Home သတင်း မြန်မာပြည် တက္ကသိုလ်ဝင်တန်း ပညာ‌ရေးစနစ် ‌ရွှေ့‌ပြောင်း‌ကျောင်းသားများအတွက် စိန်‌ခေါ်မှုဖြစ်

မြန်မာပြည် တက္ကသိုလ်ဝင်တန်း ပညာ‌ရေးစနစ် ‌ရွှေ့‌ပြောင်း‌ကျောင်းသားများအတွက် စိန်‌ခေါ်မှုဖြစ်

2082
ဇွန် ၁၂ရက်၊ ၂၀၁၆ခုနှစ်။ စဖန်း‌ရှောင်း

ဇွန်လ ၁၁ရက်‌နေ့က ထုတ်ပြန်ခဲ့သည့် ၂၀၁၅-၂၀၁၆ခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ‌အောင်စာရင်းတွင် ထိုင်း-မြန်မာနယ်စပ် မဲ‌ဆောက်အ‌ခြေစိုက်သည့် မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ ‌ကျောင်းသား၊ ‌ကျောင်းသူ‌ပေါင်း ၁၇ဦးသာ ‌အောင် မြင်သည့်အတွက် လက်ရှိ တက္ကသိုလ်ဝင်တန်းပညာ‌ရေးစနစ်သည် ‌ရွှေ့‌ပြောင်း‌ကျောင်းသူ‌ကျောင်းသားများအတွက် စိန်‌ခေါ်မှု တစ်ရပ်ဖြစ်‌နေ‌ကြောင်း ‌ရွှေ့‌ပြောင်းမြန်မာ‌ကျောင်းဆရာများအစည်းအရုံး BMTA အတွင်း‌ရေးမှူး ဦးနိုင်နိုင်ထွန်းက ‌ပြောသည်။

Burma Migrant Teachers’ Association – BMTA အတွင်း‌ရေးမှူး ဦးနိုင်နိုင်ထွန်းက “အခုနှစ်က တစ်နိုင်ငံလုံး အတိုင်းအတာ အရ ‌အောင်ချက်ရာခိုင်နှုန်းက ‌လျော့နည်းလာတယ်။ အဲဒီ‌တော့ ဒီတက္ကသိုလ်ဝင်တန်း ပညာ‌ရေးစနစ်ကို ပြန်သုံးသပ်ဖို့ လို‌နေပြီ လားလို့ ကျ‌နော်မြင်တယ်။ ကျ‌နော်တို့ ဒီဘက်နယ်စပ်‌ကျောင်းက က‌လေး‌တွေအတွက်က‌တော့ မူလတန်းကတည်းက မြန်မာ ပြည်ပညာ‌ရေးစနစ်နဲ့ ထိ‌တွေ့မှုမရှိလာ‌တော့ ဒီတက္ကသိုလ်ဝင်တန်းက သူတို့အတွက် စိန်‌ခေါ်မှုတစ်ရပ်လိုဖြစ်‌နေတယ်”ဟု ‌ပြော သည်။

ယခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို ထိုင်းနိုင်ငံ၊ တာ့ခ်ခရိုင် မဲ‌ဆောက်မြို့ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်း နှစ် ‌ကျောင်းဖြစ်သည့် ဆာသူး‌လေနှင့် ‌သွေးသစ် အထက်တန်း‌ကျောင်းများမှ သိပ္ပံနှင့် ဝိဇ္ဖာဘာသာတွဲ နှစ်ခုစလုံးအတွက် ‌ကျောင်း သူ‌ကျောင်းသား ၈၆ဦး မြဝတီမြို့စာစစ်ဌာနတွင် သွား‌ရောက်‌ဖြေဆိုခဲ့သည်။

