Home သတင်း KNLA တပ်မဟာ(၅)တွင် အစိုးရတပ်ဖွဲ့ဝင် နှစ်ဦး ‌မြေမြှုပ်မိုင်း နင်းမိပြီး တစ်ဦး‌သေ၊ တစ်ဦးဒဏ်ရာရရှိ

KNLA တပ်မဟာ(၅)တွင် အစိုးရတပ်ဖွဲ့ဝင် နှစ်ဦး ‌မြေမြှုပ်မိုင်း နင်းမိပြီး တစ်ဦး‌သေ၊ တစ်ဦးဒဏ်ရာရရှိ

1902

‌မေလ ၁၆ ရက်၊ ၂၀၁၆ ခုနှစ်။ ‌ကေအိုင်စီ

ကရင်ပြည်နယ်ရှိ ကရင်အမျိုးသားအစည်းအရုံး(KNU)၏ ကရင်အမျိုးသားလွတ်‌မြောက်‌ရေးတပ်မ‌တော်(KNLA) တပ်မဟာ(၅)ထိန်းချုပ်နယ်‌မြေ ဖာပွန်ခရိုင်၊ ဘူးသိုမြို့နယ် ‌ခေါပို့‌ဒေသတွင် ‌မေလ ၁၁ရက်‌နေ့က မြန်မာအစိုးရ တပ်မ‌တော် တပ်ဖွဲ့ဝင် နှစ်ဦး ‌မြေမြှုပ်မိုင်း နင်းမိပြီး တစ်ဦး‌သေဆုံးကာ တစ်ဦးဒဏ်ရာရှိခဲ့သည်ဟု သိရှိရသည်။

‌ခေါပို့‌ဒေသအတွင်းရှိ အစိုးရတပ်မ‌တော် ဖာပွန်အ‌ခြေစိုက် စစ်ဗျူဟာ လက်‌အောက်ခံ ‌ခြေလျင်တပ်ရင်း(ခလရ-၁၉)မှ ဗိုလ်ကြီး မင်းနိုင်ဦး‌ဆောင်သည့် တပ်ခွဲတစ်ခုသည် KNLA သတ်မှတ်နယ်‌မြေ ကိုက် ၁၅၀ဝ ‌ကျော်လွန်ပြီး သွားလာသည့်အတွက် တပ်သားဖြစ်သူ နှစ်ဦးမှာ ထိုသို့ ‌မြေမြှုပ်နင်းမိခဲ့ခြင်းဖြစ်သည်ဟု KNU ဘက်က ‌ပြောသည်။

ယင်းကိစ္စအ‌ပေါ် KNU ဖာပွန်ခရိုင် တွဲဖက်အတွင်း‌ရေးမှူး ပဒို ‌စောလွဲ‌ဂေက “သူတို့(အစိုးရတပ်‌တော်)‌တွေ သွားလို့ရတဲ့ လမ်းနံ‌ဘေးဧရိယာကို ကျ‌နော်တို့ သတ်မှတ်ပြီးသားဖြစ်ပါတယ်။ သတ်မှတ်ဧရိယာထက် ‌ကျော်လွန်တဲ့ ‌နေရာ‌တွေမှာ မိုင်း‌ဟောင်း‌တွေ ရှိ‌သေးတယ်။ ‌ကျော်လွန်သွားလာ မလုပ်တာ အ‌ကောင်းဆုံးပါ။ ဒီကိစ္စနဲ့ပတ်သက်ပြီး ဗဟိုရုံးကို ကျ‌နော်တို့ တင်ပြထားပါတယ်”ဟု ‌ကေအိုင်စီသို့ ‌ပြောသည်။

ထိုသို့ မိုင်းနင်းမိသည့် နှစ်ဦးအနက် အသက်မ‌သေဘဲ ဒဏ်ရာရရှိသူ တပ်သားမှာ ဘယ်‌ခြေ‌ထောက် ဒဏ်ရာဖြင့် ဖာပွန်‌ဆေးရုံသို့ ပို့‌ဆောင်ကာ လတ်တ‌လော ‌ဆေးကုသမှု ခံယူ‌နေသည်ဟု သိရပြီး ယခုကိစ္စနှင့် ပတ်သက်၍ ‌ကေအိုင်စီမှ သီးခြားအတည်ပြုနိုင်ရန် ဆက်လက်စုံစမ်းလျှက်ရှိသည်။

ပြီးခဲ့သည့် မတ်လ ၁ဝ ရက်‌နေ့ကလည်း KNLA တပ်မဟာ (၅)ရှိ ဘူးသိုမြို့နယ် ဘွားဒဲ‌ကျေးရွာအုပ်စုအတွင်းရှိ မဲ့‌ပေါ်မူကလိုး(‌ချောင်း)တွင် KNLA ကန့်သတ်နယ်‌မြေသို့ ‌ကျော်လွန်သွားလာသည့် အစိုးရတပ်မ‌တော် (ခမရ-၄၃၄)မှ ဒုတပ်ရင်းမှူးတစ်ဦး၊ တပ်ကြပ်တစ်ဦးနှင့် တပ်သားတစ်ဦးတို့ ‌မြေမြှုပ်မိုင်းထိ၍ ဒဏ်ရာရရှိခဲ့သည်။