ တံတားတစ်စင်းလုံး ပြိုကျသွားနိုင်မည့်အပြင် ‌ကျေးရွာ ‌ပေါင်း ၂ဝ နီးပါး သွားလာ‌ရေးခက်ခဲမည်ဟု ကျုံခဝန် ‌ကျေးရွာသားတစ်ဦးဖြစ်သူ စလှစိုးသူက ‌ပြောသည်။

၎င်းက “တံတားက မနှစ်က မိုးရွာသီမှာ ‌တောင်ကျ‌ရေးဆင်းပြီး‌တော့ တံတားတစ်ခြမ်းပြိုသွားတယ်။ အခုထိ ပြန်မပြင်ရ‌သေးဘူး။ ‌ဒေသခံ‌တွေက တံတား‌ပေါ်မှာ သွား‌နေတာပဲ။ လုံးဝ အန္တရာယ်ရှိတယ်။ တံတား ‌ဆောက်ထားတာ ‌ရေ‌ကျော်ဧရိယာ ဘယ်‌လောက်ရှိလဲ မတွက်ချက်ထား‌တော့ မိုးတွင်း‌တောင်ကျ ‌ရေစီး ဆင်းတာနဲ့ ‌ရေကတံတားကို ‌ကျော်သွားပြီး ပြိုကျသွားတယ်။ အခုတံတားက တစ်ခြမ်းပဲ ကျန်‌နေတယ်။ ကားသွားရင် တစ်ခြမ်း‌စောင်းပြီး ‌မောင်း‌နေရတယ်။ မိုရာသီအချိန်မီ ပြန်လည်ပြုပြင်‌ပေး‌စေလိုတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

‌တောင်ဒီးနှင့် ကျုံခဝန်‌ကျေးရွာကို ဆက်ထားသည့် ရွာချင်းဆက် နွတ်မီ‌ခေါင်းတံတားအပြင် ‌တောင်ဒီး ‌ကျေးရွာရှိ မိပရံတံတားကြီးကိုလည်း အ‌ချောမသတ်ထားခြင်းတို့‌ကြောင့် ရွာသားများ သွားလာဖြတ်သန်းရာ တွင် အခက်အခဲဖြစ်‌စေသည်ဟု ‌ဒေသခံရွာသားများက ဆိုသည်။

‌ဆောက်လုပ်‌ရေးဦးစီဌာနမှ ဦးစီးမှူး ‌စောသိန်း‌ဇော်‌ဌေးက “မ‌နေ့(ဇွန် ၈ရက်)ကပဲ သွားကြည့်တယ်။ အဲဒီ တံတား ပြန်လည်ပြုပြင်ဖို့ ဒီနှစ်ရံပုံ‌ငွေ ကျလာတယ်။ အားလုံးပြန်‌ဆောက်ဖို့‌တော့ မမီ‌တော့ဘူး‌ပေါ့။ ဒါ‌ပေ မယ့် လူထု‌တွေသွားလာလို့ အဆင်‌ပြေ‌အောင် ကျန်‌နေတဲ့ တစ်ခြမ်းကို အချိန်မီ ပြန်လည်ပြုပြင်သွားမယ်။ အားလုံးပြန်လည်ပြုပြင်ဖို့ မိုးကုန်‌လောက်မှ ပြန်လုပ်မယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ဘုရားငါးဆူမှ ခလယ်တံခွန်တိုင်၊ ‌တောင်ဒီး၊ ကျုံခဝန်၊ ဖားပြ၊ အနန်းကွင်း‌ကျေးရွာထိ ဆက်သွယ်ထား‌သော (၃၂)မိုင် အကွာအ‌ဝေးရှိ ၎င်းလမ်းမကြီး‌ပေါ်တွင် ကွန်ကရစ်တံတား(၁၂)စင်း၊ တိုင်လုံးတံတား(၂၂) စင်းနှင့် အုတ်ခုတ်ခံတံတား(၃)စင်းတို့ ဖြင့် ဆက်သွယ်ထားသည်။

ယင်းအ‌ဝေး‌ပြေးလမ်းမကြီးနှင့် တံတားများကို တည်‌ဆောက်ရန် ယခင်အမျိုးသား လွှတ်‌တော်ကိုယ်စား လှယ်‌ဟောင်း ‌စောမြဝင်းမှ ၂၀၁၁ ခုနှစ်က ပြည်‌ထောင်စုလွှတ်‌တော်သို့ အဆိုတင်သွင်းခဲ့ရာတွင် ပြည်နယ် အစိုးရ၏ ၂၀၁၂-၂၀၁၃ ဘဏ္ဍာ‌ရေးနှစ်၌ ကျပ် ၃၂၉.၃ သန်းနှင့် ၂၀၁၃-၂၀၁၄ ဘဏ္ဍာ‌ရေးနှစ်တွင် ၆၀၃.၃၃ သန်းတို့ဖြင့် တည်‌ဆောက်ခဲ့ခြင်းဖြစ်သည်။