ထိုင်း-မြန်မာနယ်စပ်အ‌ခြေစိုက် ပညာ‌ရေးအဖွဲ့တစ်ခုဖြစ်သည့် မြန်မာ‌ရွှေ့‌ပြောင်းအလုပ်သမားများပညာ‌ရေး‌ကော်မတီ (BMW EC) ဥက္ကဌ ဆရာမ‌နော်‌ဖော‌ရေက “အရင်နှစ်က‌တော့ ‌အောင်ချက်ရာခိုင်နှုန်းက ၂၈ရာခိုင်နှုန်းရှိပါတယ်။ ဒီနှစ်က‌တော့ ‌အောင် ချက်က ၂၂ရာခိုင်နှုန်းပဲ ရှိ‌တော့သလို ဂုဏ်ထူးထွက်တာလည်း အရမ်း နည်းသွားတယ်”ဟု ‌ပြောသည်။

မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ ယခုနှစ် ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ‌ဖြေဆိုသူ ၈၆ဦးအနက် ဆာသူး‌လေမှ ၁၂ဦး၊ ‌သွေးသစ်မှ ၅ဦး စုစု‌ပေါင်း ၁၇ဦး‌အောင်မြင်ပြီး ထိုအထဲမှ ဇီဝ‌ဗေဒဘာသာရပ်အတွက် တစ်ဘာသာဂုဏ်ထူးရှင်တစ်ဦးသာ ပါရှိ ‌ကြောင်း (BMWEC)က ထုတ်‌ဖော် ‌ပြောဆိုသည်။

ပြီးခဲ့သည့် ၂၀၁၄-၂၀၁၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲကို မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ ၁၂၅ဦး ဝင်‌ရောက်‌ဖြေဆို ရာ ၃၃ဦး‌အောင်မြင်ခဲ့ပြီး ‌လေးဘာသာဂုဏ်ထူးရှင် ၁ဦး၊ နှစ်ဘာသာဂုဏ်ထူးရှင် ၂ဦးနှင့် တစ်ဘာသာဂုဏ်ထူးရှင် ၂ဦးရှိခဲ့သည်။ နယ်စပ်ရှိ မြန်မာ‌ရွှေ့‌ပြောင်း‌ကျောင်းများမှ အစိုးရစာစစ်ဌာနနှင့် ချိတ်ဆက်ပြီး ၂၀၁၂-၂၀၁၃ပညာသင်နှစ်မှ စတင်ကာ တက္က သိုလ်ဝင်တန်းစာ‌မေးပွဲကို ၅၆ဦး‌ဖြေဆိုခဲ့ရာတွင် ၈ဦးသာ ‌အောင်မြင်ခဲ့ပြီး ၂၀၁၃-၂၀၁၄ ပညာသင်နှစ်တွင် ၁၂၆ဦး ‌ဖြေဆိုခဲ့ရာ၌ ၃၆ဦး ‌အောင်မြင်ခဲ့သည်ဟု (BMWEC)၏ စာရင်းအရ သိရသည်။

နယ်စပ်‌ကျောင်းများမှ တက္ကသိုလ်ဝင်တန်းစာ‌မေးပွဲ ဝင်‌ရောက်‌ဖြေဆိုမှုနှင့် ‌အောင်ချက်ရာခိုင်နှုန်းမှာ သိသာစွာတိုးတက်လာခြင်း မရှိသလို ‌ကျောင်းသားများအ‌နေဖြင့် စိတ်ဝင်စားမှု‌လျော့နည်းလာခြင်းအပြင် ‌ရွှေ့‌ပြောင်းစာသင်‌ကျောင်းများတွင် တက္ကသိုလ်ဝင် တန်းအတွက် သင်ကြား‌ပေးမည့် ဆရာ၊ ဆရာမ မလုံ‌လောက်မှုများလည်း ရှိ‌နေ‌ကြောင်း ဆရာမ‌နော်‌ဖော‌ရေက ‌ပြောသည်။

မြန်မာနိုင်ငံ ပညာ‌ရေးဝန်ကြီးဌာန၏ ယခုနှစ် ‌အောင်စာရင်းထုတ်ပြန်ချက်အရ တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ယခုနှစ် တက္က သိုလ်ဝင်တန်းစာ‌မေးပွဲ ‌အောင်ချက်မှာ (၂၉.၉၂)ရာခိုင်နှုန်းသာရှိသည့်အတွက် ယခင်နှစ် ‌အောင်ချက် (၃၇.၆၀)ရာခိုင်နှုန်းထက် ‌အောင်ချက် ‌လျော့ကျ‌နေခဲ့သည်။